Sunday, December 1, 2013

ပဋိစ္စသမုပ္ပါဒ်မသိလျှင်

ပဋိစ္စသမုပ္ပါဒ်မသိလျှင်.. •••••••••••••••••••••• အကြောင်းအကျိုးအမှန်ကိုမသိသည့်အတွက်ကြောင့် သတ္တဝါတွေဟာသံသရာထဲကမလွတ်နိုင်ကြတာ၊


ဘာသာတရားတွေအမျိုးမျိုးပေါ်ထွန်းတာဟာလည်း ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းတရားနဲ့ အကျိုးတရားကို မသိလို့ဘဲ၊ အကြောင်းအကျိုးတရားကို အမှန်အတိုင်းသိမ ယ်ဆိုရင် ဘာသာအယူအဆတွေ ကွဲပြားနေစရာဘာမှ အကြောင်းမရှိဘူး၊


ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့ တဲ့ ဒေသနာတော်တွေထဲမှာ ပဋိစ္စသမုပ္ပါဒ်ဟာ အလွန်အရေးပါတယ်။


မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက်မှာ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်သ လို ပဋိစ္စသမုပ္ပါဒ်ကိုလည်း ဆင်ခြင်းသုံးသပ်တယ်၊


အနုလုံ,ပဋိလုံဆင်ခြင်သုံးသပ်တဲ့အခါ သဘာဝတရားတွေထဲမှာ “ပဋိစ္စသမုပ္ပါဒ် နဲ့နိဗ္ဗာန်” ဟာအလွန့်အလွန်မြင် နိုင်ခဲတဲ့တရားတွေ, သတ္တဝါတွေသဘောကျလောက်အောင်ရှင်းပြဖို့လည်း အလွန်ခက်တဲ့တရားတွေလို့ - ဆင်ခြင်သုံးသပ်တ ယ်။


မြတ်စွာဘုရားသခင်ရဲ့ စိတ်ထဲမှာ သတ္တဝါတွေရဲ့ အနေအထား,တရားတော်ရဲ့နက်နဲခက်ခဲမှု -ဒီနှစ်ခုနှိုင်းယှဉ်လိုက် တဲ့အခါအလွန့်အလွန် အလှမ်းကွာနေတာသိရလို့.. ဒီတရားတွေကို ရှင်းပြရင် ငါပဲ ပင်းပန်းရုံရှိမှာပဲလို့ -မြတ်စွာဘုရားဟာရုတ်တရက်အလှမ်းကွာလွန်းအားကြီးတာနဲ့ တရားဟောဖို့ရန် ဝန်လေးသွားတဲ့သေ ဘာလေး ဖြစ်ပေါ်လာတယ်၊


အဲဒီအချိန်မှာသဟမ္ပတိဗြဟ္မာကြီးပေါ်လာပြီး တောင်းပန်တယ်၊


ဒါ ပဋိစ္စသမုပ္ပါဒ်ကိုဆင်ခြင်သုံးသပ်ပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့စိတ်ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင်.. သံသရာရဲ့ ထွက်ပေါက်ရဖို့ရာအလွန်ခဲယဉ်းတယ်။


(ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ )


No comments:

Post a Comment