Tuesday, May 21, 2013

ကာလာမသုတ်မှာ မြတ်စွာဘုရားကဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်းလို့ ဟောထားတယ်။ မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။

ကာလာမသုတ်မှာ မြတ်စွာဘုရားကဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်းလို့ ဟောထားတယ်။ မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။


ဘ၀ခရီးလျှောက်တဲ့အခါမှာ သံသယဖြစ်စရာတြွေ ကုံလို့ရှိရင် သေချာတဲ့ လမ်းကနေ ရွေးချယ်ပြီးတော့လျှောက်လို့ ဟောထားတယ်။


အဲ့ဒီတော့ ဘ၀မှာ ဘာမှ စနိုးစနှောင့် ဖြစ်နေစရာလည်း မလိုဘူး။ အခု မြတ်စွာဘုရားခင်းပြီးတော့ ပေးထားတဲ့ သြ၀ါဒလမ်းကြောင်းအတိုင်း လျှောက်လို့ရှိရင်အေး ငါဟာ ငရဲကြီးသလား၊ ငရဲမကြီးဘူးလား၊ဒါဟာ လုပ်ကောင်းသလား၊မလုပ်ကောင်းဘူး လား၊ မေးစရာ ဘာမှမလိုတော့ဘူး။ဟုတ်တယ်မို့လား။ အပြစ်ရှိတယ်ဆိုရင် မလုပ်ကောင်းဘူး။မလုပ်ရဘူး။


ကြည့်လေလောဘ ဒေါသ မောဟနဲ့ ဆိုရင်မကောင်းဘူး။ အလောဘ အဒေါသ အမောဟနဲ့ဆိုရင် ကောင်းတယ်။


လုပ် ကောင်းမလုပ်ကောင်းကအဲ့ဒီလိုရှိနေပြီသား။ သဘာဝအတိုင်းမြတ်စွာဘုရားဟောတာ၊သဘာဝကို ဟောတာ၊ မီးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀တုန်းကလည်း ပူတာပဲ။ဒီကနေ့လည်းပူတာပဲ နောင်လည်းပူဦးမှာပဲ။ ဘယ်သူကိုင်ကိုင် မီးကတော့ လောင်မှာပဲ ပူစေမှာပဲ။


မြတ်စွာဘုရားဟောတဲ့ ဓမ္မဆိုတာ သဘာဝတရား (the law ofnature)ဖြစ်တယ်။ဘယ်သူမှပြောင်းလဲပစ်လို့ မရဘူး။ သဘာဝတရားကို မြတ်စွာဘုရားက တွေ့တာ (discover) ဖန်ဆင်းတာ မဟုတ်ဘူး။


သဘာဝတရားကို သိမြင်တာ၊ တွေ့ရှိတာသာ ဖြစ်တယ်။ မြတ်စွာဘုရားက မိမိရဲ့ တွေ့ရှိချက်တွေကိုဘုန်းကြီးတို့ တစ်တွေ လိုက်နာကျင့်သုံးဖို့ကာလာမသုတ်မှာ ဟောတော်မူထားတာ ဖြစ်ပါတယ်။


ဒေါက်တာ နန္ဒမာလာဘိဝံသ


No comments:

Post a Comment