Tuesday, December 17, 2013

“...သောတာပန်ဖြစ်ပုံ လေးမျိုး ...”

“...သောတာပန်ဖြစ်ပုံ လေးမျိုး ...”


-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-


၁။သောတာနုဂမန –ဗုဒ္ဓရဲ့တရားတော် တွေကို နားယဉ်အောင် နားကြားထားသောပုဂ္ဂိုလ်။


၂။ဝစသာပရိစယ =ဗုဒ္ဓရဲ့တရားတော် တွေကို နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။


၃။ မနသာနုပေက္ခန=ဗုဒ္ဓရဲ့တရားတော် တွေကို စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်။


၎။ ဒိဋ္ဌိယာသုပ္ပဋိဝေဓ =ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထား သော ပုဂ္ဂိုလ်။


ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီးရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင်အပါယ်မကျဘဲ


၁။ နတ်ပြည်ရောက်တာနဲ့ချက်ခြင်း သောတပန်တည်ပါတယ်။


(သို့)


၂။ အရှင်မဟာမောဂ္ဂလာ န်မထေရ်ကဲ့သို့တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါးနတ်ပြည်တက်လာပြီး ဟောကြားတဲ့တရားကိုနာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလိ သတိရပြီးသောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။


(သို့)


၃။ ပဉ္စာလစဏ္ဍ၊ အတ္ထကဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့ ဓမ္မကထိကနတ်သားတစ်ပါးပါ ဟောတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလိ သတိရပြီးသောတာပတ္တိမဂ်ကို ရပြန်တယ်။


(သို့)


၎။ လူ့ဘ၀ကတရားအတူနာဘက် အတူအားထုတ်ဖက် နတ်သားနတ်သမီးချင်းတွေ့ ပြီး တရားအကြောင်းဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။


(ထိုလေးနည်းကတစ်နည်းနည်းဖြင့ သောတာပန်တည်ရကြောင်း ဗုဒ္ဓက ဟောတော်မူထားပါတယ်)


အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်


မေတ္တာဖြင့် စုစည်းဝေမျှသူ - အနှိုင်းမဲ့စာတို ပေစများ (www.infinitydhamma.com)မှကူးယူဖေါ်ပြသည်။


No comments:

Post a Comment