Saturday, December 14, 2013

"ကိုးကွယ်ရာ ရတနာသုံးပါး"

"ကိုးကွယ်ရာ ရတနာသုံးပါး" ************************


(က)။ ဗုဒ္ဓရတနာ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်းဟူသော ရတနာသုံးပါးကို ကိုးကွယ် ရမည်ဖြစ်သည်။ သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျတ်ဆီးတတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်း ဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်းခေါ်ဝေါ်ပါသည်။ မြတ်စွာဘုရားကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရားသည် သတ္တဝါတို့ကို မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်းန င့် အပြစ်ဒေါသ အလုံးစုံ ကင်းစင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်း တို့ကြောင့်ပင်ဖြစ်သည်။


(ခ)။ ဓမ္မရတနာ ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို ကျင့်ကြံလိုက်နာသူတို့ကို ဘဝသံသရာခရီးခဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်းအခိုက်နှင့် ကျင့်ပြီး နောက်ကာလတို့၌လည်း သက်သာမှုကိုပေးစေ ခြင်းဖြင့် သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးစေနိုင်ခြင်ြးေ ကာင့် ဖြစ်ပါသည်။


(ဂ)။ သံဃာရတနာ သံဃာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသော ကောင်းမှု ကုသိုလ်တို့ကြို ကီးကျယ်ဖွံ့ဖြိုး အကျိုးများ စေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြော င့် ဖြစ်ပါသည်။ ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ် သောသူကို သရဏဂုံတည်သူဟု ခေါ်သည်။ ထိုသူသည် ကောင်းမြတ်သော ဘဝသို့ ရောက်ရမည်ဖြစ်သည့်ပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများ ခြင်း စသော အကျိုးများကို ရရှိမည်ဖြစ်ပေသည်။


ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ ဆရာ၊ မိဘတည်းဟူသော အနန္တောအနန္တငါးပါးကို တစ်ဂိုဏ်း တည်း ထား၍ ပူဇော်ကိုးကွယ်ြ ကရသည်။


(ဃ)။အနန္တောအနန္တ(၅)ပါး (၁)။ ဗုဒ္ဓဂုဏော အနန္တော။ (၂)။ ဓမ္မဂုဏော အနန္တော (၃)။ သံဃဂုဏော အနန္တော (၄)။ မာတာပိတုဂုဏော အနန္တော (၅)။ အာစရိယဂုဏော အနန္တော ဗုဒ္ဓဂုဏော- မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိကျယ်ဝန်းလှ၏။ ဓမ္မဂုဏော- တရားတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိကျယ်ဝန်းလှ၏။ သံဃဂုဏော- သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိ ကျယ်ဝန်းလှ၏။ မာတာပိဂုဏော- အမိအဘတို့၏ ဂုဏ်တော်ကျေးဇူးတော်သည်။ အနန္တော-အဆုံးမရှိကျယ်ဝန်းလှ၏။ အာစရိယဂုဏော- ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည်၊ အနန္တော-အဆုံးမရှိကယ်ဝန်းလှ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့ မိဘဆရားသမားတို့၏ ဂုဏ်တော်ကျေးဇူး တော်တို့သည် အဆုံးမရှိ ကျယ်ဝန်းကြီးမား များပြားလှပေသည်။


ဗုဒ္ဓဂုဏော အနန္တော ဗုဒ္ဓမြတ်စွာသည် သံသရာဝဋ်ဆင်းရဲအတွင်း၌ ဒုက္ခမျိုးစုံနှင့် တွေ့ကြုံခံစားနေရသော လူ နတ်ဗြဟ္မာ သတ္တဝါ အပေါင်းကို ထိုသံသရာဝဋ်ဆင်းရဲအတွင်းမှ ထုတ်ဆောင်ကယ်တင်၍ ရာဂ၊ ဒေါသ စသော တစ်ဆယ့်တစ်သီး သော မီးတို့၏ ငြိမ်းအေးရာဖြစ် သော(သို့မဟုတ်) သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ပို့ဆောင်ကယ်တင်တော်မူပေသည်။ ဤသို့ ဗုဒ္ဓမြတ်စွာသည် သံသရာတွင် ကျင်လည်နေကြရသော သတ္တဝါအပေါင်းကို ဝဋ်ဆင်းရဲမှ ကယ်တင်၍ ချမ်းသာရာ နိဗ္ဗာန်သို့ ပို့ဆောင်တတ်သောကြောင့် သတ္တဝါအားလုံး တို့၏ အတိုင်းမသိသော ကျေးဇူးရှင်ဖြစ် ပါသည်။


ဓမ္မဂုဏော အနန္တော သံသရာ၏ အရင်းအမြစ်ဖြစ်ေ သာ အဝိဇ္ဇာ(မောဟ) အမိုက်မှောင်နှင တဏှာသံယောဇဉ်တို့သည် သတ္တဝါတို့ကို သံသရာ၌ နစ်မွန်းအောင် ပြုလုပ်ချက် ဖွဲ့နှောင်ထားကြသည်။ တရားတော်သည် မိမိတရားတော်ကို ကျင့်ကြံ အားထုတ်သော သတ္တဝါတို့ကို ထိုသို့ အမိုက်အမှောင်အတွင်း၌ နစ်မွန်းအောင် ပြုလုပ်တတ်သော အဝိဇ္ဇာနှင့် တဏှာတို့ကို ရှင်းလင်းသုတ်သင်လျှက် လွတ်မြောက်အောင် ကယ်တင်ပေးသည်။ ထို့ကြောင့် တရားတော်သည် သတ္တဝါအားလုံးတို့ အဖို့ ဆပ်၍ မကုန်နိုင်လောက်အောင် ကျေးဇူးများပါသည်။


သံဃဂုဏော အနန္တော အရိယာသံဃာတော်မြတ်သည် လောဘ၊ ဒေါသ စသော ကိလေသာတရားတို့ကင်းရှင်း၍ မဂ်ဖိုလ်နိဗ္ဗာန်တည်း ဟူသော တရားတော်မြတ်တို့နှင့်သာ ပျော်မွေ့နေကြသြ ဖင့် သတ္တဝါများ၏ ကုသိုလ်ကောင်းမှု စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်ပေသည်။ ထိုသို့ အရိယာသံဃာတော်များကို ကိုးကွယ်ဆည်းကပ်လုပ်ကျွေးခြင်ြး ဖင့် ကုသိုလ်ကောင်းမှုများစွာ ဖြစ်ထွန်း၍ ကောင်းကျိုးချမ်းသာ ခံစားကြရသည်။ သို့ဖြစ်၍ အရိယာသံဃာတော်များသည် သတ္တဝါတို့၏ အတိုင်းမသိသော ကျေးဇူးရှင်များ ဖြစ်ပါသည်။ အရိယာနွယ်ဝင် ပုထုဇဉ်သံဃာတော် များသည်လည်း ဗုဒ္ဓရှင်တော်မြတ ဟောကြားထားရစ်ခဲ့သော တရားတော်များကို သတ္တဝါတို့အား လူ နတ် နိဗ္ဗာန်သုံးတန်ချမ်းသာကို လမ်းညွှန်သည့်အနေဖြင့် ဟောပြောပြသကြသောကြောင့် သတ္တဝါများစွာတို့၏ အတိုင်းမသိသော ကျေးဇူးရှင်များ ပင် ဖြစ်ပါသည်။


မာတာပိတုဂုဏောအနန္တော မိခင်သည် ကလလရေကြည် တည်သည့်အချိန်မှစ၍ သားသမီးအပေါ် ချစ်ခြင်း မေတ္တာဖြင့် သန္ဓေသားကို ယုယစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ အချို အချဉ် အစပ် အခါး အစရှိသည့် မသင့်မြတ်သော အစားအစာ များကို ရှောင်ကြဉ်ခဲ့ရသ ည်။ အချိန်စေ့၍ ဖွားမြင်လာသောအခါတွင်လည်း ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်မှစ၍ လူလားမြောက်သည့် အရွယ်အထိ ပိုးမွေးသလို မွေးမြူခဲ့ရသည်။ ထို့အတူ ဖခင်အနေဖြင့်လည်း သားသမီးများ၏ ကျန်းမာပျော်ရွှင်ရေး၊ စားဝတ်နေရေး၊ ပညာရေးအစရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေး ခဲ့ပေသည်။


မိဘနှစ်ဦးတို့သည် သားသမီးများ အရွယ်ရောက်သည့်အခါတွင်လည်း “မကောင်းမြတ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ” ဟူသည်နှင့်အညီ မိဘတို့၏ ဝတ္တရားများကို ပြည့်စုံအောင် ဆောင်ရွတ်ပေးကြရသည်။ ထို့ပြင် “လက်ဦးဆရာ မည်ထိုက်စွာ ဗုဗ္ဗာစရိယ မိနှင့်ဘ” ဆိုသည့်အတိုင်း သားသမီးတို့၏ လက်ဦးဆရာများလည်း ဖြစ်ကြပါတယ်။ တဖန် မိဘတို့၏ သားသမီးတို့အပေါ် ကျေးဇူးကြီးမားပ မှာ စာဖွဲ့၍ မကုန်နိုင်လောက်အောင် များပြားလှသဖြင့် “မိဘကျေးဇူး မြင်းမိုရ်ဦး အထူးသိလျက် အဆပ်ခက်” ဟုပင် ဆိုရိုးပြုခဲ့ရသည်။


အာစရိယဂုဏော အနန္တော တပည့်တို့၏ အကျိုးကျေးဇူးတို့ကို ကျင့်ဆောင်တတ်သောကြောင့် ဆရာဟု ခေါ်ဆိုရကြောင်း အဓိပ္ပာယ်ဖွင့်ဆို ချက်နှင့်အညီ ဆရာသည် တပည့်သားတို့အပေါ် မေတ္တာ စေတနာ အရင်းခံထား၍မလိမ္မာ မယဉ်ကျေးသည်ကို လိမ္မာယဉ်ကျေးလာေ စရန်လည်းကောင်း၊ မကောင်းသောအမှုကု ရှောင်ကြဉ်စေ၍ ကောင်းသော အမှုကို ပြုစေရန်လည်းကောင်း ချိုသာစွာ ဆုံးမသွန်သင်ပြသကြသည်။ ထို့ပြင် “အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ” ဟူသည်နှင့်အညီ ဆရာ့ကျင့်ဝတ်များကို ပြည့်စုံစွာ ဆောင်ရွတ်ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့သည် တပည့်များ၏ အနန္တကျေးဇူးရှင် များ စာရင်းတွင်ပါဝင် ပါသည်။ ဗုဒ္ဓဘာသာတစ်ယောက်သည် ကိုးကွယ်ရာရတနာသုံးပါးနှင့် ပူဇော်ရာ အနန္တောအနန္တ ငါးပါးကို အမြဲမပြတ်ကိုးကွ ယ်ရာ အစစ်ဖြင့် ဆည်းကပ်ကိုးကွယ် သင့်လှကြောင်း တစ်စေ့တစ်စောင်း ရေးသားလိုက်ရပါသည်။


စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ် လုံးတစ်ဝတည်း ပြည့်ဝကြပါစေဟု ဆုတောင်းလိုက်ရပါသည်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments:

Post a Comment