Monday, May 20, 2013

ဤမိသားစု

“ဤမိသားစု”


ညနေဆည်းဆာ ၊ နေ၀င်လာ၍ တံငါလှေများ ၊လှိုင်းလေကြားဝယ် ငါးကိုဆောင်ငင် ၊ပိုက်ကိုတင်၍ ခုပင် အိမ်ပြန်လာကြပြီ ။


တံငါအများ၊ ပြန်လာငြားလည်း သားလှတစ် ယောက် ၊ လူပျိုပေါက်လျှင် ရောက်မလာသေး ၊ မပြန်သေး ။


ခါတိုင်းဆိုလျှင်၊ ဖခင်တံငါ၊ သူငါးရှာ၍ သည်းချာဖေ့သား၊ ကျောင်းသို့သွားလည်း ခုကားခမျာ ၊ ဖဖျားနာ၍ ၀မ်းစာအတွက် ၊ သားလှတွက်တာ လှိုင်းပြတ်မြစ်ပြင် ၊ ပိုက်ရေးငင်၍ သူလျှင် ငါးဖမ်းထွက်သတဲ့ ။


တဲအိမ်တွင်းမှာ ၊ ရောဂါခံစား၊ ချစ်လင်သားတွက် မယားတံငါ ၊ ငန်းဆေးဝါကို ညင်သာတိုက်ကျွေး၊ ကုသပေးရင်း လူလေးအိမ်ပြန် ၊ရောက်ချိန်တန်မို့ ပူပန် မျှော်စောင့် နေရှာ၏ ။


အချိန်ကြာ၍ ဆည်းဆာမတည် ၊မှိုင်းညို့ရီကာ နေသည်ကွယ်မြှပ် _ညမိုးချုပ် ။


အိပ်တန်းတတ်ပြန်၊ ကျေးငှက်သံလည်း ဆူညံရာမှ _ငြိမ်ဆိတ်ကြ ။


ဟောင်းနွမ်းညစ်ပေ၊ မှိုင်းဝေေ၀နှင့် ရေနံမီးခွက် _ တလက်လက် ။


အသင့်ပြင်ထား၊ ထမင်းများလည်း စားသူမျှော်လျက်_ အေးစက်စက် ။


မိနှင့် ဖလည်း သားလှကိုသာ ၊စောင့်မျှော်ရာမှ ပူဆာရင်တွင်း၊ စိုးရိမ်ခြင်းဖြင့် သက်ပြင်းကိုချ_ တ တတ ။


ထိုရော်ကာလ ၊တဲအိမ်ဝမှ " အိုဗျ အဖေ၊ အို အမေတို့ ငါးတွေများစွ ၊ သားဖမ်းရ " ဟု သားလှမြည်တမ်း၊ ငါးတောင်းထမ်းလျက် အားစွမ်းမာန်ပြည့်၊ ရောက်လာဘိသော် မိနှင့်ဖတို့ _မျက်ရည်စို့ ။


မင်းယုဝေ (မင်္ဂလာမောင်မယ်ရုပ်စုံ မဂ္ဂဖင်း ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ )


No comments:

Post a Comment