Monday, May 20, 2013

“အမေ့မှာတမ်း''

“အမေ့မှာတမ်း”


သားလှရွှေသွေး၊ကိုရင်လေး စာရေးပြီးကာ၊လျှောက်ထားပါအံ့။


ရွာမှာမနေ၊မြို့ တက် လေ၍ စာပေသင်ကြား၊အမေ့သားဟု ၀င့်ကြွားဂုဏ်တင်၊များလူရှင်က မိခင်မေ့ကို၊ ကောင်းချီးဆို၍ များဗိုလ်အလယ်၊ အမေတင့်တယ်ခဲ့ မြို့ နယ်တစ်ခွင်၊သားကိုရင်ကို ကြည်ရွှင်သာဓု၊ ကြိမ်ကြိမ်ပြုလျက် ကောင်းမှုပီတိ၊ ပွားများကြ၏။


သားလှအတွက်၊ဈေးတောင်းရွက် ၍ ဟင်းရွက်သစ်သီး၊ရောင်းဝယ်ပြီးလျှင် စုစည်းရလာ၊ ငွေအသပြာနှင့် လှူရတာလည်း၊ငဲ့ညှာပါကွယ် သားကိုရင်ရယ်။


မြို့ သို့ စာသင်၊ ကြွခဲ့စဉ်က စာတွင်စိတ်ထား၊ လုံ့ လအားဖြင့် မေ့သားကိုရင်၊ ပညာရှင်တစ်ယောက် လွန်ထွန်းပေါက်ဖို့ ပြီးမြောက်အောင်ကား ကြိုးစားသွားမည်၊မေ့သားပြောခဲ့သည်။


ကိုရင်စိတ်ထား၊ ယခုများတော့ တရားမနာ၊ မသင်စာပေ နှုတ်မှာမဆောင်၊ မှတ်မိအောင်မပြု ကျင့်ဆောင်ပဋိပတ်၊မရှုမှတ်ပဲ ငါးရပ်သာသနာ၊ကျယ်ကြောင်းဟာတွေ ပြုကာနေပြီ၊ မွေးမေထင်မိသည်။


အမေ့စာလွှာ၊ ဖတ်ပြီးပါက မှားတာကိုမြင်၊ အမှန်ပြင်၍ စာတွင်ကြိုးစား၊ကျင့်ဝန်းများလည်း ကျေငြားပါစေ၊ လျှောက်ထားပါသည် ရှေ့ ရေးအတွက်ပါဘုရား။။


ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ ပန်းချီ Hla PhoneAung —


No comments:

Post a Comment