Wednesday, November 20, 2013

ဆရာကြီး ဦးဖေမောင်တင်

ဆရာကြီး ဦးဖေမောင်တင် ================== ကိုလိုနီခေတ်မှာ မြန်မာစာကို တက္ကသိုလ်မှာ မသင်မနေရ ဖြစ်အောင် ကြိုးပမ်း အားထုတ်ခဲ့သည့် အပြင် ပထမဆုံး မြန်မာအမျိုးသားများထဲမှ ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ဖြစ်ခဲ့သူကတော့ ဦးဖေမောင်တင်ဖြစ်ပါတယ်။


ဆရာဦးဖေမောင်တင်ကို ၁၈၈၈ အင်္ဂါနေ့ ဧပြီလ ၂၄ ရက်မှာ မွေးဖွားသူဖြစ် ပါတယ်။ အင်းစိန် မြန်မာစာသင်ကျောင်းမှာ ပညာသင်ပြီး ၇ တန်းမှာ မြန်မာ တနိုင်ငံလုံး ပထမဆု ရခဲ့ပါတယ်။ ၁၉၀၅ ၊ ၉ တန်းမှာလည်း စာမေးပွဲမှာ ပထမရပြန်သဖြင့် ရနောင်းဘုရင်ခံ ချီးမြင့်တဲ့ ရနောင်းဆုကို ရပါတယ်။


ကာလကတ္တား တက္ကသိုလ်မှ မဟာဝိဇ္ဇာ စာမေးပွဲကို မြန်မာပြည်ကနေ ဖြေရာ အောင်မြင်သဖြင့် ၁၉၁၁ မှာ မဟာဝိဇ္ဇာဘွဲ့ ရသည်။ ကာလကတ္တား တက္ကသိုလ် တခုလုံးတွင် ဒုတိယ နဲ့ ဘွဲ့ရခြင်းဖြစ်သည်။


ထိုခေတ်က အထက်တန်းပြဆရာဖြစ်ဖို့ဆိုတာ တကယ့်ကို ထိတ်ထိတ်ကြဲတော်နေမှ ရတာပါ။ ဒါနဲ့ ၁၉၁၁ မှာပဲ ရန်ကုန်မှာ အထက်တန်း ဆရာလုပ်ပါတယ်။ ထိုစဉ်ရန်ကုန် ကောလိပ် ပါဠိ ပါမောက္ခက ရားထူးတက်သွားသဖြင့် ဆရာကြီးကို ပါမောက္ခနေရာ ခံလိုက်ပါတယ်။ ထိုစဉ် ဆရာမှာ အသက် ၂၄ နှစ်သာရှိသေးပါတ ယ်။


၁၉၂၀ မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် မှာ ပညာထပ် ဆည်းပူးပါတယ်။ ဆရာဟာ အဌသာလိန်ီ ၂ ကျမ်းနဲ့ ၀ိသုဒ္ဒိမဂ် ၃ ကျမ်း မူရင်း ပါဠိသာသာကနေ အင်္ဂလိပ် ဘာသာသို့ ပြန်ခဲ့ပါတယ်။ အဲတာကြောင့် စာပေ၀ိဇ္ဇာ (ဘီလစ်) ဘွဲ့ ကိုရပါတယ်။


အင်္ဂလန်ကနေ ပြန်လာပြီး ရန်ကုန် တက္ကသိုလ်မှာ အရှေ့တိုင်း ဘာသန္တရ ပါမောက္ခ အဖြစ် ဆောက်ရွက်ပါတယ်။ ဆရာကြီး အင်္ဂလန်ကနေ ပြန်ရောက် တော့ မြန်မာစာအခြေအနေမှာ အရမ်း နိမ့်ကျ လျက်ရှိသဖြင့် မြန်မာစာ ဌာန ဆိုပြီး မရှိသေးပါ။ ထိုကြောင့် ဆရာကြီးမှ မြန်မာစာကို အဆင့်မြင့်မြင့် သင်ကြားစေရန် ကြိုးပမ်းဆောက် ရွက်ပါတော့တယ်။ ဆရာကြီးရဲ့ ကြိုးပမ်းချက်ြေ ကာင့် မြန်မာစာဌာန လည်း ပေါ်ပေါက်လာပြီး ကျောင်းသားများလ ည်း မြန်မာစာပေနဲ့ ပိုမိုပြီး အကျွမ်း တ၀င်ဖြစ်လာကာ အမျိုးသားစိတ်ဓါ တ်များ ရှင်သန်ဖို့ အစပျိုးခြင်း ဖြစ်သည်။


ဆရာကြီးမှာ မြန်မာသဒ္ဒါကျမ်း၊ မြန်မာဝါကျ ဖွဲ့ထုံးကျမ်း အစရှိသဖြင့် ယခု ခေတ် မြန်မာဖတ်စာအုပ်များမှာ ဆရာကြီး ဦးဖေမောင်တင်၏ လေ့လာရှာဖွေ ကြိုးပမ်းချက်များဖြစ်ပါတယ်။


ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ၊ ဘာသာပြန် စာပေအသင်း အဖွဲ့ ဥက္ကဌ၊ မြန်မာသမိုင်း ကော်မရှင် ဥက္ကဌ အဖြစ် ဆောက် ရွက်ရင်း ၁၉၆၄ မှာ အငြိမ်းစားယူခဲ့ ပါတယ်။


ဆရာကြီးဟာ အသက် ၈၅ အရွယ် မတ်လ ၂၂ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ မြန်မာစာပေထွန်း ပေါက်အောင် တဘက်တလမ်းမှ ကြိုး ပမ်းဆောက်ရွက်ပေးသည့် ပုဂ္ဂိုလ်ဖြစ်သဖြင့် မမေ့သင့်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ် ပါသည်။


( ၂၀၀၂ ရာပြည့်စာအုပ်တိုက်ထုတ်၊ စာဆိုတော်များ အတ္တုပ္ပတ္တိ ကနေ ကောက်နုတ်ပါတယ်)


From- သုတစွယ်စုံကျမ်း -->


No comments:

Post a Comment