Wednesday, December 11, 2013

ဖုန်း Notification Bar ပေါ်မှ အင်တာနက် သင်္ကေတများ

“ - - - - - ဖုန်း Notification Bar ပေါ်မှ အင်တာနက် သင်္ကေတများ - - - - - ”


ဖုန်းအသုံးပြုသူ တွေအနေနဲ့ မိမိဖုန်းရဲ့ Noti Bar ပေါ်မှာ အင်တာနက်ဖွင့်လိုက်တာနဲ့ အင်တာနက် သင်္ကေတလေးကို တွေ့ဖူးကြမှာပါ ။ အဲဒိ အင်တာနက် သင်္ကေတလေးတွေဟာ အမြဲတမ်း ပြောင်းလဲနေတာကို သတိထားမိပါလိမ့်မယ် ( E , G, 3G , H , H+ ) စသဖြင့်ပေါ့ ။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ သင်အသုံးပြုနေတဲ့ Network Operator ရဲ့ Connetion ကောင်း ၊ မကောင်း ပေါ်မူတည်ပြီး သင်္ကေတလေးတွေ အမြဲတမ်းပြောင်း လဲနေပါတယ် ။ အဲဒိ သင်္ကေတလေးတွေရဲ့ အဓိပ္ပါယ်နဲ့ လိုင်းဆွဲအားကို ဖော်ပြပေးပါ့မယ် ။


Meaning Of ‘ G ’


G = 1G ( GPRS )- G ဆိုရင်တော့ Connection အရမ်းညံ့ပါတယ် ။ ဘာမှလုပ်လို့မရအောင်ကို လိုင်းမကောင်းပါ ။


Meaning Of‘E ’


E =2.5G (EDGE ) - E ကတော့ အတော်အသင့်ကောင်းတဲ့ သင်္ကေတပါ ။ တစ်ခုခုကို ဒေါင်းလုတ်ဆွဲမယ်ဆိုရင်တော့ အနည်းငယ် ကြာပါလိမ့်မယ် ။


Meaning Of‘3G’


3G=3G(3rd Generation )-3G ပေါ်နေရင်တော့ လိုင်းဆွဲအားကောင်းပါတယ် ။ အားလုံးအဆင်ပြေပြေ သုံးလို့ရတဲ့ အနေအထားပါ ။


Meaning Of‘H ’


H =3.5G(HSDPA -High Speed Download PacketAccess ) -3G ထက်ပိုပြီး ကောင်းမွန်တဲ့ Connection ပါ ။ အထူးသဖြင့် ဒေါင်းလုတ်ဆွဲဖို့အကောင်းဆုံး သင်္ကေတ တစ်ခုပါ ။


Meaning Of‘H+’


H+ ကတော့ H ထက်အနည်းငယ်ကောင်းပြီး 4G မတိုင်ခင်တော့ Connection Symbols တွေအားလုံးထဲမှာ အကောင်းဆုံးဖြစ်ပါတယ် ။ ပြီးတော့ သင့်ရဲ့ဖုန်းဟာ ဘယ်တုန်းကမှ H (or )H+ မပေါ်ဘူးဆိုရင်တော့ သင့်ရဲ့ဖုန်းမှာ 4G System ကိုတပ်ဆင်အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။


Meaning Of‘4GLTE ’


4G = Long Term Evolution (နောက်ဆုံးပေါ် အင်တာနက် Connection လိုင်းပဲဖြစ်ပါတယ် ။ အင်တာနက်ကို အထစ်အငေါ့မရှိဘဲ အသုံးပြုနိုင်မယ့် 4G စနစ်သစ်ပါ ။


ဒီသင်္ကေတတွေ အားလုံးရဲ့ ဒေါင်းလုတ်ဆွဲအားနှုန်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ် ။


G=114 Kb E =368 Kb 3G=3.1 Mb H =14 Mb H+=168 Mb 4G/LTE =299.6 Mb


No comments:

Post a Comment