Wednesday, May 1, 2013

<<တို့တိုင်းပြည်>>

<<တို့တိုင်းပြည်>>


ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ် စေတီ စပါး ၊များလည်းများ၏ ... များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက် မစားလေရ၊ ၀မ်းမ၀၍ ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။


ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ် ရေချိုသောက်ရန်၊မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊များလည်းများ၏ များပါလေလဲ၊တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း၊


ထလော့မြန်မာ၊ မြန်မာထလော့ အားမပျော့နှင့်၊မလျှော့လုံ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလ၊ဆောင်ကြလေလော့ ဤမြေဤရွာ၊ဘယ်သူ့ရွာလဲ ဤယာစပါး၊ဘယ်သူ့စပါးလဲ ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း ဥာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။


(ဆရာဇော်ဂျီ)


မိမိဘာသာ သာသနာ အဓွန့် ရှည်တည်တံ့စေဖို့ အားလုံးကိုယ်စီ ကြိုးစားကြပါစို့ ။ photo - credit to U Ba Khine


No comments:

Post a Comment