Tuesday, May 7, 2013

ကံ ဆိုတာ အလုပ်

ကံ ဆိုတာ အလုပ်ကို ပြောတာပါ။အဲဒီ အလုပ်ဟာ သုံးမျိုးရှိပါတယ်။ (၁)ကိုယ်အလုပ်။(၂)နှုတ်အလုပ်။ (၃)စိတ်အလုပ် တို့ဖြစ်ပါတယ်။(၁)ကိုယ်အလုပ်ဆိုတာဟာ နေ့စဉ် စားဖို့ နေဖို့ ဝတ်ဖို့အတွက် ရုံးကန်ရှာဖွေနေတဲ့အခါ လက်နဲ့လုပ်တယ်။.ခြေနဲ့လုပ်တယ်။ပခုံနဲ့လုပ်တယ်။ ဒီကိုယ်ကာယနှင့် စပ်ပြီးလုပ်သမျှကို ကိုယ်အလုပ် ကာယကံလို့ ခေါ်ပါတယ်။(၂)နှုတ်အလုပ်ဆိုတာဟာ နေ့စဉ် ပါးစပ်က ပြောပြောနေသမျှတွေကို နှုတ်အလုပ်.. ဝစီကံလို့ ခေါ်ပါတယ်။(၃)စိတ်အလုပ်ဆိုတာဟာ စိတ်ဖြင့်.အာရုံကို ကြံစည်သမျှတွေကိုစိတ်အလုပ် မနောကံလို့ ခေါ်ပါတယ်။အဲဒီ အလုပ်သုံးမျိုးထဲမှာ တစ်ပါးတစ်ပါး စီမှာ ကောင်းတဲ့အလုပ်၊မကောင်းတဲ့အလုပ် ရယ်လို့ နှစ်မျိုးစီ နှစ်မျိုးစီ ထပ်ချဲ့နိုင်ပါတယ်။ ကောင်းတာလုပ်ရင်ကောင်းကျိုးရသလို.. မကောင်းတာလုပ်ရင်မကောင်းကျိုးရပါတယ်။ ကောင်းကျိုး မကောင်းကျိုးရခြင်းသည် မိမိ ဖန်တီး၍ယူသောကြောင့် ဖြစ်ပါသည်။တခြားမည်သူ တစ်ဦးတစ်ယောက်ကမ မဖန်တီးပေးပါ။ဥပမာ-သင်ကပေါ့ လူတစ်ယောက်ကို ပါးရိုက်တယ်။ပါးရိုက်ခံရသူက သင့်ကို ကြည်ဖြူနေမည်လော။မကြည်ဖြူခြင်း၏ အကြောင်းရှာသော် သင် ပါးရိုက်သော.ကိုယ်အလုပ် ကာယကံကြောင့် ဖြစ်ပါသည်။တစ်ဖက်သား နားဝင်ချိုအောင်ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ စကားကို သင်ပြောသော် တစ်ဖက်လူသည် သင့်အား ရိုင်းဆိုင်စွာဆက်ဆံမည် မဟုတ်ချေ။ထိုသို့ ရိုင်းစိုင်းစွာ မဆက်ဆံခြင်း၏အကြောင်းကို ရှာသည်ရှိသော် သင့်၏ နှုတ်အလုပ် ကောင်းသောကြောင့်ဖြစ်ပါသည်။ထိုကြောင့် ကိုယ်ကမကောင်းလျှင် မကောင်းကျိုးပြန်ခံစားရသလို.. ကိုယ်ကကောင်းအောင်လုပ်လျှင် ကောင်းကျိုးများ ပြန်လည်ခံစားရပါလိမ့်မည်။ဒါကြောင့် "ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်ပါစေ။ {Ashin.Parmaukkha.}


No comments:

Post a Comment