Tuesday, May 7, 2013

တစ်ဦးနဲ့တစ်ဦး မရိုသေရင်

တစ်ဦးနဲ့တစ်ဦး မရိုသေရင် .............


ကောင်းတာ လုပ်နေသူကို ကောင်းကျိုးက ပေးနေတာပါပဲ ...။


မကောင်းတာ လုပ်နေသူကို မကောင်းကျိုးက ပေးနေတာပါပဲ ...။


တို့က သူများ အထင်ကြီးရုံမလုပ်ကြပါနဲ့ ၊ ရိုးသားပါစေ.....


ကိုယ်က ရိုးသားမှ ကိုယ့်ကိုလဲ သူတော်ကောင်းလို့ယူဆရမယ် .....


ကိုယ်က သူတော်ကောင်းတရားနဲ့ ပြည့်စုံနေမှ ကောင်းပါတယ် .....


သိကြားမင်း ဖြစ်ချင်ရင်လဲ မိဘကို လုပ်ကျွေးရတယ် ၊ ဆွေးမျိုးကို စောင့်ရှောက်ရတယ်၊ နူးညံ့တဲ့ စကားပြောရတယ် ၊ ရန်တိုက်မပေးရဘူး၊ ၀န်မတိုရဘူး ၊သစ္စာ ရှိရတယ် ၊ ဒေါသ မကြီးရဘူး...။


လောကကြီးမှာ တစ်ဦးကိုတစ်ဦး မရိုသေရင် ပျက်စီးရတာပဲ .....။


(အရှင် ဇနကာဘိဝံသ)


No comments:

Post a Comment