Wednesday, May 1, 2013

“တို့ လယ်သမားဗုံထောက်သံ ”

“တို့ လယ်သမားဗုံထောက်သံ ”


စေတီတော် ဂူကျောင်း ဆည်မြောင်းက သက်သေ ပုဂံပြည့် ကျက်သရေ၊ တက်နေသို့ ပုံထား။ ပြည်ထောင်စု ရာဇ၀င်မှာ စာသဘင် ကျူးတဲ့စကား။


နော်ရထာ မင်းကျန်စစ်၊အုတ်မြစ်ချအခြေခံ။ စပါးနှင့် တရားမှန်၊ပုဂံရဲ့အင်အား။ စပါးနှင့် တရားမင်အောင် တို့ ခေတ်တွင် ကြိုးကြစို့လား။


ငကျွဲနှင့်ဧည့်မထ၊မှည့်အမျှ ရွှေငွေ။ ဟဲ့အလှ မယ်မေရယ်၊ လယ်မြေနှံ့  ဖြန့်ကြဲ။ စိုက်ကြစို့ ဘာမဖြုံတယ်၊ ရတနာပုံ ဆိုက်ဖို့ မလွဲ။


ဓားစက်ပျံ ထွန်သွားတဲ့၊ ကြားပါစ ကိုဖိုးထယ်။ ကြားပါရဲ့ ရွှေမေရယ်၊ဖိုးထယ်တို့  ဥာဏ်မဝေး။ မနှစ်က တို့ များလယ်မှာ တွင်ကျယ်တယ် ဓားစက်ကြောင့်လေး။


တာတမံ လယ်ကန်သင်း၊ ရေတွင်းနှင့် ရေကန်။ 'မြေကျေး'က ငွေနှင့် ဥာဏ်၊ ယူရန်ပါ့ သူပေး။ လယ်သမားလုပ်အားပါအောင် စေတနာ တွဲကြစို့ လေး။


အောက်ရပ်မြေရေချိုပိုင်း တိုင်းပြည်သိ ကြွေးကြော်။ သုံးသီးစိုက် သိုက်စာပေါ် မြတ်ဘိုးတော် ဥာဏ်ပဲ။ စပါးနှင့် ဂုန်လျှော်ပင် ဆောင်းအ၀င် သီးလိမ့် မြေပဲ။


ရေလိမ်ရွာ မဲဇလီချောင်း နှစ်ဟောင်းမှ မကုန်ခင်။ ရှိန်ကြီးနှင့် ကိုရွှေတင်ရယ်၊ ဘာ ထွင်ကြတာလဲ။ ရေစက်နှင့် ရေချိုတင် ဂုန်လျှော်ပင် စိုက်မယ်လို့ ခဲ။


ဆည်မြောင်းရေ သွင်သွင်စီး နှစ်သီးလောက် စိုက်မယ်ရှင်။ ဘိုကိတ်နှင့် နံနံပင်၊နှမ်းလျင်နှင့် ကုလားပဲ။ ရွေးချင်ဘု ရှင်ဘုတ်ဆုံရယ် ဂျုံပင်ပါ ကောင်းတက်သည်ပဲ။


မြစ်ဧရာ ရေစခန်း၊စိမ့်စိမ်းနှင့် ချောင်းသွယ်သွယ်။ ရေစက်နှင့် ရေကိုသယ်၊ ဘယ်လယ်မှ ရေမရှား။ 'မြေကျေး'က ရေပေးဝေမယ် ခေါင်ပါစေ မိုးရွာမှလား။ ချည်မျှင်ရှည်ဝါကို ရလျှင်လှ တစ်ဧက တွက်စမ်းကွယ်။ ခက်ပါဘုစရိတ်ဖယ်လျှင်၊ရာ့သုံးဆယ် ငွေသား။ အိတ်ကပ်ထဲ အသားတင် ကျန်မယ် ဆဆယ်ပြန် စိုက်ကြစို့ လား။


ရှမ်းကချင် ကရင်တစ်လွှား ကယားနှင့် ချင်းနယ်တွင် ပြည်ထောင်စု တောင်တန်းတစ်ခွင် လမ်းစဉ်နှင့် လုပ်အား။ စိုက်သမျှအသီးအနှံရယ် မိုးယံမှာ မိုးကြယ်ထက်များ။


ကာဖီခြံ လက်ဖက်တွဲ၊ မြေပဲနှင့် ကြံပင်။ တိုးချဲ့ လို့  စိုက်လိုက်လျှင် တောတစ်ခွင်တောင်တစ်လွှား။ စားနေ၀တ် အရာရာမှာ၊သူမသာ မြို့ နှင့်မခြား။


လိမ္မော်ခြံ ထောင်းသောင်း တောင်စောင်းနှင့်တောင်စွယ်။ ယန္တရားညှစ်စက်တည်မယ်။ ချင်းတောင်နယ်စခန်း။ 'မြေကျေး'ရဲ့ အကြံအောင်လျှင် တစ်ပြည်ထောင် သုံးလို့  ရွှင်လန်း။ တောပင်ကို တော်တော်ခုတ်ကြပါ့ တောပြုတ်လိမ့် နောက်နောင်။ တောခုတ်လို့  တောပြောင်၊မိုးခေါင်တော့မှာပဲ။ မိုးခေါင်လို့  ရေမကြွယ်၊ သဲပင်လယ် ဖြစ်လိမ့်မလွဲ။


ပုဂံနယ် ပုပ္ပားတဲ့၊ကြားပါစ ရှင်ဘုတ်ဆုံ။ ဆေးသစ်မြစ် သီးပွင်စုံ၊ ရဂုံမြင့် သာမော၊ ထင်းခုတ်ကြ မဆင်ခြင် တောသစ်ပင်ပြုန်းလုပါပကော။


ပုပ္ပားမောင် တောင်ကတုံး သျှောင်ထုံးစို့  ကွယ်တို့ ရယ်။ ထုံးလှလှမြကေသွယ်၊ ချယ်ရီနှင့် သဖန်း။ သီးမျိုးနှင့် ပွင့်မျိုးမကျန်အောင် နှစ်ခါပြန် စိုက်လိုက်ကြစမ်း။ ။


ဇော်ဂျီ ပန်းချီ WPM —


No comments:

Post a Comment