Tuesday, May 21, 2013

မေတ္တာဘာဝနာ အကျိုး (၁၁)ပါး

မေတ္တာဘာဝနာ အကျိုး (၁၁)ပါး


၁။ ကောင်းစွာ အိပ်ရခြင်း။ ၂။ ကောင်းစွာ နိုးရခြင်း။ ၃။ ကောင်းသောအိပ်မက်ကို မြင်မက်ရခြင်း။ ၄။ လူအများ ချစ်ခင်မြတ်နိုးခြင်း။ ၅။ နတ်တို့ ကောင်းစွာ စောင့်ရှောက်ခြင်း။ ၆။ နတ်တို့ ချစ်မြတ်နိုးခြင်း။ ၇။ မီး၊လက်နက်၊အဆိပ်စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း။ ၈။ စိတ်တည်ကြည်ခြင်း။ ၉။ မျက်နှာအဆင်းတင့်တယ်ခြင်း။ ၁၀။မတွေဝေခြင်း။ ၁၁။ဗြဟ္မာပြည်သို့ လားရခြင်း။


What are the eleven advantages of Metta ?


One sleeps Happy! One wakes Happy! One dreams no evil dreams! One is liked and loved by all human beings! One is liked and loved by all non-human beings too! One is Guarded & Protected by the divine Devas! One cannot be Harmed by Fire, Poison, or Weapons! One swiftly Attains the Concentration of Absorption! One’s appearance becomes Serene, Calm, & Composed! One dies without Confusion, Bewilderment, or Panic! One reappears after death on the Brahma level if one has penetrated to no higher level in this very life!


မေတ္တာဘာဝနာ အကျိုး ၁၁ ပါးလင်္ကာ


အိပ်ရချမ်းသာ ၊ ချမ်းသာစွာ နိုး၊ အိပ်မက်ဆိုးပျောက် ၊ စောင့်ရှောက်နတ်များ ၊ရင်ဝယ်သားသို့၊ လူများလည်းခင် ၊ နတ်လည်းခင်၏၊ မီးလျှင်မပူ ၊အဆိပ်ဟူလည်း ၊ ထို့တူပြေပျောက်၊ လက်နက်ရောက်လည်း၊ မပေါက်မဝင် ၊ ပြီးသလျှင်တည့် ၊ အစဉ်စိတ်တည် ၊မျက်နှာ ကြည်၍၊ သေသည်ကာလ၊ မတွေရရှင့် ၊သေက ဗြဟ္မာ ၊ ပြည်သို့သာလျှင်၊ လားရာဆယ့်တစ်မျိုး ၊ဤအကျိုး သည်၊ တန်ခိုးမေတ္တာ ပွါးမှုတည်း ။


No comments:

Post a Comment