Friday, December 27, 2013

သရဏဂုံတည်ခြင်းအကျိုး

''သရဏဂုံတည်ခြင်းအကျိုး''

ပဒုမုတ္တရ မြတ်စွာဘုရားရှင်ပွင့်တော်မူစဉ်ကာလက ဖြစ်သည်။ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်၌ ဆန္ဒ၀တီပြည်တွင်မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးေ နသောအမျိုးကောင်းသားတစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည်တစ်နေ့သောအခါ ပဒုမုတ္တရမြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝကအရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ"ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ " ဟုရွတ်ဆို၍ သရဏဂုံဆောက်တည်၏။ထိုအမျိုးသားကောင်းသည် အနှစ်တစ်သိန်းကာလပတ်လုံးသရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ထိုဆောက်တည်ခဲ့ေ သာ အကျိုးကြောင့်သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍(၈)ပါးသောအကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး (၈)ပါးတို့မှာ-(၁)နေရာမရွေး အပူဇော်ခံရခြင်း ။ (၂)ဥာဏ်ပညာလွန်စွာထက်မြက်ခြင်း။ (၃)များစွာသောစည်းစိမ်းချမ်းသာရှိခြင်း။ (၄)အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။ (၅)အသားအရောင်ရွှေအဆင်းကဲ့သို့တောက်ပခြင်း။ (၆)အရာရာမိမိအလိုကျဖြစ်ခြင်း။ (၇)မိတ်ပျက်ခြင်းမရှိ၊မိတ်ဆွေပေါခြင်း။ (၈)ဂုဏ်သတင်းမွှေးပျံ့ကျော်စောခြင်း-တို့ဖြစ်သည်။ ထိုဘဝမှစုတေပြီးသောအခါသိကြားမင်းအဖြစ် အကြိမ်(၈၀)၊ စကြာမင်းအဖြစ်(၇ ၅)ကြိမ်၊ ပဒေသရာဇ်မင်းအဖြ စ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။နောက်ဆုံးဂေါတမ မြတ်စွာဘုရားလက် ထက်တွင် သာဝတ္တိပြည်၌ချမ်းသာကြွယ်ဝသော သူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။ထို့နောက် (၇)နှစ်သားအရွယ်၌ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီးပီတိသဒ္ဓါဖြစ်ကာဝိပဿနာဥာဏ်စဉ်ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ဂေါတမမြတ်စွာဘုရားသည် ထိုသူငယ်ကို ခေါ်၍ရဟန်းပြုပေးတော် မူသည်။ သရဏဂုံတည်ခြင်း အကျိုးကြောင့်ရဟန္တာဖြစ်ခြင်းက အကြောင်းပြု၍ထိုရဟန္တာအရှင်ကု "တိသရဏဂမနိယထေရ်"ဟု ဘွဲ့မည်ပေးခဲ့သည်။ (အပဒါနပါဠိ၊ ပ-၃၊ သု ဘူတိဝဂ်။)

credit to : mtsmt

မေတ္တာဖြင့်ဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ www.infinitydhamma.com

No comments:

Post a Comment