Monday, December 2, 2013

"သာသနာလင်္ကာရစာမေးပွဲအကြောင်း''

"သာသနာလင်္ကာရစာမေးပွဲအကြောင်း''


သာသနာလင်္ကာရဆိုသည်မှာ-သာသနာလင်္ကာရ၏ အဓိပ္ပာယ်မှာ “ဗုဒ္ဓမြတ်စွာသာသနာတော်၏ အဆင်တန်ဆာ(သို့မဟုတ်) ဗုဒ္ဓမြတ်စွာ သာသနာတော်ကို အလှဆင်သော ပုဂ္ဂိုလ်” ဟု အဓိပ္ပာယ်ရသည်။ အင်းဝခေတ် တောင်ဖီလာဆရာတော်အား ဆက်ကပ်ခဲ့သော ဘွဲ့ဖြစ်သည်။ [ သာသန-သာသနာတော်၏+အလင်္ကာရ-တန်ဆာ။]


သာသနာတော်ကို တန်ဆာဆင်ရာတွင်-(၁) ပရိယတ္တိ = စာပေကျမ်းဂန်သင်ကြားပို့ချမှု၊ `(၂) ပဋိပတ္တိ =ဘုရားဟောတရားတော်အတိုင်း ကျင့်ကြံမှုဟူသော အလုပ်(၂)မျိုးဖြင့် တန်ဆာဆင်ရ၏။ ထိုအလုပ်(၂)မျိုးလုပ်နေသူကိုသာ သာသနာတော်ကို အလှဆင်လျက် တင့်တယ်စေသော “သာသနာတော်၏အဆင်တန်ဆာ”ဟု ဆိုရသည်။


ပရိယတ္တိသာသနာ၏ပဓာနကျမှု-


တရားထူးတရားမြတ်ရဖို့ကျင့်ကြံရ၏၊ ကျင့်ကြံဖို့ ကျင့်ကြံနည်းကို သိရ၏၊ ကျင့်ကြံနည်းသိဖ ရှေးဦးစွာ သင်ကြားရ၏၊ ထို့ကြောင့် ပရိယတ် ပဋိပတ်အလုပ်(၂)မျိုးတွင် ပရိယတ်အလုပ်သည် ပဓာနဖြစ်၏။ သင်ကြားမှုပရိယတ်ကြောင့် သိကျင့်လိုက်နာဖွယ်ရာများကို သိရခြင်းဖြစ်၏၊ သိကျင့်လိုက်နာဖွယ်များကို သိဖို့ သိကျင့်လိုက်နာဖွယ်တွေ များစွာပါရှိသော ပါဠိတော် အဋ္ဌကထာများကို သင်ကြားကြရ၏၊ ထိုသို့ သင်ကြားရာတွင် လွယ်ကူလျှင်မြန် ထိရောက်သော နည်းစနစ် အရေးကြီးသည်။


"မဟာဂန္ဓာရုံကျောင်းတိုက်၏ပညာရေးစနစ်"


မဟာဂန္ဓာရုံကျောင်းတိုက်၏ ပညာရေးစနစ်ကို သာသနာ့အာဇာနည်တစ်ပါး ဖြစ်တော်မူသော ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်သည် “စာသင်ရင်းကျင့်၊ ကျင့်ရင်းစာသင်”ဟူသော ရည်ရွယ်ချက်ဖြင့် အကျင့်ပဋိပတ်နှင သင်ကြားမှုပရိယတ်တို့ တစ်ထပ်တည်းကျအောင် မဟာဂန္ဓာရုံပညာရေးစနစ်ကို …


အတန်းအားဖြင့် ၁။ မူလတန်း သင်ချိန် (၆)လ `၂။ ပထမတန်း ရှေ့ပိုင်း (၆)လ ၃။ ပထမတန်း နောက်ပိုင်း (၆)လ ၄။ ပထမဆင့် (၆)လ ၅။ ဒုတိယဆင့် (၆)လ ၆။ တတိယဆင့် (၆)လ အားဖြင့် အတန်း (၆)တန်းခွဲ၍ ချမှတ်တော်မူခဲ့ပါသည်။


(ယခုမှာ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်များ၌ နှစ်ပေါက်ကြိုးစားကြရသည်။)


မူလတန်းအဆင့်တွင်-(က) ရတနာ့ဂုဏ်ရည်၊ (ခ) ရုပ်ပုံရှင်ကျင့်ဝတ်၊ (ဂ) ပါဠိသိက္ခာနှင့် သဒ္ဒါအကျဉ်း၊ (ဃ) နာမ်ဂိုဏ်း အာချာတ်ဂိုဏ်း တို့ သင်ကြားရပါသည်။ ၄င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ရတနာသုံးပါး ဂုဏ်တော်အနက် အဓိပ္ပာယ်များ၊ သီလယူပုံ၊ သီလအကျိုး အပြစ် ပုံဝတ္ထု၊ ကံ, ကံ၏အကျိုး စသည်များသိရခြင်း။ သရဏဂုံယူ၊ သင်္ကန်းတောင်းပုံ,ကပ်ပုံ၊ လိင်, ဒဏ်, သေခိယ, ခန္ဓကဝတ်, ဓုတင်များ သိရခြင်း။ ကတ္တား ကံကြိယာ, ဝိသေသန, ဝိသေသသျ စသည်ထားပုံနှင့် ပါဠိစီ အနက်ပေးတတ်လာခြင်း။ နာမ်ဂိုဏ်း (၁၃)ဂိုဏ်းနှင့် အာချာတ်ရုပ်များ စဉ်တတ်လာခြင်းစသော အကျိုးကျေးဇူးကိ ရရှိနိုင်ပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ (၂၄၄)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ပထမတန်း (ရှေ့ပိုင်း)တွင်-(က) ဓမ္မပဒအဋ္ဌကထာ (ယမကဝဂ်) (ခ) အခြေပြုသဒ္ဒါ (သန္ဓိ၊ နာမ်၊ အာချာတ်) (ဂ) ကထာသလ္လာပသိက္ခာတို့ သင်ကြားရပါသည်။


၎င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဓမ္မပဒဇာတ်လမ်းများသိရခြင်း၊ သန္ဓိ နာမ် အာချာတ် ရုပ်များတွက်တတ်လာခြင်း၊ ပါဠိစကားပြောလေ့ကျင့်၍ ပြောတတ်လာနိုင်ြ ခင်းစသော အကျိုးကျေးဇူးများကို ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ (၂၄၄-၂၄၅)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ပထမတန်း(နောက်ပိုင်း)တွင်-(က) ဓမ္မပဒအဋ္ဌကထာ (အပ္ပမာဒဝဂ်) (ခ) အခြေပြုသဒ္ဒါ (ကိတ်၊ ဥဏာဒ်၊ ကာရက) (ဂ) သင်္ဂဟနှင့် အခြေပြုသင်္ဂြိုဟ် (အောက် ၃-ပိုင်း)တို့ကို သင်ကြားရပါသည်။


၎င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဓမ္မပဒဇာတ်လမ်းများပိုမို သိရခြင်း၊ ကိတ်၊ ဥဏာဒ်၊ ကာရကရုပ်များ တွက်တတ်လာခြင်း၊ သင်္ဂြိုဟ်သရုပ်များ သဘောပေါက်လာခြင်း စသော အကျိုးကျေးဇူးများ ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၅)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ပထမဆင့်တွင်-(က) ဝိနည်းမဟာဝါပါဠိတော် (ခ) အင်္ဂုတ္တိုရ်ပါဠိတော် (ဧကနိပါတ်မှ တိကအကုန်) (ဂ) ဓမ္မပဒအဋ္ဌကထာ (ယမကဝဂ်နှင့် အပ္ပမာဒဝဂ်) (ဃ) အခြေပြုသဒ္ဒါ (သန္ဓိ၊ နာမ်၊ အာချာတ်၊ ကာရက) (င) အခြေပြုသင်္ဂြိုဟ် (အောက်သုံးပိုင်းနှင့် သဘာဝအရကောက်)စသည်တို့ကို သင်ကြားရပါသည်။


၎င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဘုရားဟောပါဠိတော်ကို တိုက်ရိုက်ကိုင်၍ အနက်လှည့် နားလည် သဘောပေါက်လာခြင်း၊ သုတ္တန်များ၊ ဇာတ်ကောင်းများ၏ အကြောင်း နားလည်လာခြင်း၊ သင်္ဂြိုဟ်ကိုလည်း ဇာတ်ကောင်းများ၏ သဘော သဘာဝဖြစ်ပုံ၊ ၄င်းကို ယှဉ်ဖက်တရားစသည် ရှာဖွေထုတ်တတ်လာခြင်းစသော အကျိုးကျေးဇူးများ ရရှိလာသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၅-၂၄၆)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ဒုတိယဆင့်တွင်-(က) စူဠဝါနှင့် ပရိဝါပါဠိတော်များ (ခ) အင်္ဂုတ္တိုရ်ပါဠိတော် (စတုက္ကနိပါတမှ ဆက္ကနိပါတအကုန်) (ဂ) ဓမ္မပဒအဋ္ဌကထာ (စိတ္တဝဂ်မှ ဒဏ္ဍဝဂ်အကုန်) (ဃ) အခြေပြုသဒ္ဒါ (အစမှ အဆုံးအထိ) (င) အခြေပြုသင်္ဂြိုဟ် (အောက်၆-ပိုင်းနှင့် ဝီထိချပုံ) စသည်တို့ကို သင်ကြားရပါသည်။ ၄င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဝိနည်းသဘောဆိုင်ရာ ဝါဒများ နားလည်လာခြင်း၊ သုတ္တန်များ၏ လက္ခဏာများ သိလာခြင်း၊ ဓမ္မပဒဇာတ်များထဲမှ ဇာတ်ကောင်းများ၏ စိတ်ဖြစ်ပုံ၊ အာရုံ၊ ဘုံ၊ ပုဂ္ဂိုလ်စသည်ကို သိရခြင်းစသော ကျေးဇူးများကို ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၆)တွင် အကျယ်လေ့လာနိုင်ပါသည်။)


တတိယဆင့်တွင်-(က) ပါရာဇိကဏ်နှင့် ပါစိတ်ပါဠိတော်များ (ခ) အဂုင်္တ္တိုရ်ပါဠိတော်(သတ္တကနိပါတ်မ ဧကာဒသကနိပါတ်အကုန်) (ဂ) ဓမ္မပဒအဋ္ဌကထာ (အကုန်) (ဃ) အခြေပြုသဒ္ဒါ(အကုန်) (င) အခြေပြုသင်္ဂြိုဟ် (အကုန်)အပြင် ပဋ္ဌာန်းပစ္စည်းပြိုင်နည်းစသည်တို့ကို သင်ကြားရပါသည်။ ၄င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဝိနည်းသဘော၊ အဂုင်္တ္တိုရ်လာ လက္ခဏာများ၊ ဓမ္မပဒဇာတ်ကောင်များမှ ပဋ္ဌာန်းနည်း သွယ်ပုံ ပဋိစ္စသမုပ္ပါဒ်နည်းသွယ်ပုံ အမျိုးမျိုးကို သိရခြင်းစသော အကျိုးကျေးဇူးများ ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၆)တွင် အကျယ်လေ့လာနိုင်ပါသည်။)


မဟာဂန္ဓာရုံပညာရေးစနစ်အရ သင်ကြားလာခဲ့သော စာသင်သာသံဃာတော် တစ်ပါး၏ သာသနာအရည်အချင်းမှာ (၃)နှစ်ခန့်မျှဖြင့် ဝိနည်း(၅)ကျမ်းလုံး ပေါက်မြောက်ခြင်း၊ သုတ္တန်ပါဠိတော်အ င်္ဂုတ္တိုရ်(၁၁)ကျမ်းလုံး ပေါက်မြောက်ခြင်း၊ ဓမ္မပဒအဋ္ဌကထာကြီး(၂)အုပ်လုံး ပေါက်မြောက်ခြင်း၊ သဒ္ဒါ သင်္ဂြိုဟ်များအကုန်ပေါက်မြောက်ခြင်းအပြင် ဆိုင်ရာဆိုင်ရာ အဋ္ဌကထာ ဋီကာများကိုလည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။


အထက်ပါ အတန်းစဉ် သုံးဆင့်ကို အောင်မြင်မှသာ သာသနာလင်္ကာရစာမေးပွဲကို ဖြေဆိုခွင့်ရပြီး “သာသနာလင်္ကာရအကျော်ဘွဲ့”ကို ရရှိနိုင်ပါသည်။ (ခြွင်းချက်အနေဖြင့် သာသနာလင်္ကာရစာမေးပွဲဝင်နိုင်သည့် အရည်အချင်းရှိပါကအထက်ပါသုံးဆင့် မအောင်မြင်သော်လည်း ဖြေဆိုခွင့်ပေးပါသည်။)


ဤသို့ကျေးဇူးကြီးမားလှသော ပညာရေးမူစနစ်အရ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်များကို “မဟာဂန္ဓာရာမိကသာ သနာလင်္ကာရ”ဟူသော အမည်ဖြင့် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၂၃)ကြိမ်မြောက် ရှိခဲ့ပါပြီ။


No comments:

Post a Comment