Monday, November 18, 2013

လူအများသိကြသည့်ခုနှစ်စဉ်ကြယ်

>>> လူအများသိကြသည့်ခုနှစ်စဉ်ကြယ် <<<


ခုနှစ်စဉ်ကြယ် ကျွန်တော်တို့ တော်တော်များများသိကြသည်။ မြောက် ဘက်ကောင်းကင်ယံတွင် အလွန်ထင်ရှားသော ကြယ်အစုအဝေး ဖြစ်သည်။ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် ခုနှစ်စဉ်ကြယ်သည် မြန်မာဂဏန်း (၇) နှင့် ပုံသဏ္ဍန်အားဖြင့် အလွန်ပင်နီးနီးစပ်စပ် တူညီသည့်အတွက် ခုနှစ်စဉ်ကြယ်ဟု ခေါ်ခဲ့ကြသည်ဟု ထင်မိပါသည်။ မြန်မာတို့က ခုနှစ်စဉ် ကြယ်ဟု အမည်ပေးခဲ့သည့်အပြင် ကြယ်များကိုလည်း ဦးခေါင်းဘက်မ...ှ စတင်၍ ကြာသပတေးကြယ်၊ အင်္ဂါကြယ်၊ စနေကြယ်၊ ဗုဒ္ဓဟူးကြယ်၊ သောကြာကြယ်၊ တနင်္ဂနွေကြယ်၊ တနင်္လာကြယ် ဟု အစဉ်အတိုင်း ကြယ်တစ်လုံးစီကို အမည်ပေးခဲ့ကြသည်။ အတိုကောက်အားဖြင့် နေ့သင့် နံသင့် ကဗျာသဏ္ဍန်အမည်ပေးခဲ့ကြသည်။ ကဗျာမှာ မ,စက်,တတ်,လေ၊ သည်း,အူ,ကြွေ၊ ရေလေအစ၊ ဦးခေါ်င်းက ဟူ၍ဖြစ်သည်။ နေ့သင့်နံသင့်ပြန် ဆိုကြည့်ပါက အထက်ပါအစီအစဉ်အတိုင်း ကြယ်များ၏အမည်ကိုတွေ့ရမည် ဖြစ်သည်။ ခုနှစ်စဉ်ကြယ်အပြင် အချို့နေရာများတွင် ကြယ်ရေမှုတ်၊ ကြယ်မိချောင်း စသည်ဖြင့် အခေါ်အဝေါ်များလည်း ရှိခဲ့သည်။ သို့သော် အမေရိကန်လူမျိုး များအမြင်တွင် ဟင်းခတ်သည့် ယောက်ချိုဇွန်းကြီး ပုံသဏ္ဍန် ရှုမြင်ခဲ့ကြသည်။ သို့အတွက် ယောက်ချိုဇွန်ြး ကီး (Big Dipper) ဟုခေါ်ခဲ့ကြသည်။ အင်္ဂလိပ်လူမျိုးများကမူ ခုနှစ်စဉ်ကြယ်၏ အမြီးကို လက်ကိုင်အဖြစ်မြင်၍ ခုနှစ်စဉ်ကြယ်ကို ထယ်သွားပုံအဖြစ် မြင်ခဲ့ကြသည်။ သို့အတွက်ကြောင် ယင်းကြယ်အတွဲကို ထယ် (Plough) ဟု ကင်ပွန်းတပ် ခဲ့ကြသည်။


အနောက်တိုင်းက ခုနှစ်စဉ်ကြယ်အမည် ထို့အပြင် အနောက်တိုင်းနက္ခ တ္တဗေဒပညာတွင်လည်း ခုနှစ်စဉ်ကြယ်ရှ ကြယ်ခုနှစ်လုံးကို အမည်များ ပေးထားခဲ့သည်။ ယင်းတို့မှာ အထက်ပါအ တိုင်းပင် ခုနှစ်စဉ်ကြယ်၏ ဦးခေါင်းပိုင်းမှစတင်ပါက ဒို့ဘ်ဟာ့ခ်ျ (Du bhe) DOOB-huh ၊ မားရက်ခ် (Merak) MER-ak ၊ ဖိဒါ (Phecda) FEK-da ၊ မက်ဂ်ရက်ဇ် (Megrez) meg-REZ ၊ အယ်လီအို့သ် (Alioth AL-lee-oth) ၊ မီဇာ (Mizar MYE-zahr) ၊ နှင့် အယ်လ်ကိတ်ဒ် (Alkaid) AL-kade တို့ဖြစ် ကြသည်။ (ကွင်းများနောက်တွင် အသံထွက်များကို ဖော်ပြထားပါ သည်။) အမှန်အားဖြင့် ခုနှစ်စဉ်ကြယ်ပါ ကြယ်ခုနှစ်လုံးသည် ကမ္ဘာမှ တူညီစွာ ကွာဝေးသောပြင်ညီတစ်ခုတည်းတွင် တည်ရှိနေကြသည်တော့ မဟုတ်ပေ။ ပါဝင်သော ကြယ်တစ်လုံးစီသည ကမ္ဘာမှအကွာအဝေးခြင်း မတူညီကြသကဲ့သို့ ပြန့်ကားနေသော စကြ၀ဠာသီအိုရီအရ တစ်ခု နှင့် တစ်ခုဝေးရာသို့ အလွန်လျှင်မြန်ေ သာနှုန်းနှင့် ရွေ့လျားလျက်ရှိနေကြသည်။ အကွာအဝေးအားဖြင့် တင်ပြရမည်ဆိုပါက ပထမဦးဆုံးကြယ်ဖြစ်သော ဒို့ဘ်ဟာ့ခ်ျ ကြယ်သည် ကမ္ဘာမှ အလင်းနှစ် (light year) ၁၀၅ နှစ်တွင် လည်းကောင်း၊ မားရက်ခ် သည်အလင်းနှစ် (၇၈)နှစ်တွင် လည်းကောင်း၊ ဖိဒါကြယ်သည် အလင်းနှစ် (၉၀) နှစ်တွင် လည်းကောင်း၊ မက်ဂ်ရက်ဇ် သည် အလင်းနှစ် (၆၃)နှစ်တွင် လည်းကောင်း၊ အယ်လီအို့သ်သည် အလင်းနှစ် (၆၈)နှစ် အကွာအဝေးတွင်လည်းကောင်း၊ မီဇာသည် အလင်းနှစ် (၂၁၀) နှစ်အကွာ တွင် လည်းကောင်းအသီးသီး တည်ရှိနေကြသည်။


No comments:

Post a Comment