Wednesday, May 15, 2013

'ဆရာ'ဟူသည်

*အကောင်းအဆိုး ထိုနှစ်မျိုးကို ခွဲခြားပြသူ 'ဆရာ'ဟူ၏။


* မကောင်းတာရှောင်ကောင်းတာဆောင်ဖို့ ညွှန်ပြပေးသူ 'ဆရာ'ဟူ၏။


* အပူကင်းဝေးအမြဲအေးဖို့ ရှေ့ဆောင်ပြသူ 'ဆရာ'ဟူ၏။


* ကိုယ်ကျိုးမဖက် အများအတွက်သာ လုပ်ဆောင်ပေးသူ 'ဆရာ'ဟူ၏။


* အမှောင်ပိတ်သဲ ဘ၀ထဲ၌ မီးအိမ်ပေးသူ 'ဆရာ'ဟူ၏။


* ဘ၀ခရီးကြမ်းပန်းခင်းလမ်းသို့ ပြောင်းပေးနိုင်သူ 'ဆရာ'ဟူ၏။


* ကမ်းနှင့်ဝေးကွာ သမုဒ္ဒရာ၌ ကျွန်းတစ်ခုပေးသူ'ဆရာ'ဟူ၏။


* အနိမ့်မှသည် အမြင့်ဆီသို့ ပို့ဆောင်ပေးသူ 'ဆရာ'ဟူ၏။


* အခက်အခဲများစွာ အဖြေရှာဖို့ သတ္တိပေးသူ 'ဆရာ'ဟူ၏။


* အလှဆင်ထူးဥယျဉ်မှုးသို့ နှိုင်းယှဉ်အပ်သူ'ဆရာ'ဟူ၏။


"သိဿာနံ ဟိတံ အာစရတီတိ အာစရိယော"ကိုဖွဲ့ဆိုသည်။


No comments:

Post a Comment