Sunday, May 12, 2013

ဒေါက်တာသန်းထွန်း

ဒေါက်တာသန်းထွန်း

==========

မြန်မာ့သမိုင်း နှင့် ယဉ်ကျေးမှု အတွက် အမှန်တကယ် အလုပ်လုပ် ပြီး ကျေးဇူးပြူခဲ့တဲ့ ပညာရှင် (မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား)တွေရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းကို စုစည်းဖော်ပြ ချင်ပါတယ်။နိုဝင်ဘာ ၃၀ ၂၀၀၉ မှာ ကွယ်လွန် သွားခဲ့တာ ၄ နှစ်ပြည့် သွားပြီဖြစ်တဲ့ ဒေါက်တာသန်းထွန်းရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်း ကို စတင်ဖော်ပြလိုပါတယ်။။.


ဒေါက်တာ သန်းထွန်း (၁၉၂၃-၂၀၀၅)


၁၉၂၃ ဧပြီ ၆ သောကြာနေ့တွင် အဖ ဦးဘိုးတွေ အမိ ဒေါ်သင်တို့မှ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ၊ငါးသိုင်းချောင်းမြို့ ၊ ဒေါင့်ကြီးရွာ၌ ဖွားမြင်သည်။ မွေးချင်းငါးယောက်တွင် ဒုတိယမြောက်ဖြစ်၍အမည်ရင်းသန်းထွန်း ။


၁၉၃၈ မတ်တွင် ငါးသိုင်းချောင်းအမျိုးသားအထက်တန်းကျောင်းမှ ဟိုက်စကူးဖိုင်နယ် စာမေးပွဲ အောင်မြင်။


၁၉၃၉ ဩဂုတ်လတွင် ရန်ကုန် ယူနီဘာစီတီ၌ စတင်ပညာသင်။


၁၉၄၁ မတ်တွင် အိုင်အေ (ဝိဇ္ဇာ အောက်တန်း) အောင် ။


၁၉၄၂ ဂျပန်ခေတ်တွင် ဖခင်၏တိုက်တွန်းမှုဖြင့် ငါးသိုင်းချောင်းဘုရားကြီးတိုက်ဦးဉာဏိဿရထံ၌ဇာတာဖွဲ့နည်း ၊ ပြက္ခဒိန်လုပ်နည်း၊ နေကြတ် ၊လကြတ် ၊အာယုဒါယတို့ သင်သည်။သင်္ကြန်စာရေးသား၍အစိုးရထုတ်ဝေခွင့်ရအပြီး ပုံနှိပ်ချိန်တွင် ဗုံးကျသည့်အထဲပါသွားသည်။


၁၉၄၃ ငါးသိုင်းချောင်းအာရှလူငယ် အတွင်းရေးမှူး။


၁၉၄၅ ငါးသိုင်းချောင်းဖ -ဆ -ပ -လ ၏ပထမဦးဆုံး ဥက္ကဋ္ဌ။


၁၉၄၆ မတ်တွင် ဝိဇ္ဇာဘွဲ့။ ဇွန် ၁ တွင် ရကုန်တက္ကသိုလ် သမိုင်းဌာန၌ အချိန်ပိုင်းနည်းပြ၊ဝိဇ္ဇာဂုဏ်ထူးတန်းကို ဆက်လက် တက်ရောက်။


၁၉၄၇ မတ်တွင် ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့။ ဇွန် ၁ တွင် အချိန်ပြည့်နည်းပြ။


၁၉၄၈ အောက်တိုဘာ ၁၉ တွင် ငါးသိုင်းချောင်း၊ ကွမ်းယာရွာမှ ဦးဘိုးမြိုင် ၊ ဒေါ်မြ တို့၏ သမီး ဒေါ်ခင်ရီ နှင့် လက်ထပ်။


၁၉၅၀ မတ်တွင် သမိုင်းမဟာ ဝိဇ္ဇာ ဘွဲ့။ဇွန် ၁၀တွင် လက်ထောက် ကထိက။


၁၉၅၁ ဥပဒေ သင်တန်းတက်။


၁၉၅၂-၁၉၅၆ ဥပဒေဘွဲ့။ကိုလံဘို စီမံကိန်းဖြင့် အမေရိကန်နိုင်ငံ ကော်နဲလ် တက္ကသိုလ် ( Cornnell University )ပညာသင်ဆုရ။ အစိုးရပညာသင် အဖြစ်လည်း အရွေးချယ်ခံရ၍မိမိဆန္ဒဖြင့် လန်ဒန် တက္ကသိုလ်ကို ရွေးချယ်ခဲ့။အောက်တိုဘာမှ ၁၉၅၆ ဇန်နဝါရီ အထိ လန်ဒန် တက္ကသိုလ် တွင် ပါရဂူဘွဲ့သင်တန်းတက်။ပါမောက္ခ လုစ် ၏ တိုက်တွင်းမှုဖြင့်" ပုဂံခေတ် သာသနာဝင် "Buddhist Church Pagan Period " စာတမ်းကို တင်သွင်း၍ Ph. D, ဘွဲ့ရ။စာတမ်းကြီးကြပ်သူမှာ ပါမောက္ခ ဟောဖြစ်ပြီး ယင်းစာတမ်း အတွက် ဘီစီလော ဆုရ။


၁၉၅၆ မေ ၁ တွင် ရန်ကုန်ပြန်ရောက်။ဇွန် ၁၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ၊ မြန်မာနိုင်ငံ သုတေသနအသင်းရာသက်ပန် အသင်းဝင်။ နိုဝင်ဘာ ၃ တွင် တပ်မတော် မော်ကွန်းတိုက်၌ သုတေသန အရာရှိချုပ် နှင့် အယ်ဒီတာချုပ်။


၁၉၅၇ ဇန်နဝါရီ ၈ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ၌ လက်ထောက် ကထိက။


၁၉၅၈ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန အနောက်တိုင်းရာဇဝင် ကထိက။


၁၉၆၀ နိုဝင်ဘာ ၅ တွင် အရှေ့တိုင်း သမိုင်းကထိက။


၁၉၅၈-၆၁မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် အယ်ဒီတာ။


၁၉၅၉-၆၁မြန်မာ့သမိုင်း ကော်မရှင်က ထုတ်ဝေသော သမိုင်းတံခွန် ဂျာနယ်တွင် တွဲဖက် အယ်ဒီတာ။


၁၉၆၅-၈၂အောက်တိုဘာ ၁ တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနှ ပါမောက္ခ။


၁၉၈၂ စက်တင်ဘာ ၁၇တွင် ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်၊ အရှေ့ တောင် အာရှ ဌာနတွင် သုတေသန ပညာရှင်အဖြစ် အမှုထမ်။


၁၉၈၃ ဧပြီ ၆ တွင် သက်ပြည့် အငြိမ်းစားယူ။အောက်တိုဘာ ၁ တွင် တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ် အာရှနှင့် အာဖရိက ဘာသာစကားနှင့် ယဉ်ကျေးမှုလေ့လာရေးဌာနတွင် သုတေသန ပညာရှင်။အင်ဒို တရုတ် ဌာန မြန်မာဘာသာစကားဧည့်ပါမောက္ခ။


၁၉၈၇ ဇန်နဝါရီ ၁ တွင် အမေရိကန် နိုင်ငံ မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ် သမိုင်းဌာန ဧည့်ပါမောက္ခ။


၁၉၈၈ ဇန်နဝါရီ ၁ တွင် မြန်မာနိုင်ငံ သမိုင်းလေ့လာရေး အတွက် ပြူစုခဲ့သော မြန်မာနိုင်ငံ အမိန့်တော်များ၊ အေဒီ ၁၅၉၈-၁၈၈၅ TheRoyal Ordersof Burma A.D 1598-1885 (ROB 10 Vols.)အတွက် လန်ဒန် တက္ကသိုလ် က D.Lit.,ဘွဲ့ ချီးမြှင့်။ မြန်မာနိုင်ငံ အမိန့်တော်များ ၁၀တွဲကို ၁၉၈၃-၉၀ ပြည့်နှစ် အတွင်း ဂျပန်နိုင်ငံ တိုယိုတာဖောင်ဒေးရှင်းမှ တာဝန်ယူ ပုံနှိပ် ထုတ်ဝေ။


၁၉၉၀ ဧပြီ ၁၂ တွင် ရန်ကုန်ပြန်ရောက်။


၁၉၉၁ ဖေဖော်ဝါရီ ၁၃ တွင် မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရ၍ မြန်မာ -အင်္ဂလိပ် အဘိဓာန် ပြုစုရေးတွင်း ပါဝင်ဆောင်ရွက်။ စက်တင်ဘာ ၂၆တွင် မြန်မာသမိုင်း ကော်မရှင် အဖွဲ့ဝင်။


၁၉၉၂ ဒီဇင်ဘာ ၁၄ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသနဌာန ဖွင့်လှစ်ရေးအတွက် တာဝန်ပေးအပ်ခံရ။


၁၉၉၃ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသနဌာန အချိန်ပိုင်း ပါမောက္ခ ။


၁၉၉၆ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန အချိန်ပိုင်း ပါမောက္ခ ။


၂၀၀၀ ဂျပန် ဖုကုအိုကပညာရှင်ဆုရ။


၂၀၀၁ ဇွန် ၁ တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာန အချိန်ပိုင်းပါမောက္ခ ။ခေတ်ဟောင်း မြန်မာ ရာဇဝင် ( ၁၉၆၄ )၊နယ်လှည့် ရာဇဝင် (၁၉၆၈) နှင့် ငါပြောချင်သမျှ ငါ့အကြောင်း (၂၀၀၁) အပါအဝင် စာအုပ်ပေါင်း( ၃၀ )ကျော် ပြုစုခဲ့။


၂၀၀၅ နိုဝင်ဘာလ ၃၀ရက် ဗုဒ္ဓဟူး နေ့ နံနက် ၃း၃၀ တွင် မန္ထလေးမြို့၌ ကွယ်လွန်ခဲ့။


( အစောဆုံး အက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ ၊ ဒေါက်တာ သန်းထွန်း ၊စာအုပ်မှ ကူးယူဖော်ပြသည်။ )


ဒိထက် ပိုသိချင်ရင်တော့ဒေါက်တာသန်းထွန်းကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ " ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်ဖတ်ပါ။


No comments:

Post a Comment