Sunday, May 5, 2013

သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး

***** သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး*****


သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး


ပါဠိ


သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။


ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။


အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊အနန္တာ နိဗ္ဗူတာ ဇိနာ။


တေသံ ဓမ္မဉ္စ သံဃဉ္စ၊အာဒရေနနမာမဟံ။


နမက္ကာရာနုဘာဝေန၊ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။


အနေကာအန္တရာယာပိ၊၀ိနဿန္တု အသေသတော။


အနက်


အဋ္ဌ၀ီသံ ။ ။သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိတ်နှင့်နှစ်ကျိပ်ရှစ်ဆူကုန်သော၊


သမ္ဗုဒ္ဓေ စ ။ ။တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊


ဒွါဒသဉ္စ သဟဿကေ ။ ။နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊


သမ္ဗုဒ္ဓေစ ။ ။လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊


ပဉ္စသတ သဟဿာနိ ။ ။သောင်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်းငါးသိန်းကုန်သော၊


သမ္ဗုဒ္ဓေစ ။ ။နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း၊


အဟံ ။ ။အကျွန်ုပ်သည်၊


သိ၇သာ ။ ။ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊


နမာမိ ။ ။ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏။


ဂင်္ဂါ-ဂင်္ဂါယ။ ။ဂင်္ဂါမြစ်အတွင်း၌၊


ဝါဠုကာ ။ ။ရှိကြကုန်သော သဲတို့သည်၊


အပ္ပကာ ။ ။နည်းကြကုန်သေး၏၊


နိဗ္ဗုတာ။ ။ဘုံဇာတ်သိမ်း၍ငြိမ်းအေးတော်မူကြကုန်ပြီးသော၊


ဇိနာ ။ ။နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင် အပေါင်းတို့ကား၊


အနန္တာ ။ ။သင်္ချာဂဏန်း ရေတွက်မှန်းလည်းဆုံးခန်းတိုင်ြေ မာက် မရောက်နိုင်ကြကုန်။


တေ ဇိနေစ ။ ။ထိုဘုရားရှင်တို့ကိုလည်းကောင်း၊


တေသံ ။ ။ထိုငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ကုန်သော ဘုရားရှင်၊မရေတွက်နိုင်သောဘုရားရှင်တို့၏၊


ဓမ္မဉ္စ ။ ။တရားတော်မြတ်တို့ကိုလည်းကောင်း၊


သံဃဉ္စ ။ ။တပည့်သား သံဃာတော်မြတ်တို့ကို လည်းကောင်း၊


အဟံ ။ ။အကျွန်ုပ်သည်၊


အာဒရေန-အာဒရံ ။ ။ရိုသေစွာ၊


နမာမိ ။ ။ရှိခိုးပါ၏။


နမက္ကာရာ နုဘာဝေန။ ။ဤသို့ ရှိခိုးပူဇော်ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့်၊


သဗ္ဗေ ။ ။ခပ်သိမ်းကုန်သော၊


ဥပဒ္ဒဝေ ။ ။ဘေးရန်တို့ကို၊


ဟိတွာ ။ ။ပယ်ဖျောက်၍၊


အနေကာအန္တရာယာပိ ။။တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊


အသေသတော ။ ။အကြွင်းအကျန် မရှိသောအားဖြင့်၊


ဝိနဿန္တု ။။ပျောက်ပျက်ပါစေကုန်သတည်း။ ။


`သမ္ဗုဒ္ဓေဂါထာ´ ဟုဆိုလျှင် ဗုဒ္ဓဘာသာဝင်များ မကြားဖူးသူမရှိသလောက် ရှားပါလိမ့်မည်။ခရီးသွားရာတွင်လ ည်းကောင်း၊ဘေးဒုက္ခနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်းကောင်း၊ ဘေးဥပါဒ်ကင်းရှင်းစေရန် ရည်သန်၍ `သမ္ဗုဒ္ဓေဂါထာ´ ကို အမြဲတမ်းရွတ်ဖတ်သရဇ္ဈယ်ကြပါသည်။ သို့သော် အထက်ပါဂါထာသည် သမ္ဗုဒ္ဓေ(၅)မျိုးအနက် တစ်မျိုးသော `တောင်ကျွန်းသမ္ဗုဒ္ဓေဂါထာ´သာဖြစ်ပါသည်။ ကျန်သည့်(၄)မျိုးမှာ နတ်ဝှက်ထား၍ကျွန်ုပ်တို့ မသိခဲ့ရပါ။ နတ်ဝှက်ထားရာမှ မည်ကဲ့သို့ ပေါ်ပေါက်ခဲ့ရပါသလဲဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကမြန်မာသြ၀ါဒစရိယအဖွဲ့ဝင် ထီးချိုင့်ဆရာတော်ဘုရားသည် မိုးညှင်းအရှေ့ကျောင်းသို့ ရောက်ခဲ့၏။ထိုစဉ်က မိုးညှင်းအရှေ့ကျောင်းမှာ ကျောင်းအဆောက်အဦးနှင့် မတူဟုပင် ဆိုရလောက်အောင် အလွန်ပင်ညံ့လှပါသည်။တည်တောဆရာတော်ဘုရားကြီးသည် လွန်ခဲ့သော(၁၀)နှစ်ခန့်က ဒုတိယအခေါက် မိုးညှင်းအရှေ့ေ ကျာင်းသို့ ရောက်ပြန်ပါသည်။ကျောင်းတိုက်တာအ ဆောက်အဦးမှာ`မိုးညှင်းအရှေ့ကျောင်း´ ဟုတ်ပါလေစဟု ထင်မှားလောက်အောင် အံ့မခန်းထည်ဝါခန့်ငြား စည်ကားတိုးတက်နေသည်ကိုတွေ့ရ၍ ဆရာတော်ဘုရားကြီးသည် မိုးညှင်းအရှေ့ကျောင်းဘုန်းကြီးအားမေးမြန်းကြည့်ပါ သည်။ထိုအခါ `ရှေးက ရဟန်းတစ်ပါးတောထဲမှာ ဓုတင်များတည်ဆောက်ပြီးတရားအားထုတ် သီတင်းသုံးနေပါတဲ့ဘုရား၊တောရကျောင်းဆိုတော့ ကျောင်းအဆောက်အဦးကလည်း ကျောင်းလို့ခေါ်ရန် အတော်ညံ့ပါတယ်ဘုရား၊ထိုရဟန်းရဲ့ သီလ၊သမာဓိဂုဏ်ကိ ကြည်ညိုသော အနားမှာရှိတဲ့ ရုက္ခစိုးနတ်က `ကိုယ်တော်ရွတ်တဲ့ သမ္ဗုဒ္ဓေက တောင်ကျွန်း သမ္ဗုဒ္ဓေ ပဲ၊ သမ္ဗုဒ္ဓေက (၅)မျိုးရှိတယ်။နတ်ဝှက်ထားလို့ တစ်မျိုးသာ သိ ကြတယ်´ လို့ လျှောက်ထားပါတယ်။ရုက္ခစိုးက သမ္ဗုဒ္ဓေဂါထာ(၅)မျိုးကို တောရကျောင်းရဟန်းတော်အား ပေးပါသတဲ့။တပည့်တော် ဒီသမ္ဗုဒ္ဓေ(၅)မျိုး မှတ်ထားတာ တွေ့ရလို့ ရွတ်တာနဲ့ တပည့်တော် ကျောင်းအဆောက်အဦများ တိုးတက်စည်ပင်လာခြင်းဖြစ်ပါတယ်ဘုရားဟု မိုးညှင်း အရှေ့ကျောင်း ဘုန်းတော်ကြီးကထီးချိုင့်တည်တော ဆရာတော်ကြီးအား ပြန်လည် လျှောက်တင်ထားပါသည်။


ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာယာ ဘုန်းတော်ကြီးကျောင်းမှာ နှစ်ကာလရှည်ကြာ၍ဟောင်းနွမ်းပျက်စီးနေ၍ ကျောင်းသစ်ပြန်ဆောက်ရန်(၂)နှစ်ကျော်သော်လည်း အပြီးမသတ်နိုင်ပဲ ဖြစ်နေခဲ့ပါသည်။ထီးချိုင့်တည်တောဆရာတော်ကြီးက ညောင်ပင်သာဘုန်းကြီးအားနတ်ပေးသော သမ္ဗုဒ္ဓေ(၅)မျိုးကို ရေးပေး၍ အမြဲရွတ်ဖတ်စေသည်။ ညောင်ပင်သာဘုန်းကြီးကလည်းယုံကြည်သော သဒ္ဓါတရားဖြင့် အမြဲရွတ်ဖတ်ရာ ကျောင်းကြီးမှာ ချောချောမောမောနှင့်ပင် ပြီးစီးအောင်မြင်သွားပါသည် ။


ထို့ကြောင့် လူသိနည်းသော နတ်ပေးသည့်သမ္ဗုဒ္ဓေ(၅)မျိုးအား ယုံကြည်စွာ မပြတ်ရွတ်ဖတ်ပူဇော်ကြ၍အံ့မခန်း အကျိုးထူးရကြပါစေကြောင်းစေတနာမေတ္တာအရင်းခံဖြင့် တင်ပြအပ်ပါသည်။


နတ်ချစ် လူချစ် စီးပွားဖြစ်ဖို့ အောင် သမ္ဗုဒ္ဓေကြီး


သမ္ဗုဒ္ဓေ၊ အဋ္ဌ၀ီသတိ၊ မမ ဂစ္ဆတိ၊ပုရတော ပဉ္စဗုဒ္ဓါ၊ မဟာတေဇော မမသီသေနိ၊ သေသတိ ဒိဗ္ဗတီတံ၊မာရက္ခန္တု မေဇယ မင်္ဂလံ၊ အဂ္ဂံ သဗ္ဗေပိမေ နမဿမိ ဂုဏေ အာပတ္တိပုဂ္ဂလေ၊ အရိယနဉ္စ သဗ္ဗသံ သာဝကာနဉ္စ၊သဗ္ဗသော။


ကျန်းမာ ချမ်းသာ ကျက်သရေတိုးဖို့ တောင်ကျွန်းသမ္ဗုဒ္ဓေ္ဓ


သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။


ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။


အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊အနန္တာ နိဗ္ဗူတာ ဇိနာ။


တေသံ ဓမ္မဉ္စ သံဃဉ္စ၊အာဒရေနနမာမဟံ။


နမက္ကာရာနုဘာဝေန၊ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။


အနေကာအန္တရာယာပိ၊၀ိနဿန္တု အသေသတော။


လောကီလောကုတ် ချမ်းသာတိုးဖို့ အနောက်ကျွန်းသမ္ဗုဒ္ဓေ္ဓ္ဓ


သမ္ဗုဒ္ဓေ၊ အဋ္ဌ၀ီသဉ္စ၊ ဒွါဝီသဉ္စ၊ ဣမေဗုဒ္ဓါ ဧကတိံသ၊သဗ္ဗေဗုဒ္ဓါ၊ ဒွတ္တိံသစ၊မဟာဗုဒ္ဓါ၊ ပဉ္စ၀ီသာ၊ဗုဒ္ဓါနေတ္တိ၊ တေတ္တိံသ၊ဗုဒ္ဓဘာဝနာ ဧတေနဗုဒ္ဓ ဂုဏေန၊ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန၊နမာမဟံ နမက္ကာရာ၊နုဘာဝေနဟိတွာ၊ သဗ္ဗေ ဥပ္ပဒ္ဒဝေ၊ အနေကာ အန္တရာယာပိ၊ ၀ိနာဿန္တု၊အသေသတော။


ရန်တုံ့ကင်းဝေး ချစ်ခြင်းစန်းလာဘ် ဖြိုးဝေဖို့ မြောက်ကျွန်း သမ္ဗုဒ္ဓေ္ဓ


သမ္ဗုဒ္ဓေ၊ အဋ္ဌ၀ီသဉ္စ၊ ပဉ္စဿတ၊သဟသာနိ၊ ဒွါဒသဉ္စ၊ သဟဿကေ၊ ဂင်္ဂါယံ ၀ါဠုကာ၊သုဏ္ဏေ၊ ပရာဇိတာ၊ မဟာပုလ္လေ၊ နမာမိ၊ သိရသာမဟံ၊ တေသံ ဓမ္မဉ္စ၊ သံဃဉ္စ၊ အာဒရေန နမာမဟံ၊ နမက္ကာရာ၊ နုဘာဝေန၊ ဟိတွာ သဗ္ဗေ၊ဥပ္ပဒ္ဒေဝေ၊ အနေကာ၊ အန္တရာယာပိ၊ ၀ိနာဿန္တု၊အသေတတော။


အန္တရာယ်ကင်းကြီးပွားဖြစ်ဖို့ -အရှေ့ကျွန်းသမ္ဗုဒ္ဓေ


သမ္ဗုဒ္ဓေ၊ အဋ္ဌ၀ီသဉ္စ သဗ္ဗတေဇံ၊သဗ္ဗဂုဏံ သဗ္ဗသုခံ၊လဘတုမေ၊ ဆရ၀ီ ဆာရံ၊ ဆရီစ၊ ဆာယံ ပဉ္စဗုဒ္ဓါ၊ မဟာတေဇံ သဗ္ဗညုတ၊ ဥာဏ၀ရံ သဗ္ဗ သတ္တရု၊သဗ္ဗဘယံ ၀ိနာသန္တု၊အသေသတော။ —


No comments:

Post a Comment