Saturday, November 23, 2013

::: ဗုဒ္ဓသည် ဥရောပ၊ အမေရိကတိုက်များ သို့ သာသနာပြုခဲ့သလော ::

::: ဗုဒ္ဓသည် ဥရောပ၊ အမေရိကတိုက်များ သို့ သာသနာပြုခဲ့သလော ::: *************************************************


ဘုရားသခင်ဟာသုံးလောကမှာဆရာလို့ပြောပါတယ်။ စကြာဝဠာမှာတစ်ဆူတည်းသောဘုရားလို့ ပြောပါတယ်..ဒါပေမယ့် မြတ်စွာဘုရားဟာ ကမ္ဘာကိုတောင် မနှံ့ပါဘူး..သူကျင်လည်ခဲ့တဲ့ အာရှတိုက် ပတ်ဝန်းကျင်တွင် သာ သူ့အယူဝါဒ ပျံ့နှံခဲ့ပါတယ် ..စကြာဝဠာမှာတစ်ဆူတည်းသော ဘုရား ဟာနတ်တွေ ၊ ဗြဟ္မာတွေ ကိုတောင် တရားဟော...တာဝတိံသာတို့ဘာတို့တောင် တက်ပြီး တရားဟောသေးတာပဲ ...ဘာလို့လူလူချင်းအတူတူ ...ကမ္ဘာလောကကလူတွေကို စုံအောင်တရားမဟောတာလဲ...ဘာသာစကား အခက်အခဲကြောင့်မ ဟောနိုင်တာလားလို့လဲစဉ်းစားရပါတ ယ်...ပါဠိစကားက အဲ့ဒီခေတ်အခါက အိန္ဒိယမှာလူပြောများတဲ့ စကားဖြစ်ကောင်းဖြစ်နိုင်ပါတယ် ..ဥရောပတို့ အာဖရိကတို့..အမေရိက တိုက်တို့ကို မရောက်ခဲ့ပါဘူး. . ဗိုလ်ကြီးထွန်းလင်းကျော်(ကထိက) ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် (အဖြေ ) မြတ်စွာဘုရားဟာကျွတ်ထိုက်တဲ့သတ္တ၀ါ၊ လူသား၊ နတ်ဗြဟ္မာ၊ တိရိစ္ဆာန်မည်သူမဆို မည်သည့် နေရာမှာရှိနေသည်ဖြစ်စေ ကြွရောက်ကာ တရားဟောချေချွတ်လေ့ရှိပါတယ်၊ တပါးတည်းဖြစ်စေ၊ တခါတရံနောက်လိုက်သံဃာများဖြင့်ဖြစ်စေ ကြွတော်မူလေ့ရှိတယ်၊ ချေချွတ်ရမည့် သတ္တ၀ါမရှိလျင်၊ သို့မဟုတ် ကြွတော်မူသော်လည်း တစုံတစ်ဦးအတွက် အနည်းဆုံးတိရိစ္ဆာန်တစ်ကောင်အတွက်ပင်ဖြစ်ေ စ အကျိုးမရှိ ဘူးဟု ဥာဏ်တော်ဖြင့်သိ တော်မူလျင် ရှင်ဘုရင်၊ သူဋ္ဌေး၊ မူးမတ်စသည်ဖြင့် မည်သူက ပင့်လျောက်သည်ဖြစ်စေ မကြွပါဘူး။ ဘာလို့ လူလူချင်းအတူတူ ကမ္ဘာလောကကလူတွေက စုံအောင်တရားမဟောသလဲ ဆိုတော့ လူအားလုံးက မကျွတ်ထိုက်သေးလို့မဟောခဲ့တာပါ၊ ကျွတ်ချိန်တန်နေ ပြီ ဆိုလျင်တော့ တကူးတကသွားရောက်ချေချွ တ် တော်မူပါတယ်၊ အဲဒီထဲကထင်ရှားတဲ့ သာဓကတစ်ခုကတော့ ဘုရားရှင်ဟာမလ္လာမင်းတို့ရဲ့ ကုသိန္နာရုံမှာပရိနိဗ္ဗာန်စံဖို့ အတွက် သွေးဝမ်းတော်လား နေပါလျက် ခဲခဲယဉ်းယဉ်း၊ ပင်ပင်ပန်းပန်ြး ကွသွားတော်မူခဲ့တာဟာအဲဒီအရပ်မှာရှိနေတဲ့ နောက်ဆုံးသာဝကအဖြစ်ချွတ်ရမယ့်သုဘဒ္ဒ ဆိုတဲ့ ပရဗိုဇ်ကြီးရှိနေခဲ့တာအကြောင်းတစ်ရပ်အနေနဲ့ ပါဝင်ခဲ့တယ်၊ သုဘဒ္ဒကလဲ အဲဒီအချိန်မှာဘုရားရှင်ကို ဖူးမြှော်ဖို့ ဆန္ဒအရမ်းပြင်းပြ နေတယ်ဆိုပါတော့၊ မှန်ပါတယ်..အေပ် ာ္အပါးလိုက္စားေ နတဲ့လူတေယာက္ကုိ လာစမ်း. ထိုင်စမ်း. တရားနာစမ်းလို့ ခိုင်းပြီး တရားဟောလျင် ကျွတ်နိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့်မြတ်ဘုရားအတွက် လူသားများက ကာမဂုဏ်အာရုံငါးပါး ခံစားချင်နေတာကိုအတင်းပဲတရားဟောနေလို့ မဖြစ်နိုင်ဘူး၊ သို့သော် ကျွတ်ချိန်တန်ပြီဆိုတာကို မြင်တော်မူလျင်တော့ နည်းမျိုးစုံဖြင့်တရားနာ ချင်အောင်ဟောပြေ ချချွတ်တော်မူပါတယ်၊ လိုအပ်လျင် တရားနာမည့်သူ ရှိတဲ့နေရာအထိ ဘုရားရှင်ကိုယ်တော် တိုင်ခရီး ဦးကြိုသွားပြီး ဟောသင့်လျင်ဟောတော် မူခဲ့ပါတယ်။ ဗုဒ္ဓစာပေလာမှတ်တမ်းများအရ-၁။အာဠာဝကအတွက် ယူဇနာပေါင်း(၃၀) အထိ၊ ၂။လူဆိုးဗိုလ်အဂုင်္လိမာလနှင့်၊ ပုက္ကုသာတိမည်သော ရှင်ဘုရင်အားချေချွတ်ရန်အတွက် (၄၅) ယူဇနာခရီးအထိ၊ ၃။မဟာကပ္ပိနမင်းအတွ က် ယူဇနာပေါင်း (၂၀၀) အထိ၊ ၄။ဓနိယမထေရ်အတွက်ယူဇနာပေါင်း(၇၀၀) မျှအထိ ဘုရားရှင်ကိုယ်တော်တိုင်ခရီးဦးကြိုဆိုကာ တရားဟောပေးတော်မူခဲ့တယ်။( ယနေ့ခေတ် တစ်ယူဇနာကို(၈)မိုင်နှုန်းဖြ င့် ပညာရှင်အများစုလက်ခံ ထားကြသည်၊) ဗုဒ္ဓမြတ်စွာမှာဘာသာစကားအခက်အခဲ ဆိုတာ မရှိပါဘူး၊ ဘယ်စကြာဝဠာကသတ္တ၀ါဖြစ်ဖြစ်ကျွတ်တမ်း ၀င်မည့်သူဖြစ်လျင် နားလည်အောင်ဟောနိုင်စွမ်းရှိပါတ ယ်၊ ယနေ့ခေတ်မှာသာမာန်လူတယောက်ေ တာင် ဘာသာစကား (၇)မျိုးလောက်တတ်သေး တယ်ဆိုလျင် မနှိုင်းယှဉ်အပ်ေ သာ အတုလဂုဏ်နှင့် ပြည့်စုံသော ဘုရားရှင်လို ပုဂ္ဂိုလ်မှာငြင်းစရာလိုမည် မထင်တော့ပေ။ စာပေများမှာ“အရှင်ဘုရား၊ တစ်ခါတရံ ဘယ်ဆီကိုကြွနေပါသလဲဘုရား” လို့ အရှင်အာနန္ဒာက မြတ်စွာဘုရား ပျောက်ပျောက်သွားတဲ့အတွက် မေးလျောက်ပါသတဲ့။ထိုအကြောင်းကို သံဃာ့ပရိသတ်စုံ လင်တော့မှ အထူးသဖြင့် သံဃာများကဘယ်သူတော့ဖြင့် သေသွားပြီ ဘုရား စသည်လျောက် ထားသည့်အခါ “ရဟန်းတို့ အဲဒီလူကို ငါဘုရားတရားဟောခဲ့ပြိ၊ အခုသူဟာတရားထူးရ သွားတဲ့အတွက် အပါယ်ငရဲကို မရောက်တော့ဘူး အပါယ်တံခါးပိတ်သွားပြီ”စသည်ဖြင့် စကားဆက်စပ်ကာမိန့်ကြားတော်မူ ကြောင်း စာပေများမှာအများအပြားတွေ့ရ တယ်၊ ဒီသာဓက များစွာကိုထောက်ရှုခြင်း အားဖြင့်ဘယ်နေရာမဆို ကြွရောက်ဟောကြားလေ့ရှိတာကို မှတ်သားနိုင် ပါတယ်၊ အမေရိကတိုက်ဆိုတာဘုရားရှင် လက်ထက်က မပေါ်ပေါက်သေးပါဘူး၊ အထူးအားဖြင့် မြတ်စွာ ဘုရားရှင် သည် ကျွတ်တမ်းဝင်မည့် ဝေနေယျရှိလျင် အမေရိကတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက် များသာမဟုတ်ပါဘူး၊ အခြားသောစကြာဝဠာ၊ အခြားသောဂြိုလ်ကမ္ဘာများအထိ ကြွရောက်ကာ တရားဟောလေ့ရှိကြောင်း မှတ်သားသင့်ပါသည်။ အရှင်သုနန္ဒာလင်္ကာရ M.A(ပန်းကမ္ဘာ) ဖြေကြားသည်၊


credit toပန်းကမ္ဘာ။


No comments:

Post a Comment