Monday, May 20, 2013

“ကမ္ဘောဇသို့ ''

“ကမ္ဘောဇသို့ ”


တက်ခဲ့လို့ ခေါ် မော်မြေမြင့် တောင်တန်း။ ဘယ်ကွေ့ ညာခွေနဲ့  တက်တိုင်းလေ လိပ်ခွေကောက် တောတောင်ပေါက်လမ်း။


တက်ခဲ့လို့ ခေါ် စွယ်တော်ပွင့် တောင်ပန်း။ သီပေါ ဟော်အိုအိုနဲ့  ဘော်ကြို စေတီထွတ် ဦးညွှတ်တဲ့လမ်း။


တက်ခဲ့ပေါ့နော် စွယ်တော်နှင့် တောင်တန်း။ တက်တိုင်းရွှင်ပျော်ပျော်နဲ့  သက်တိုင်းရွှင်ပျော်ပျော်နဲ့  တစ်တောင်ကျော် တစ်တောင်ကူး ဦးညွှတ်လို့  လှမ်း။


တပေါင်းလ ပွဲတော်ခါ ဘော်ကြိုမှာ ပျော်လိုဇောနဲ့  တောတောင်နှံ့ လား။ ကချင်မယ် လွယ်ပလိုင်းနဲ့  သင်တိုင်းက နီပြာပြာ ပါလေရဲ့ ပန်းပွား။ မော်ရှမ်းတောင်သူနဲ့  ပလောင်သူ နုရွှေပါး နှင်းဆီတဲ့လား။


ကိုကချင် ဖော်တသင်းနဲ့  မော့်နှင်းဆီ့ မယ်သော်မှော် တောင်းဆုပန်သော်။ ရင်ပြင်ပေါ်၊ စွယ်တော်နဲ့  အနန်း။ နောင်လဲ မော်မြေသူနဲ့  အတူတူ စေတီဦးမှာ ဖူးခဲ့ရွှင်လန်း။ ။


ဇော်ဂျီ


No comments:

Post a Comment