Tuesday, December 10, 2013

သမိုင်းမှာမင်းတရားခံဖြစ်မယ်

သမိုင်းမှာမင်းတရားခံဖြစ်မယ်


မင်းမမှန်ရင် မင်းတရားခံဖြစ်မယ်၊


ငါမမှန်ရင် ငါတရားခံဖြစ်မယ်၊


တရားဆိုတာ ညှာလဲမညှာ၊ ညာလဲမညာ သာစေ နာစေမရှိ ပကတိ သူ့သဘောသူဆောင်ခြင်းပဲ။


ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ နောင်နေ့မင်းရဲ့အတ္ထုပ္ပတ်။


ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ နောင်နေ့မင်းရဲ့အနာဂတ်။


မပတ်သက်ချင်လို့မရ မစပ်ဆက်ချင်လို့ မရ။ မင်းဘဝကို မင်းကသာပြဌာန်းတယ်။ မင်းဘာလဲ မင်းဘယ်သူလဲ မင်းဟာမင်းပဲ။။


ဆရာတင်မိုး


No comments:

Post a Comment