Wednesday, November 13, 2013

မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်များ သမိုင်းကြောင်း

မြန်မာနိင်ငံ နည်းပညာ တက္ကသိုလ်များရဲ. သမိုင်းကြောင်း


၁၉၂၄ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာ ဌာနကို ၁၉၂၄ ခုနှစ်မှာ ရန်ကုန်မြို့တွင်း (ယခု ရန်ကုန်ပြည်သူ့ဆေးရုံကြီး) နေရာမှာ တိုးချဲ. အဆောင်အဖြစ် စတင်ဖွင့်လှစ်ခဲ့တယ် ။ စတင်ဖွင့်လှစ် စဉ်က ကျောင်းသား ၁၇ ဦး နှင့် ကထိက ၂ ဦးသာ ရှိပါတယ် ။ Civil engineering ဘာသာရပ်ကိုသာ သင်ကြားခဲ့ပါတယ် ။


၁၉၂၇ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာဌာနကို ၁၉၂၇ ခုနှစ်မှာ အင်းစိန်မြို.နယ် BOC college of engineering and mining အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ် ။ ပထမ တည်နေရာနဲ.မြောက်ဘက် ၄ မိုင်အကွာမှာပါ ။


၁၉၃၈ - စက်မှုစွမ်းအား (mechanical engineering) ၊ လျှပ်စစ် စွမ်းအား (electrical engineering) ဒီဂရီ သင်တန်း ၂ ခုကို စတင်သင်ကြားခဲ့ပါတယ် ။


၁၉၄၆ - စစ်ကြီး ပြီးဆုံးတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ် ရဲ. အင်ဂျင်နီယာ ဌာန ကို ပိုပြီး တိုးချဲ.ခဲ့ပါတယ် ။


၁၉၅၄ - လေးနှစ် ဒီဂရီ အင်ဂျင်နီယာ သင်တန်း များ Mining, Chemical, Metallurgy and Architecture အတန်းတွေကို ထပ်မံတိုးချဲ့ခဲ ပါတယ် ။


၁၉၅၅ - Textile engineering ဌာနကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၅၇ - Water and Sanitation Engineering ဒီဂရီ သင်တန်းကို စတင်သင်ကြားခဲ့တယ် ။ အဲ့ဒီ သင်တန်းဟာ ၁၉၆၁ မှာ ကျောင်းသား ဦးရေ နည်းပါးတဲ့ အကြောင်းပြချက်နဲ. ရပ်ဆိုင်းခဲ့ရတယ် ။


၁၉၅၈ - နိင်ငံတော် အစိုးရက ငွေကျပ် ၁၅ သန်း အသုံးပြုပြီးတော့ BOC ကောလိပ် ပတ်ဝန်းကျင်မှာ အဆောက်ဦး သစ်များဆောက်လုပ်ခဲ့တယ် ။ အဲ့ဒီနှစ်မှာပဲ ဘာမားဆိုဗီယက် သဘောတူညီချက်အရ အင်းစိန် ကြို့ကုန်း မှာ ကောလိပ်တခု ဆောက်လုပ်ခဲ့ပါတယ် ။


၁၉၆၁ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာ ဌာန ကို အင်းစိန် ကြို့ကုန်းမှာ Burma Institude of Technology (BIT) အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၆၄ - Burma Institude of Technology ကို Rangoon Institute of Technology, (RIT) အဖြစ်ပြောင်းလဲ ပြီးတော့ ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်ပြီးတော့ သီးခြား စက်မှုတက္ကသိုလ် အဖြစ်ရပ်တည်နိင်ခဲ့ပါတယ် ။


၁၉၉၀ - Rangoon Institute of Technology, (RIT) ကို Yangon Institute of Technology, (YIT) အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ် ။


၁၉၉၁ - The Mandalay Institute of Technology, (MIT) ကို စတင်ဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၉၇ - နည်းပညာတက္ကသိုလ်များကို ပညာရေး ၀န်ကြီးဌာန လက်အောက်မှ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာန လက်အောက်သို့ပြောင်းလဲခဲ့တယ် ။ Phd ဒေါက်တာ ဘွဲ့များအထိ ပြည်တွင်းမှာပဲ သင်ကြားရေး တိုးချဲ့ ဖွင့်လှစ်ခဲ့တယ် ။


၁၉၉၈ - ပြည် နည်းပညာတက္ကသိုလ် ကိုဖွင့်လှစ်ခဲ့တယ် ။ YIT နဲ့ Nanyang Technological University, NTU, in Singapore တို့ကို ချိတ်ဆက်ခဲ့တယ် ။ Yangon Institute of Technology, (YIT) ကို Yangon Technological University (YTU) အဖြစ်နာမည်ပြောင်းလဲခဲ့ပါတယ် ။


၁၉၉၉ - YTU နဲ့Universiti Teknologi Malaysia, UTM, Malaysia. တို့ချိတ်ဆက်ခဲ့ တယ် ။ ရန်ကုန်နည်းပညာတက္ကသိုလ် (လှိုင်သာယာနယ်မြေ) (ယခု ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်) ကိုဖွင့်လှစ်ခဲ့တယ် ။


၁၉၉၉ - အစိုးရနည်းပညာကောလိပ် (GTC) များကို မြန်မာ နိင်ငံ မြို့အနှံ အပြားမှာ ဖွင့်လှစ်သင်ကြားကာ AGTI , BTech , BE အဆင့်ဆင့် ၅ နှစ်တက်ရောက်ရသော အင်ဂျင်နီယာဘွဲ့ သင်ကြားရေး စနစ်ကို စတင်ခဲ့ပါတယ် ။


၂၀၀၅ - နည်းပညာ ကောလိပ်များရဲ့ တူညီဝတ်စုံ ကို စတင်သတ်မှတ်ခဲ့ပါတယ် ။


၂၀၀၇ - အစိုးရနည်းပညာကောလိပ်များကို နည်းပညာ တက္ကသိုလ်များအဖြစ် ပြောင်းလဲခဲ့တယ် ။ AGTI , BTech , BE အဆင့်ဆင့် ၅ နှစ်တက်ရောက်ရသော အင်ဂျင်နီယာဘွဲ့ သင်ကြားရေး စနစ်ကို တော့မပြောင်းလဲခဲ့ပါဘူး ။


၂၀၁၂ - YTUနှင့် MTU ကိုအဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ်အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်ပြီး အင်ဂျင်နီယာ တိုက်ရိုက် ၆ နှစ်သင်တန်းသတ်မှတ်ခဲ့ပြီး ကျောင်းတကျောင်း တွင် ကျောင်းသား ဦးရေ ၂၅၀ သာတက်ရောက်စေခဲ့ပါတယ် ။ ကျန်ရှိသော နည်းပညာတက္ကသိုလ်များမှာ AGTI မှ အင်ဂျင်နီယာဘွဲ့ အထိ ၇ နှစ်တက်ရောက်စေခဲပါတယ် ။


၂၀၁၃ ယနေ့ချိန်ထိ -နည်းပညာတက္ကသိုလ်များမှာ တွင် B.Tech ၄ နှစ် BE ၂ နှစ် ၊ စုစုပေါင်း ၆နှစ် အင်ဂျင်နီယာဘွဲ့ စနစ်ကို ပြောင်းလဲ စတင်ရန်စီစဉ် ။


အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်း (GTHS) ကျောင်းသားတွေကိ နည်းပညာတက္ကသိုလ်တွေမှာဆက်တက်လို့ မရတော့ဘဲ GTI ကျောင်းတွေမှာပဲ တက်ခွင့်ပေးခဲ့ပြီး AGTI ဒီပလိုမာထိသာ ပေးမည့် စနစ်တခု အကောင်အထည် ဖော်ရန်စီစဉ် ။


Source: - Rangoon Institute of Technology - 1966-67 Official Handbook


Yangon Technological University Official Handbook - May, 1999 Yangon Technological University Official Handbook - May, 1999


No comments:

Post a Comment