Friday, December 13, 2013

"ပါဒစေတီ- အပိုင်း၂

"ပါဒစေတီ- အပိုင်း၂"

••••••••••••••••••••

အဓိဋ္ဌာန်ပြုခဲ့ရာ ခြေတော်ရာ(၈)ဌာန။ ---------------------------------------ဘုရားရှင်၏ခြေတော်ရာသည်(အပိုင်း၁ တွင်ရေးသားဖော်ပြခဲ့သည့်အတိုင်း) ခြေတော်ချတိုင်း ထင်ကျန်ရစ်သည် မဟုတ်ပေ။ ခြေတော်ရာထင်ကျန်ရစ်မှုသည် ဘုရားရှင်က အဓိဋ္ဌာန်ပြုမှသာထင်ကျန်ရစ်ခြင်း ဖြစ်သည်။ အဓိဋ္ဌာန်မှုမပြုလျှင် ထင်ကျန်ရစ်ခြင်း မရှိချေ။ အဓိဋ္ဌာန်ပြုပြီးခြေတော်ရာထင်ကျန်ရစ်မှုကို လည်း တစုံတရာအကြောင်းထူးရှိမှသာဘုရားရှင်က ပြုတော်မူခြင်းဖြစ်၏။


စာပေကျမ်းဂန်တို့၌ဘုရားရှင်အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာချသောနေရာ(၈)ဌာနကို ဤသို့ပြဆိုထားလေသည်။ ၄င်းတို့မှာ-


(၁) ဒေါဏပုဏ္ဏားကြီးမြင်တွေ့စေရန် သက္ကဋ္ဌမြို့နှင့် သေတဗျမြို့တို့၏ အကြား လမ်းခရီးအရပ်ဌာန ။


(၂) မာဂဏ္ဍီပုဏ္ဏားဇနီးမောင်နှံတို့ မြင်တွေ့စေရန် ကမ္မာသဒမ္မနိဂုံးရွာကြီးနှင့် တောအုပ်အကြား လမ်းခရီးအရပ်ဌာန ။


(၃) ကုက္ကဋမိတ္တ မုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ်အတွင်း၌ ထောင်ထားအပ်သောကျော့ကွင်းနီးအရပ်ဌာန။


(၄) အဇိတ စသောရသေ့တို့ မြင်တွေ့စေရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်အတွင်း ဂန္ဓကုဋီကျောင်းအနီး အရပ်ဌာန။


(၅) အရှင်သာရိပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တစ်ခုသောတောင်ဝှမ်းအတွင်း အရပ်ဌာန။


(၆) သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်းသမန္တကူဋသုမနတောင်ပေါ်အရပ်ဌာန။


(၇) နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်အရ သုနာပရန္တတိုင်းနမ္မဒါမြစ်ကမ်းနားအရပ်ဌာန။


(၈) သစ္စဗန္ဓ ရဟန္တာမထေရ်၏ တောင်းပန်ချက်အရ သစ္စဗန္ဓတောင်ပေါ်ကျောက်ဖျာအရပ်ဌာ န စသည်တို့ပင်ဖြစ်၏။


မှတ်ချက်။ ဘုရားရှင်ခြေတော်ချခဲ့ရာ(၈)ဌာနဖြစ်သော်လည်း (၅)ဌာနတွင်ရှိသောခြေတော်ရာမှာဒေါဏပုဏ္ဏား စသော မြင်တွေ့စေချင်သ ည့် ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စများပြီးစီးပြီဖြစ်၍ အလိုအလျောက် ပျောက်ကွယ် သွားကြပြီး၊ ကျန်(၃)ဌာနတွင်ရှိသော ခြေတော်ရာကိုမူ ယနေ့ထက်တိုင် ဖူးမြင်ကြရ၏။ နမ္မဒါနဂါးမင်း တောင်းပန်ချက်အရ ချတော်မူသော ခြေတော်ရာမှာ မန်းစက်တော်ရာရှ အောက်စက်တော်ရာဖြစ်ပြီး သစ္စဗန္ဓ ရဟန္တာမထေရ် တောင်းပန်ချက်အရ ချတော်မူသောခြေတော်ရာမှာမန်းစက်တော်ရာဘု ရားရှိ အထက်စက်တော်ရာ(စေတီငုံ၍တည်ထားရာ) တို့ ဖြစ်သည်။


စေတီထိုက်သောခြေတော်ရာ။ -------------------------------မြတ်စွာဘုရား၏ ခြေတော်ရာတို့ကားပါဒစေတီဟူ၍ မည်တွင်သည့်အပြင်ဘုရားရှင်အဓိဋ္ဌာန်ဖြင့် ချတော်မူခဲ့သောပူဇော်ဖွယ်ဝတ္ထြု ဖစ်၍ ပရိဘောဂစေတီလည်း ထိုက်ပေသည်။ ဘုရားရှင်၏ မူလခြေတော်ရာကို ရည်မှန်း၍ တူနိုင်သမျှ တူအောင် ထုလုပ်ပူဇော်ထား သော ခြေတော်ရာပွာတို့သည်ကားဥဒ္ဒိဿစေတီ ထိုက်ပေသည်။


မြတ်စွာဘုရားရှင်သည် သုမနနတ်မင်း၊ နမ္မဒါနဂါးမင်းနှ င့် သစ္စဗန္ဓရဟန္တာမထေရ်တို့ တောင်းပန်ချက်အရ အမြဲထာဝရ ဖူးမြော်နိုင်ကြ ရန် ခြေတော်ရာတို့ကိုချတော်မူခဲ့သည်-ဟူသော အထိမ်းအမှတ်အဖြစ် ရှေးဆရာတော်ကြီးများ၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဂေါပကလူကြီး တို့သည် မြန်မာပြည်အနှံ့ စေတီပုထိုး၊ ဘုရားတန်ဆောင်း၊ ကျောင်းကန် အတွင်းနှင့်တောင်ပေါ်အရပ်ဒေသ ဌာနတို့၌ စကျင်ကျောက်ကိုထုလုပ်ပူဇော်လျက်ခြေတော်ရာ ပါဒစေတီတို့ကိုတည်ထားခဲ့ကြလေသည်။ လိုဏ်ဂူတို့၌မူမုခ်ဝအတွက်အဝင်အဝတွင် နံရံဆေးဖြင့် ရေးခြယ်လျက် ပါဒစေတီကို ပူဇော်ကြ၏။


ခြေတော်ရာပါဒစေတီရှိခိုးနည်း။ ---------------------------------(ဒေါင်းကျောင်းဆရာတော်၏ လင်္ကာ) သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်၊ ဝန်းရံပတ်လျက်၊ ရာရှစ်ကွက်ဖြင့် ၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမားတေဇာ၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်၊ မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ၊ ရှိတော်မူသောမြတ်စွာဘုရား... မြတ်စွာဘုရား။


ကိုးကွယ်ပူဇော်ရကျိုးများ။ --------------------------ဗုဒ္ဓခြေတော်ရာကိုတည်ထားကိုးကွယ်သူများ၊ ပန်း၊ နံ့သာတို့ဖြင့်လှူဒါန်းပူဇော်ရှိခိုးသူများသည်.. အခြံအရံပရိသတ်ပေါများခြင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းဟုဆိုအပ်သော ပကတိခရီး သွားလာရာ၌ ဘေးအန္တရာယ်ကင်းခြင်း၊ ဘဝသံသရာခရီးသွားလာရာ၌အပါယ်လေးပါး မကျနိုင်ခြင်း၊ နိဗ္ဗာန်မရောက်မီ လူအဖြစ်၊ နတ်အဖြစ်တို့၌သာ စုန်ဆန်ကျင်လည်ရခြင်း၊ ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်း၊ စကြဝတေးမင်းဖြစ်နိုင်ခြင်း၊ နောက်ဆုံးဘဝ၌ အာသဝေါကုန်ခန်းေ သာ ရဟန္တာအဖြစ်သို့ရောက်ရှိခြင်းစသောအကျိုးများကို ရရှိနိုင်ပါသည်။


(အရှင်ဘဒ္ဒန္တနာရဒါ ဘိဝံသ )


No comments:

Post a Comment