Monday, May 20, 2013

ရှင်ကျင့်ဝတ်နိဂုံးလင်္ကာ

“ရှင်ကျင့်ဝတ်နိဂုံးလင်္ကာ”


ဒို့မြေဌာနီ ရှေးခါဆီဝယ် မထေရ်အပေါင်းစံရာကျောင်းမှ ငြိမ့်ညောင်းသာယာ မိန်အာဏာတို့ ရပ်ရွှာလူများလွန်လေးစားခဲ့ ခုကားသို့နှယ် မဟုတ်ကွယ်၍ နယ်ပယ်စီးပွားသားသမီးတို့ ဘုန်းကြီးကျောင်းတွင် စာမသင်တော့


ထို့ပြင်မြို့နေကလေးတွေက ဒို့မေဘာသာ ဒို့မေစာကို သင်ရာကောင်းမျှ မထင်ကြပဲ ပြင်ကလာပေး စာပထွေးကို အလေးဂရု အရေးပြု၏ယခုလိုသာ နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့ဘုရားကိုစွန့် တရားစွန့်၍ စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း ထိုခါလူများ ကိုယ်ကျင့်အားဖြင့် တရားမပါ အမှားစာကြောင့် များစွာခုထက် တိုး၍ျပျက်လိမ့်။။


သို့တွက်များပြားဘုန်းဘုရားတို့ တရားကိုယ်ကျင့် လုံအောင်ကျင့်၍ မလင့်စေရကိုယ့်ဒေသ၌ သိပ္ပ ၀ိဇ္ဇာ ပြသင့်ရာကို ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ ဘုန်းလှိုင်ဟောပြသြ၀ါဒကို စိတ်ကကြည်ဖြူ လိုက်နာယူ၍ ကိုယ်မူနှုတ်ပြောင်း စိတ်လည်းကောင့်လိမ့်..


အကောင်းမကောင်းအကြောင်းကြောင်းကို သောင်းပြောင်းကုန်စင် အစုံမြင်၍ ထေရ်ရှင်ရှေ့သွားဘုန်းအများ၏ တရားစဉ်နှင့် အဆင်သင့်သား ရှင့်ကျင့်ဝတ်ခေါ်ရှေးစာတော်ကို ခေတ်ပေါ်လှစ်ဆင့် စုံအောင်ဖွင့်သည် အမျိုးသာသနာ တည်ကြောင်းတည်း။


နတ်သျှင်နောင်


No comments:

Post a Comment