Sunday, May 12, 2013

မြတ်ဘုရားနှင့် လောကဓံ

မြတ်ဘုရားနှင့် လောကဓံ။ •••••••••••••••••••••••

မြတ်ဘုရားပင် လောကဓံတရားကို ရှောင်ရှားမရ တွေ့ရတယ်။


ပဉ္စသာလာမှာ ဆွမ်းခံမရလို့ ပီတိမျှနဲ့ ၀မ်းဝခဲ့တယ်။


ဝေရဉ္စမှာ ဆွမ်းခံမရလို့ ဂျုံကြမ်းမျှနဲ့ မျှတခဲ့တယ်။


နာဂမထေရ် လမ်းခွဲကြွလို့ ဗုဒ္ဓတစ်ပါးတည်းကျန်ဘူးတယ် ။


မေယိယမထေရ် လမ်းခွဲကြွလို့ ဗုဒ္ဓတစ်ပါးတည်းကျန်ဘူးတယ်။


ကောသမ္ဗိပြည်မှာ သံဃာကွဲလို့ ပလလဲတောမှာ ဧကစာကျင့်တယ်။


စိဉ္စမာ သုန္ဒရီ မာဂဏ္ဍီများက မုသားလုပ်ပြီးမမှန်စွပ်စွဲတယ်။


ဗုဒ္ဓမြတ်စွာ သည်းခံချေပလို့ နိန္ဒလောကဓံအောင်လံရတယ်။


ကျောအောင့်ခါးနာ ဘုရားမှာဆိုက်လို့ ဒေ၀ဒတ်မိုက်ကြောင့် သွေးစိမ်းတည်တယ်။


ဝေဠုဝရွာ နေစဉ်တွင်းက ထန်ပြင်းရောဂါဖြစ်သေးတယ်။


ပရိနိဗ္ဗာန် စံခါနီးမှာ ယိုစီးသွေးသွန် ၀မ်းနာသေးတယ်။


ထို ရောဂါများ ရှုမှတ်ပွား ဘုရားသည်းခံ ပယ်နိုင်တယ်။


အဲဒါကြောင့် နင်လားဟဲ့ လောကဓံ အောင်ပွဲခံ အောင်လံလွှင့်စို့ကွယ်။


(ညောင်ကန်အရှင်ဣန္ဒက)


No comments:

Post a Comment