“တစ်ရွာသားကို စကားလွန်လျှင်”
ရှေးကငယ်မှ စဉ်လာ။ မိဘဘိုးဘွား၊ ထုံးစံများကို၊မှာထားရှာငဲ့။
မြိုင်သာတောစွန် အင်ကြင်းသားကို၊ ထွန်သွားချွန်လျှင် ထွန် လေးတယ်။
ဘယ့်နှယ်ရှိလို့၊ မသိကျိုးကျွန်၊ ရေပြွန်တစ်လွှား၊ကန်ရိုးပါးကို၊ သွားလာသည့်ခိုက်၊စိတ်လိုလိုက်လို့ ၊ အမှိုက်သွန်လျှင် ပြွန်ဆွေးတယ်။
မြားသံ ပေးလို့ ၊ လေးကိုအလွန် ကောင်းကင်မိုးကို၊ လက်ညှိုးညွှန်လျှင် စွန်ပြေးတယ်။
မြစ်ညာငယ်မှ လူးလာ၊ တံငါများတို့ ၊ ငါးကို ရှာသည်၊ သီတာထိပ်စွန် နေ မပျို့ လို့ ၊ ဝေမို့ မွှန်လျှင် ကွန်ဆွေးတယ်။
ချမ်းပါဘိခြင်း နတ်တော်လိုလို၊ တိမ်သားကစိုသနှင့်၊ပြာသိုတွင်းကို၊ ဆီးနှင်းကျဝှန်၊ဆည်,အိုင်,အင်းကို၊ နင်းမိကျွံလျှင် နွံအေးတယ်။
အရွှင်ငယ်မှ အမြူး။ ကာလပေါ်ကို စိတ်ပျံ့ ပျူးလို့ ၊ ကိုယ့်ထူးကိုယ်ချွန် မသိဝိုးဝါး၊ တစ်ရွာသားကို၊ စကားလွန်လျှင် ၀န်လေးတယ်။
အမယ်အမတစ်တန်၊ တင့်ရဲပြန်လို့ ၊ အကြံလွဲနှင့်၊တ၀ဲငယ်မှလည်လည်၊ ဗွေချာမူးလို့ ၊မထူးတည်သည် ၊ ကိုယ်ရည်ချောလို့ ၊ နှမြောတယ်ရှင်။
အပျိုဖြူငယ်၊မယ်နှင့်ကျွမ်းတဲ့၊ လွမ်းတုံ့တင်လေး။ ။
အမည်မသိ ရှေးစာဆို ပန်းချီ sawhlaing —
No comments:
Post a Comment