Sunday, May 26, 2013

”အချိန် ”အခေါ်အဝေါ်လေးများး

”အချိန် ”အခေါ်အဝေါ်လေးများး ==================


ဒါ လေးကတော့တော်တော် ကောင်းပါတယ်….သိလဲ သိသင့်ပါတယ်…..အမှန်တကယ် ကျွန်တော်လဲ မသိခဲ့ပါဘူးး…….ဒီစာလေးကို ဖတ်မိလို့ သိခဲ့ရတာပါ..စာေ ရးတဲ့ သူကို ကျေးဇူးတင်ပါတယ်…… ကျွန်တော်လဲ ဒီစာလေးကို ပြန်တင်ပေးလိုက်ပါ ..


အခေါ်အဝေါ်လေးတွေကတော့


(၁)ရောင်နီပေါ်(နံနက် )………….၄း၃၀


(၂)အာရုဏ်တက် (နံနက် )…………၅း၀၀


(၃)ဝေလီဝေလင်း(နံနက် )………….၅း၁၀


(၄)ကျီးမနိုး/တနိုး( နံနက် )………….၅း၂၀


(၅)လင်းအားကြီး (နံနက် )…………..၅း၃၀


(၆)နေထွက်တမြူ( နံနက် )………….၅း၄၀


(၇)မိုးစင်စင်လင်း( နံနက် )………….၆း၀၀


(၈)နေထန်းတဖျား (နံနက် )…………..၉း၀၀


(၉)ဆွမ်းခံပြန်ချိန်(နံနက် )……………၉း၃၀


(၁၀) ဆွမ်းစားချိန် (နံနက် )…………..၁၀း၃၀


(၁၁) နေမွန်းလတ် (နံနက် )…………..၁၁း၀၀


(၁၂) နေမွန်းတဲ့ ( နံနက် )…………..၁၂း၀၀


(၁၃) နေမွန်းလွဲ ( နေ့လည် )………..၁၃း၀၀


(၁၄) ညနေစောင်း(ညနေ)……………၁၅း၃၀


(၁၅) ညနေအေး( ညနေ )……………၁၆း၃၀


(၁၆) နေ၀င်ဆည်းဆာ(ညနေ)…………..၁၇း၀၀


(၁၇) နေ၀င်ဖျိုးဖျ( ညနေ )…………..၁၇း၂၀


(၁၈) နွားရိုင်းသွင်းချိန်(ညနေ)……………၁၇း၄၀


(၁၉) ညီအကိုမသိတသိ(ညနေ )………….၁၇း၅၀


(၂၀) နေ၀င်မိုးချုပ် ( ညနေ )…………….၁၈း၀၀


(၂၁) ညချမ်း( ညနေ )…………….၁၈း၃၀


(၂၂) သူငယ်အိပ်ချိန် ( ည)………………၁၉း၃၀


(၂၃) သက်ကြီးခေါင်းချချိန်(ည )………….၂၁း၃၀


(၂၄) ညဦးကြက်တွန်ချိန် ( ည)………….၂၂း၃၀


(၂၅) သန်းခေါင်ကြက်တွန်ချိန(ည )………၂၄း၀၀


(၂၆) ကြက်အမြီးထောင်ချိန် (ည )………..၀၀း၀၀


(၂၇) ကြက်ဦးတွန်ချိန်( နံနက် )………….၃း၃၀


(၂၈) လင်းကြက်တွန်ချိန်( နံနက် )………….၄း၀၀


******* ဗဟုသုတများတိုးပွားနိုင်ပါစေ *********


Saturday, May 25, 2013

အိမ်တွင်းသာသနာပြုပေးကြပါ

"အိမ်တွင်းသာသနာပြုပေးကြပါ" ************************ သာသနာဆိုတဲ့စကားလုံးကို အားလုံးတရင်းတနှီးကြားဘူးကြမယ်ထင်ပါတယ်။သာသနာဆိုတဲ့စကားလုံးကို လူအများစုက ရဟန်းသံဃာတွေနဲ့ပဲသက်ဆိုင်တယ်လို့ ယူဆထားကြပါတယ် ။တကယ်တော့ သာသနာဆိုတာ အဆုံးမကိုပြောတာပါ။ဗုဒ္ဓသာသနာဆိုရင်ဖြင့် ဘုရားရဲ့အဆုံးမလို့ဆိုရမယ်ပေါ့။အချို့ဆရာတော်ကြီးတွေက ဗုဒ္ဓဘာသာလို့ပြောတာထက် ဗုဒ္ဓသာသနာလို့ပြောတာကို ပိုပြီးနှစ်သက်တော်မူကြပါတယ်။ ဒါမှလည်း ဗုဒ္ဓသာသနာဝင်လို့ ဆိုလိုက်ရင်..ဗုဒ္ဓရဲ့အဆုံးမကိုထဲထဲဝင်ဝင်သက်ဝင်ယုံကြည်သူလို့ တခါထဲအဓိပ္ပါယ် ပေါက်သွားစေဖို့အတွက် ဆရာတော်ကြီးတွေနှစ်ချိုက်မိတယ်လို့ကျွန်တော့်ကတော့ အဲ့ဒီ့လို ယူဆမိပါတယ်။


တကယ်တော့ ဗုဒ္ဓသာသနာဆိုတဲ့ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တစ်ခုထဲနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဆုံးမခဲ့တဲ့အဆုံးမတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ကိုးကွယ်နိုင်အောင် လိုက်နာကျင့်ကြံနိုင်အောင် ဟောပြဆုံးမပေးခဲ့တဲ့ အဆုံးမတွေမဟုတ်ပါဘူး။ သတ္တ၀ါတွေအားလုံးအတွက် အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့ အမှန်တရားတစ်ခုဖြစ်တဲ့ ဓမ္မဆိုတဲ့လမ်းမှန်ပေါ်ကို သတ္တ၀ါတွေအားလုံးလျောက်လှမ်းနိုင်စေဖို့အတွက်ဗုဒ္ဓက ဟောပြဆုံးမပေးခဲ့တာပါ။


ဒ့ါကြောင့်ဗုဒ္ဓဆုံးမပေးခဲ့တဲ့အဆုံးမတွေဟာ သတ္တ၀ါတွေအားလုံး နဲ့ သက်ဆိုင်နေပါတယ်။ကျွန်တော်အရင်ကရေးခဲ့တဲ့ပိုစ့်ေ တွထဲမှာ ဗုဒ္ဓဘာသာဟာ အခြားဘာသာဝင်တွေနဲ့ လုံးဝခြားနား တယ်လို့ ဖော်ပြရေးသားခဲ့ဘူးပါတယ်။ဒါဟာ အခြားဘာသာတွေကို ထိပါးစော်ကားလိုတဲ့စိတ်နဲ့ ရေးသားလိုခြင်း မဟုတ်ပါဘူး။ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေကြတဲ့ ဗုဒ္ဓဘာသာဝင် တွေအတွက် ဗုဒ္ဓရဲ့အဆုံးမတွေကို ထဲထဲဝင်ဝင်သိစေချင်တဲ့ဆန္ဒနဲ့ နှိုင်းယှဉ်ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။ဒီလိုဘာလို့နှိုင်းယှဉ်ပြောရလဲဆိုရင် ယခုခေတ်လူငယ်တွေအနေနဲ့ သာသနာဆိုတဲ့စကားလုံးကို အတော်လေးပဲ မျက်ကွယ်ပြုလာကြတဲ့အတွက်ပါ။


ဘုရားဆိုတာ ဘာမှန်းမသိ၊ တရားဆိုတာဘာမှန်းမသိ၊ သံဃာဆိုတာဘာမှန်းမသိနဲ့ အတော်လေးကိုရင်လေးစရာပါ။ အချို့ဆို ဗုဒ္ဓဘာသာဝင်ဆိုတဲ့အဓိပ္ပါယ်ဟာ ဘာလဲဆိုတာတောင် မသိကြတော့ပါဘူး။အဲဒီအဓိပ္ပါယ်ကို မသိရင်ဖြင့် ဘုရားဘာလို့ကန်တော့ရလဲ.. သံဃာဘာလို့ကန်တော့ရလဲဆိုတဲ့ အသိတရားတွေကတော့ ပိုဝေးသွားပြီပေါ့။ ကျေးဇူးတရားဆိုတာ နားမလည်ရင် တန်ဖိုးထားမှုဆိုတာလည်းလုံးဝမရှိတော့ပါဘူး။ တန်ဖိုးမထားတတ်ဘူးဆိုရင်ဖြင့် တန်ဖိုးရှိတဲ့သာသနာဟာ အနှေးနဲ့အမြန်ကွယ်ပျောက်ရပါလိမ့်မယ်။ဒီလိုလူငယ်တွေသာ သနာနဲ့ ဝေးကွာလာရခြင်းဟာ မိဘတွေရဲ့လမ်းညွှန်ပြသမှု လျော့နည်းလာမှု မှာလည်း အခြေခံတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။မိဘကလည်း မိရိုးဖလာ၊သားသမီးကလည်း မိရိုးဖလာဆိုရင်ဖြင့် သာသနာဟာ အနှေးနဲ့အမြန်ပျောက်ကွယ်မှာပါပဲ။မိဘတွေအနေနဲ့သားသမီးကို ဘုရားကန်တော့ခိုင်းယုံ၊ရှင်ပြုပေးလိုက်ယုံနဲ့ တာဝန်ကျေပြီလို့ အများစုကယူဆထားကြပါတယ်။


တရားအလုပ်ကိုလေ့လာရင်ကိုပဲ သာသနာ့ဘောင်ဝင်ပြီး ရဟန်းသံဃာဖြစ်သွားမှာကိုပင် အလွန်အမင်းစိုးရိမ်နေကြတဲ့ပုံပါ ။ ကိုယ့်သားကိုယ့်သမီး တရားစာအုပ်လေးဖတ်ရင်တောင် တရားဆိုတာအသက်ကြီးမှလုပ်ရတာဆိုပြီး ပေးမဖတ်တဲ့မိဘတွေ ရှိကြပါသေးတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ သာသနာနဲ့ဝေးကွာလာကြရတာဟာ ဘာမှမဆန်းပေဘူးပေါ့။ပြီးတော့ ဘုန်းကြီးကျောင်းဆိုတာကိုလည်း တစ်နှစ်နေလို့တစ်ခါ အလှူအတန်းလေးလုပ်တုန်း၊သာရေးနာရေးလေးလုပ်တုန်းပဲ ရောက်ဖြစ်တော့ လူငယ်တွေအနေနဲ့ ဘုန်းကြီးကျောင်းဆိုတာ ဆွမ်းချိုင့်ပို့ယုံပဲလို့ ထင်မိကြတော့တာပါပဲ။ သွားလှူသွားကန်တော့ရင်း ကုသိုလ်ရတာလောက်သိပြီးဘာမှမသိရင်ဖြင့် သာသနာတော်ကို ဘယ်လိုလေးလေးနက်နက် ထောက်ပံ့ကြည်ညိုတတ်ကြမှာပါလဲ။


ရဟန်းသံဃာတွေနဲ့အနေဝေးရင်ဖြင့် ရဟန်းသံဃာတွေရဲ့ တန်ဖိုးလည်းသိနားလည်နိုင်ကြမှာ မဟုတ်သလို တန်ဖိုးလည်း ထားတတ်ကြမှာ မဟုတ်ပါဘူး။ဒါမို့လို့လည်း ဘုရားရှင်က လူပုဂ္ဂိုလ်တွေအနေဖြင့် သံဃာတော်တွေကို မနီးမဝေးအမြဲထိေ တွ့ပြီးဆည်းကပ်ပူဇော်တတ်ရမယ်လို့ ဟောပြဆုံးမပေးခဲ့တာပါ။ ရှေးယခင်အချိန်တုန်းကဆိုရင် မူလတန်းကျောင်းတောင် မတက်ရသေးဘူးဘုန်းကြီးကျောင်းပို့ပြီး ဗုဒ္ဓဘာသာဝင်တွေအ တွက် အခြေခံသိသင့်တာတွေ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးတရားတွေကိုအရင်ဆုံးနားလည်တ န်ဖိုးထားတတ်အောင် သူ့အရွယ်နဲ့သူ့အဆင့်တန်တဲ့ အသိဥာဏ်ရရှိစေအောင် ဘုရားသားတော်တွေကဆုံးမပြုပြင် ပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်းရှေးယခင်ကဗုဒ္ဓဘာ သာဝင်တွေဟာ ဘုန်းကြီးကျောင်းထွက်တွေ အများဆုံးဖြစ်ပြီး အင်မတန်မှလည်း ယဉ်ကျေးသိမ်မွေ့ကြသလို ငါးပါးသီလဆိုတဲ့ အခြေခံ စောင့်ထိန်းရမယ့်ကိုယ်ကျင့်တရားကိုလည်း ခါးဝတ်ပုဆိုးကဲသို့လုံခြုံအောင် စောင့်ထိန်းလိုက်နာ လာခဲ့ကြပါတယ်။


ဒီလိုဘုရားအဆုံးမကို အနီးကပ် ဆည်းပူးလေ့လာခွင့်ရပြီး လိုက်နာကျင့်ကြံလာခဲ့ကြတဲ့အတွက်လည်းအင်မတန်မှ ယဉ်ကျေးလိမ်မာပြီးအသိဥာဏ်ပြည့်ဝတဲ့အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ထွန်းကားလာခဲ့ကြတာပါပဲ။ဒါဟာ ဗုဒ္ဓရဲ့အဆုံးမနဲ့နီးစပ်ခွင့်ရကြလို့ပါပဲ။ယခင်ကဆိုရင် သင်ကြားရမယ့်ဘာသာရပ်တွေထဲမှာ (၁၀)ဆောင်တွဲဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ သိသင့်တဲ့အခြေခံအချက်တွေကို ထည့်သွင်းဆုံးမပေးခဲ့တဲ့အထိကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်းဗုဒ္ဓအဆုံးမနဲ့ အမြဲထိတွေ့ခွင့်ရတဲ့သူတွေများပြားခဲ့ရပြီး အင်မတန်မှနူးညံ့သိမ်မွေ့ပြီး အင်မတန်မှ အလေးထားတန်ဖိုးထားအပ်တဲ့ စံပြပုဂ္ဂိုလ်တွေ ပေါ်ထွက်လာခဲ့ကြရတာပါ။နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးဆိုတဲ့ကိစ္စရပ်တွေမှာ ဗုဒ္ဓရဲ့အဆုံးမကိုအခြေခံပြီး ကျင့်သုံးလိုက်နာခဲ့တဲ့ အတွက်လည်းအရှေ့တောင်အာရှမှာ မြန်မာဆိုရင် အားလုံးကတန်ဖိုးထား လေးစားခဲ့ကြရတာပါပဲ။ ဒါဟာဘာလို့လည်းဆိုတော့ ကိုယ်ကျင့်တရားကိုအခြေခံပြီး ယဉ်ကျေးမှုထုံးတမ်းအစဉ်လာတွေကို ဗုဒ္ဓရဲ့အဆုံးမနဲ့အညီ ကျင့်ကြံလိုက်နာခဲ့ကြတဲ့ အမျိုးကောင်းသားအမျိုးကောင်းသမီးတွေ များစွာပေါ်ထွက်လာခဲ့တဲ့အတွက်ပါပဲ။ဒါတွေဟာ အင်မတန်မှကို ဂုဏ်ယူစရာ တန်ဖိုးထားစရာဖြစ်တဲ့အပြင် အမြတ်တနိုးတန်ဖိုးထားပြီးလိုက်နာကျင့်သုံးသင့်တဲ့ အလေ့အကျင့် ကောင်းတွေပါပဲ။ဒီလိုမျိုးအလေ့အကျင့်ကောင်းတွေ ပြန်လည်ဖြစ်လာဖို့အတွက်ဆိုရင် ကျွန်တော်တို့တွေအနေနဲ့လည်းယခုအချိန်မှာ လူငယ်တွေကို ဘုရားအဆုံးမနဲ့ထိတွေ့ခွင့်ရဖို့၊နီးစပ်အောင်လုပ်ပေးဖို့ဟာ အင်မတန်မှ လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့တော့ အဓိကအခန်းကဏ္ဏအနေနဲ့ ပါဝင်တာပါပဲ။မိဘအနေနဲ့ ကိုယ်ကသာ မိရိုးဖလာဗုဒ္ဓဘာသာဝင် ဖြစ်ချင်ဖြစ်နေပါစေလေ.. ကိုယ့်သားသမီး ကိုယ့်မျိုးဆက်ကိုတော့ မဖြစ်စေရဘူးဆိုတဲ့ စိတ်လေးနဲ့လုပ်သွားမယ်ဆိုရင်ကို ဗုဒ္ဓရဲ့သာသနာဟာ နေလိုလလို ထွန်းတောက်လာမှာပါ။


ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်းပါပဲ.. နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့်ယနေ့လူငယ်တွေကို သူတို့တွေငယ်ရွယ်စဉ်အခါထဲကဗုဒ္ဓရဲ့အဆုံးမတွေနဲ့ထိတွေ့ခွင့် ရအောင် စွမ်းဆောင်ပေးဖို့လိုအပ်လှပါတယ်။ မိဘတွေအနေနဲ့ ယခင်ကလို ဘုန်းကြီးကျောင်းပို့ပြီး ရဟန်းသံဃာတော်တွေနဲ့နီးစပ်အောင်မလုပ်ပေးနိုင်ဘူးဆိုရင်တောင်.. နွေရာသီအားလပ်ရက်တွေမှာ ဆရာတော်ဘုရားတွေ ဦးစီးဖွင့်လှစ်ပေးတဲ့ ဗုဒ္ဓဘာသာအခြေခံသင်တန်းကျောင်းတွေ၊ ယဉ်ကျေးလိမ်မာသင်တန်းကျောင်းတွေ၊တစ်ပါတ်တရားစခန်း ၁၀ရက်တရားစခန်းတွေကို ၀င်ရောက်စေပြီးဗုဒ္ဓရဲ့အဆုံးမတွေနဲ့ နီးစပ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။ဒါက ကလေးလူငယ်တွေ အားလပ်ရပ်တွေမှာ အချိန်ကိုအကျိုး ရှိစွာအသုံးချစေပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့ထိတွေ့နိုင်အောင် မိဘတွေဘက်ကစွမ်းဆောင်ပေးဖို့အတွက်ပါပဲ။ နွေရာသီကျောင်းပိတ်ရက်လို အားလပ်ရက်မျိုးမရှိခဲ့ရင်လည်း နေ့စဉ်ပုံမှန် ည(၇)နာရီထိုးလို့ကိုရီးယားကားကို မိသားစုအားလုံးဝိုင်းအုံကြည့်နေမယ့်အစား တရားလေးတစ်ပုဒ်လောက်ဖွင့်ပြီးမိဘနဲ့သားသမီး အပြန်အလှန် ဆွေးနွေးဆုံးမပေးရင်ဖြင့် အဲ့ဒီ့မိသားစုလေးဟာလည်း အင်မတန်မှကို အေးချမ်းနေမှာပါ။


ညအိပ်ရာဝင်ခါနီးတိုင်းလည်း မိသားစုဝင်တွေ စုပေါင်းပြီး ဘုရားကန်တော့တာတို့၊ဘုရားရဲ့အဆုံးမလေးတွေ ဇတ်တော်လေးတွေကိုမိဘတွေအနေနဲ့ သိသလောက်မှတ်သလောက် ပြောပြဆုံးမပြီး အလေ့ကျင့်ကောင်းလေးတွေ လုပ်ပေးမယ်ဆိုရင်ဖြင့် ကိုယ့်ရဲ့သားသမီးတွေဟာ မုချမသွေ အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ဖြစ်လာမှာပါ။အဲ့ဒီလိုအိမ်တွင်းမှာ ဘုရားအဆုံးမလေးနဲ့အညီ လုပ်ဆောင်နေမယ်ဆိုရင် မိဘနဲ့သားသမီး၊သားသမီးနဲ့မိဘခြားမှာရှိတဲ့ ဆက်ဆံရေးတွေဟာ အင်မတန်မှကို အေးချမ်းနေမှာပါ။ မိမိကိုယ်တိုင်လည်းအေးချမ်း၊မိသားစုလည်းအေးချမ်း၊ ပတ်ဝန်းကျင်လည်းအေးချမ်းနဲ့ အင်မတန်မှကို ပီတိဖြစ်စရာပါပဲ။ ဒီလိုလုပ်ဆောင်ခြင်းဟာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောပြဆုံးမပေးတဲ့အိမ်တွင်းသာသနာပြုပေးခြင်းနဲ့ ထပ်တူပါပဲ။ တစ်ဦးတစ်ယောက်ခြင်း မိသားစုတစ်စုခြင်းကနေ အဲ့ဒီ့လိုပြင်ဆင်လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးကောင်းမွ န်လာနိုင်မယ်ဆိုတာဟာ မုချမသွေပါပဲ။အဓိကကတော့ တစ်ဦးတစ်ယောက်ခြင်း၊မိသားစုတစ်စုခြင်းကနေစဖို့ပါပဲ။


မျိုးစေ့တစ်စေ့ဟာ ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဥယျာဉ်မှူးကောင်းတစ်ယောက်ရှိရင်အင်မတန်မှကို တန်ဖိုးရှိလာတဲ့ အပင်မျိုးလေးတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဥယျာဉ်မှူးကောင်းနဲ့တူတဲ့ မိဘတွေ ဥယျဉ်မှူးကောင်း တစ်ယောက်လို ထိန်းသိမ်းစောင့်ရှောက် သွန်သင်ဆုံးမပေး နိုင်တဲ့ ဆရာသမားတွေအနေနဲ့ကိုယ့်မျိုးစေ့လေးတွေကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ပေးဖို့ဟာ အင်မတန်မှ လုပ်ဆောင်ပေးသင့်တဲ့အရာပါ။ဒီလိုဆုံးမပေးမယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့အဆုံးမကိုအခြေခံသိရှိထားတဲ့ သားသမီးဟာ ဘယ်နေရာရောက်ရောက် ဘယ်ကိုပဲသွားသွား ပူပန်နေစရာဆိုတာလည်းမလိုတော့ပါဘူး။ မိဘဆရာသမားတွေအနေနဲ့ လမ်းမှန်တစ်ခုကို ချပြပေးလိုက်မယ်ဆိုရင် လမ်းဆိုးတွေအားလုံးကို သူ့အနေနဲ့ရှောင်တတ်သွားမှာပါ။


အဓိကကတော့ လမ်းမှန်ပေါ်လျောက်တတ်အောင် လျောက်နိုင်အောင်တွန်းပို့ပေးဖို့ပါပဲ။ဒီလိုမျိုးတွန်း ပို့လုပ်ဆောင်နိုင်ဖို့အတွက် အဓိကအနေဖြင့် မိဘတွေအနေနဲ့ အိမ်တွင်းသာသနာ ပြုနိုင်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ဟာ အဓိကပါပဲ။ဒီလိုအိမ်တွင်းသာသနာပြုပေးခြင်းဖြင့် သာသနာတော်ကို ထဲထဲဝင်ဝင်ထောက်ပံ့ကြည်ညိုတတ်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ မုချမသွေပေါ်ပေါက်လာမှာပါ။ဒီလိုပေါ်ပေါက်လာရင်ဖြင့် ဗုဒ္ဓရဲ့သာသနာဟာလည်း နေလိုလလို ထွန်းတောက်လာမယ် ဆိုတာ မလွဲပြန်ပါဘူး။ ဗုဒ္ဓသာသနာထွန်းတောက်ဖို့ အိမ်တွင်းသာသနာပြုခြင်းဖြင့် စွမ်းနိုင်သလောက် လုပ်ဆောင်ပေးကြပါလို့ ဆန္ဒပြုရင်း။


ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း


ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။


ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။ ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။ (၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)


ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)


၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။) ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။) ၄င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။


မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။


ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။ နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။


ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။


ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။


ပထမသင်္ဂါယနာ-ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--


ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။


မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။


ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။


ဒုတိယသင်္ဂါယနာ-(BC-443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။


တတိယသင်္ဂါယနာ-(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀)ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။


တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြုစေလွှတ်တော်မူပါသည်။


(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။ ၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ်ဦးဆောင်ကာကြွ။ ၃။ ၀န၀ါသိအရပ်=အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။ ၄။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ်ဦးဆောင်ကာကြွ။ ၅။ မဟာရဋ္ဌအရပ်=အရှင်မဟာဓမ္မရက္ခိတမထေရ်ဦးဆောင်ကာကြွ။ ၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ်ဦးဆောင်ကာကြွ။ ၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ်ဦးဆောင်ကာကြွ။ ၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။ ၉။ တမ္ဗပဏ္ဏိ(သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ်ဦးဆောင်ကာကြွ။


စတုတ္ထသင်္ဂါယနာ-(B.C94/B.E450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊အာလောကလှိုဏ်တွင်စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာမဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည်(၅၀၀)ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည်ဝဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကိုပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။


နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-


ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-မြန်မာနိုင်ငံမှာ3rd Century A.D-တွင်ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-တရုတ်နိုင်ငံမှာ1stCentury A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင်ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှတဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။


ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-ကိုရီးယားနိုင်ငံမှာA.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ်-၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊သာသနာတော်နှစ်-၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင်ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။


ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင်ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။


အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။


မြန်မာနိုင်ငံပုဂံဗုဒ္ဓသာသနာ-မြန်မာနိုင်ငံပုဂံသို့ A.D -၁၁-ရာစုလောက်တွင်ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ဦးစီးကာမြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင်လုပ်ဆောင်ခဲ့ကြပါသည်။


ပဉ္စမသင်္ဂါယနာ-A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင်မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာမန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော်အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာမင်းတုန်းမင်းကြီး ဖြစ်ပါသည်။ ဤပဉ္စမသင်္ဂါယနာတွင်ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ(၇)နှစ်၊(၆)လနှင့်(၁၄) ရက်ကြာပါသည်။


ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-A.D -၁၈၈၀-ခုနှစ်တွင်ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင်တီထွင်ခဲ့ခြင်းဖြစ်ပါသည်။


အင်္ဂလန်နိုင်ငံ၌ပထမဆုံးသောဗုဒ္ဓသာသနာ့အဖွဲ့အစည်း-A.D -၁၈၈၁-ခုနှစ်တွင်အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသောပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ-T.W.Rhys Davids-ဖြစ်ပါသည်။ သူသည်မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။


ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-A.D -၁၈၉၁-ခုနှစ်တွင်သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာအိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာပြန်လည်တည်ထောင်ပါသည်။ A.D -၁၉၅၆-ခုတွင်အိန္ဒိယနိုင်ငံသား Dr. B.RAmbedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင်လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊အောက်တိုဘာ-၁၄-ရက်တွင်အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။


ဆဋ္ဌသင်္ဂါယနာ-A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ်၂၄၉၈-ခု၊မြန်မာသက္ကရဇ်၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင်မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော်အရှင်ရေ၀တမထေရ်ဖြစ်၍၊အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာမဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ဖြစ်ပါသည်။


အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာထေရ၀ါဒ(၅)နိုင်ငံ(သီရိလင်္ကလာ၊ မြန်မာ၊ထိုင်း၊လော၊ကမ္ဘောဒီယား)တို့မှ(၂၅၀၀)သောမထေရ်တို့ဖြစ်ပါသည်။ အခြားသောနိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာဝန်ကြီးချုပ် ဦးနုနှင့်မြန်မာပြည်သူ၊ပြည်သားများ ဖြစ်ပါသည်။


မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။


အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ်-၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင်ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည်အမြစ်တွယ်အောင်လုပ်ဆောင်ပါသည်။


ပထမဆုံးသောဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-A.D -၁၉၉၈-မေလတွင်Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကိုအင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။


အာဖစ်ဂန်နစ်တန်မှ(Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-A.D-၂၀၀၁၊ မတ်လတွင်အာဖစ်ဂန်နစ်တန်မှကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ဖျက်ဆီးခြင်းကိုခံခဲ့ရပါသည်။


မှာပါရစေ။။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည်မေမေ့လပြည့်ဝန်းလေး စုစည်းထားသောဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာမူကွဲစသည်အားဖြင့် ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး တင်ပြတဲ့မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသောဘီစီ၊အေဒီနှစ်များဖြစ်ပါသည်။


ကိုးကား--၀ိနည်းစူဠ၀ါပါဠိတော် ပါရာဇိကဏ္ဍအဋ္ဌကထာ မဟာဝံသ စူဠ၀ံသ ဦးသာမြတ်“BuddhisminSoutheast Asia” www.nibbana.com


(ဗုဒ္ဓဘာသာသမိုင်းအကျဉ်း) by U Thar Myat(ဦးသာမြတ်) http://www.nibbana.com/ဗုဒ္ဓဘာသာ နှင့်သက်ဆိုင်သောဓမ္မမှတ်စုများ