Monday, May 20, 2013

ဤလယ်ကွင်း

“ဤလယ်ကွင်း”


လူတို့စားဖို့


စပါးစိုက်ခင်းဤလယ်ကွင်းကား


ဝင်းဝင်းလှည့်ဝါမြတ်သြဇာကို


ကမ္ဘာသို့ပေးသူလုပ်ကျွေးလည်း


ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။


လူတို့သွားဖို့


အလျားမှောက်ခင်းလမ်းကောက်စင်းကား


ဆင်မြင်းယာဉ်သာ စီးနင်းရာကို


ကမ္ဘာသို့ပေးသူလုပ်ကျွေးလည်း


ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။


ကျေးဇူးမဆို ဂုဏ်မလိုသည်


ကြည်ညိုဖွယ်ခင်းဤလယ်ကွင်း။


ကျေးဇူးမမျှော် ဂုဏ်မဖော်သည်


တော်ပါဘိခြင်း ဤလယ်ကွင်း။ ။


မင်းသုဝဏ်

ပန်းချီ U Saw Hlaing —


No comments:

Post a Comment