Monday, May 20, 2013

ဧည့်သည်

ဧည့်သည် ......


လာတုန်းကလည်းတစ်ယောက်တည်းနော်လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီးတစ်ကိုယ်တည်း.....။


ပြန်သွားတော့လည်းတစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီးတစ်ကိုယ်တည်း.....။


လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ခဲ့ .....။


ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြမလိုဒေါသ လို လောဘနှင့် ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ သုတ်သုတ်ဆောလျင် ခရီးနှင်သည် ဒို့လျင် ဧည့်သည်ပါတကား.....။


ငါသည်ပင်မူ ခေါ်သူမရှိ ရောက်လာမိစဉ် နှင်သူမရှိ ပြန်ဖို့ရှိ၏ .....။


ငါ နေသည့်အိမ် ငါ၏အိမ်ဟု ငါ့အိမ်မှာထားငါ့မယားနှင့် ငါ့လင်သားနှင့် ငါးသားသမီးငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့ .....။


အမှန်မှာမူ -


ငါလာသောခါလက်ဗလာတည်း ...ပြန်ရပါလျင် လက်ချည်းပင်တည်း ... ငါ့တွင် ကိုယ်ပိုင်မရှိပါတကား .....။


လာသူလာလည်းလာစမ်းပါစေ မဆီးလေနှင့် သွားသူသွားလည်းသွားစမ်း ပါစေ မတားလေနှင့် တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ် ထွက်ဝင် ခိုနား" ခရီးသွားသည့် ဧည့်သည်တွေပါတကား"....…..။


(မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး)


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းကျန်းမာရွှင်လန်း နိုင်ကြပါစေ ~~~


No comments:

Post a Comment