Tuesday, December 17, 2013

"သမုဒ္ဒရာနှယ် အံ့ဖွယ်ရှစ်ဖြာသာသနာ"

"သမုဒ္ဒရာနှယ် အံ့ဖွယ်ရှစ်ဖြာသာသနာ" ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦ ◦

(၁) အစဉ်နက်ဝှမ်းဆို တာ မဟာသမုဒ္ဒရာရဲ့ ရေဟာကမ်းစမှာကတည်းက ထောက်တည်လို့မမီအောင်နက်ဝှမ်းတာမဟုတ်ဘဲ အစဉ်အတိုင်း တဖြည်းဖြည်းနက်န က်သွားသလို သာသနာမှာလည်းစစခြင်းမဂ်ဖိုလ်နိဗ္ဗာန် ဆိုပြီး နက်နဲသွားတာမဟုတ်ဘဲ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာမဂ်ဖိုလ်နိဗ္ဗာန်ဆိုပြီး အစဉ်အတိုင်း နက်နက်သွားတာဖြစ်တယ်။


(၂) ကမ်းကိုမလွန်ဆိုတာ သမုဒ္ဒရာမှာရေတွေ ဘယ်လောက်များနေနေ ကမ်းကိုကျော်လွန်မသွားသလို သာသနာတော်မှာ သာသနာ့ဝန် ထမ်းဆောင်ကြတဲ့ဘုရားရှင် တပည့်သားတို့လည်းမြတ်စွာဘုရားပညတ်ထားတဲ့သိက္ခာပုဒ်ဆိုတဲ့ကမ်းကိုအသက်ကြောင့်ပဲဖြ စ်ဖြစ် မကျူးလွန်ကြဘူး။


(၃) ရွံဖွယ်ဆက်ပစ်ဆိုတာ သမုဒ္ဒရာထဲမျောဝင်လာတဲ့ အသေကောင်ပုပ်စတဲ ရွံစရာတွေဟာသမုဒ္ဒရာထဲမှာတည်နေလို့မရဘူး။ သမုဒ္ဒရာလှိုင်းများကကမ်းဘက်ရောက်အောင် လှိုင်းနဲ့ပုတ်ထုတ်ပစ်သလိုသာသနာမှာလည်း အကျင့်ယုတ်၊ အကျင့်ပျက်အယောင်ဆောင်စတဲ့ ၊ သူတော်စင်တို့ရဲ့ရွံရှာဖွယ်အကျင့်၊ ပြုကျင့်သူတွေနေ လို့မရဘူး။ ဒါမျိုးကြုံလာရင် သံဃာတော်က ဝိနည်းကံနဲ့အညီဖယ်ရှားပစ်လိုက် တယ်။


(၄) တစ်မည်ဖြစ်ခြင်းဆိုတာ သမုဒ္ဒရာထဲစီးဝင်ကြတဲ့ဂင်္ဂါ၊ ယမုံနာစတဲ့မြစ်ေ ရတွေဟာသမုဒ္ဒရာကိုရောက်တဲ့အခါဂဂ်ါမြစ်ရေ၊ ယမုံနာမြစ်ရေစတဲ့မူလအမည်တွေပျောက်ပြီး မဟာသမုဒ္ဒရာရေဆိုတဲ့ အမည်တစ်ခုသာဖြစ် သွားသလိုသာသနာ့ဘောင်ရောက်လာသမျှ ဒွန်းစဏ္ဍားကမင်းမျိုးအထိ အမျိုးသားအားလုံးတို့ဟာ သာသနာ့ဘောင် ရောက်ပြီဆိုတာနဲ မူလအမျိုးအနွယ်အမည်တွေပျောက်ပြီး‘သကျပုတ္တ သာကီ နွယ်ဖွား၊ ဘုရားသား’ဆိုတဲ့ အမည်တမျိုးတည်းဖြစ်သွားတယ်။


(၅) မယွင်းမတိုးဆိုတာက သမုဒ္ဒရာမှာမိုးခေါင်းခြင်း၊ မိုးကြီးခြင်းဆိုတာကို အကြောင်းပြုပြီး ရေလျှော့တာလျှံတာဆိုတာမရှိသလို သာသနာတော်မှာလည်းနိဗ္ဗာန်ကိုမျက်မှောက်ပြုကြတဲ့ အရိယာပုဂ္ဂိုလ်တွေအနည်းအများကိုအကြောင်းပြုပြီး နိဗ္ဗာန်ဆိုတဲ့အအေးဓာတ်၊ အငြိမ်းဓာတ်က လျော့နည်းသွားတာပိုလွန်သွားတာရယ်လို့မရှိဘူး။


(၆) ဆယ်မျိုးရတနာဆိုတာ ရေစီးနဲ့အတူမျောပါလာတဲ့ကျောက်သံပတ္တမြား ဆိုတဲ့ကုန်းပိုင်းရတနာတွေနဲ့ ပုလဲဆိုတဲ့ ရေတွင်းရတနာတွေပါစုပေါင်းဆုံဆည်းရာဖြစ်လို့ သမုဒ္ဒရာဟာရတနာဆယ်မျိုးတို့ရဲ့ စုဝေးရာအရပ်ဖြစ် သလို သာသနာတော်မှာလည်းသတိပဋ္ဌာန်သမ္မပဒါန်စတဲ့ မဂ်ဉာဏ်ရဲ့ အသင်းဝင် ဗောဓိပက္ခိယတရား( ၃၇)ပါးဆိုတဲ့ ရတနာစစ်တို့ရဲ့ စုဝေးရာဖြစ်တယ်။


(၇) ရသာဆားတူဆိုတာ သမုဒ္ဒရာရေဟာဆားလိုငန်တဲ့အရသာ တစ်မျိုးသာရှိသလိုသာသနာတော်မှာလည်း ဝိမုတ္တိရသခေါ်တဲ့အရသာတစ်မျိုးသာ နောက်ဆုံးအနှစ်သာရဖြစ်တယ်။


(၈) ကြီးသူနေရာဆိုတာက သမုဒ္ဒရာဟာငါးကြီးအာနန္ဒာတို့လို ငါးကြီးတွေ၊ နဂါးတွေအစရှိတဲ့ ကြီးမားတဲ့သတ္တဝါကြီးတွေရဲ့ နေရာဖြစ်သလိုသာသနာတော်ကလည်းသီလ၊ သမာဓိ၊ ပညာကြီးမားကြတဲ့ သောတာပန်အစ ရဟန္တာအစရှိတဲ့ပုဂ္ဂိုလ်မြတ်ကြီးတို့ရဲ့ နေရာဖြစ်တယ်။ ဒါဟာသမုဒ္ဒရာနဲ့တူတဲ့ သာသနာတော်ရဲ့နေရာဖြစ်တယ်။ဒါဟာသမုဒ္ဒရာနဲ့တူတဲ့ သာသနာတော်ရဲ့ အံ့ဖွယ်ရှစ်ဖြာဖြစ်တယ်။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


No comments:

Post a Comment