Tuesday, November 26, 2013

သွေးဆေးကန်

ရွှေတိဂုံဘုရား မြောက်ဖက်မုခ်ရှိ သွေးဆေးကန်ကို ရန်

ကုန်နေသူ တော်တော်များများ ရောက်ဖူး ကြပါလိမ့်မည်

။ ထိုသွေးဆေးကန် အကြောင်း သိသူများရှိသလို မသူမျ

ားရှိသည့်အတွက် သွေးဆေးကန်လို့

ခေါ်ရတဲ့ သမိုင်းကို ပြန်လည် ရေးသားလိုက်ရပါတယ်။

၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်မှ မြန်မာနို

င်ငံကို စစ်ကြေငြာကာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့

သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်းဦးစီးတဲ့ ကြည်ကြောင်

း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်

ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မုတ္တမ ခံတပ်တွင် မြန်မာစစ်သည် ၄ ထောင်ကျော် က

ခုခံတိုက်ခိုက်သောလည်း လူအင်အားမမျှခြင်း၊ လက်န

က်အင်အားမမျှခြင်း၊ အင်္ဂလိပ်တို့က အလစ်ဝင်ရောက်

တိုက်ခိုက်သဖြင့် နေပြည်တော်မှ တပ်များမရောက်လာ

နိုင်ခြင်း၊ ခဲယမ်းမီးကျောက်များ ကုန်သွားခြင်းတို့ကြော

င့် ဧပြီလ ၇ ရက်နေ့တွင် မုတ္တမမြို့ ခံတပ်ဟာ ကျ ဆုံးခဲ့ရ

ပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ကြည်ကြောင်း၊ ရြေေ

ကာင်း ၂ ခု ဖြင့် ထပ်မံ ထိုးစစ် ဆင်ခဲ့ သည်။ ရန်ကုန်မြို

့ရဲ့  ရှေ့ ပြေးခံတပ် ဒလ ခံတပ် ကျဆုံးခဲ့ရသဖြင့် ဧပြီလ

၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို စတင်

ခြေချကာ တိုက်ခိုက်လာနိုင်ခဲ့ ပါတယ်။ အင်္ဂလိပ်တပ်ဟ

ာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး ရွှေတိဂုံကုန်တော်ကို

ထိုးစစ်ဆင်ရန် အပြင်းချီ တက်လာခဲ့ကြသည်။ ရွှေတိဂုံ

ခံတပ်မရောက်မီ သိမ်ဖြူခံတပ်(ယခု သိမ်ဖြူ ဒေ၀သာဂ

ရကုန်း) မှ အပြင်းအထန် ခုခံသဖြင့် ၂ ဖက်စလုံး အကျ

အဆုံးများစွာ ရှိခဲ့ကြသည်။ ၂ ဖက်လုံးမှ စစ်သည် များ

သည် ဘီလူးသမျှ တိုက်ခိုက်ကြသဖြင့် အလွန်ကြောက်စ

ရာကောင်းသော စစ်မျက်နှာပြင် ဖြစ်ခဲ့ သည်။ မြန်မာမျ

ား များစွာ ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ မျက်နှာဖြူ အရ

ာရှိ ၂ ဦး အပါအ၀င် တပ်သားများစွာ ကျဆုံးခဲ့သည်။ ေ

နာက်ဆုံး လက်နက်အင်အား မမျှသဖြင့် မြန်မာတပ်များ

ဧပြီလ ၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ်

ပေး ခဲ့ရသည်။ ရွှေတိဂုံခံတပ်စီသို့ နောက်ဆုတ်လာသေ

ာ တပ်များအားလုံး ပေါင်းစည်းကာ ခံစစ်ပြန်ပြင်ကြသ

ည်။

စစ်ဦးတွင်အောင်ပွဲရနေသော အင်္ဂလိပ်စစ်တပ်သည် ဧြ

ပီလ ၁၄ ရက်နေ့တွင် ပင် ရွှေတိဂုံကုန်းတော်ခံတပ်ကို

အတင်းဝင်ရောက် တိုက်ခိုက်ကြသည် ခံတပ်ရှိမြန်မာမ

ျားက အသေခံ ဓါးနဲ့ဝင်ခုတ်သဖြင့် ထိုနေ့ တစ်နေ့ထဲတ

ွင် အ၈င်္လိပ် စစ်သည် ၂၀၀ ကျော် ကျဆုံးခဲ့သည်။ ရွှေတိ

ဂုံကုန်းတော်ခံတပ်တိုက်ပွဲတွင် ဓါးဖြင့် အနီးကပ်ဝင်ပိုင်း

ရသဖြင့် အင်္ဂလိပ်တို့၏ သွေးများက မြန်မာစစ်သည်များ

၏ လက်များတွင် စေးကပ်နေကြသည်။ ထိုသို့စေးကပ်ေ

နသခြင့် ဓါးကိုခွာရာမရသဖြင့် ထိုသွေးများကို ရွှေတိဂုံ

ဘုရားမြောက်ဖက်ရှိ ကန်တွင် ရေ ဆေးချကြ သည်။ ေ

သွးများက ဓါးကိုင်ထားသည့်လက်တွင် စေးကပ်နေသဖြ

င့် တော်တော်လေးကို ကွာအောင် ဆေးကြောကြရသဖြ

င့် ထိုကန်ကို မြန်မာစစ်သည်များက သွေးဆေးကန်ဟု

အမည်ပေးခဲ့ကြသည်။

၁၈၅၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကူများမရော

က်လာခြင်း၊ လက်နက်အင်အားမမျှခြင်း( အင်္ဂလိပ်မှေ

သနတ်ဖြင့် ပစ်ချက်ကို မြန်မာက ဓါးဖြင့် တတ်ခုတ်နေ

ရခြင်း)တို့ကြောင့် မြန်မာတပ်မှူး မှ ရွှေတိဂုံကုန်တော်မှ

တပ်ဆုတ်ပေးလိုက်သည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်သည် မြန်မာများ အငိုက်မိခြ

င်း၊ စစ်လက်နက် ကွားခြားခြင်းတို့ကြောင့် ရှုံးနိမ့်ခဲ့ရေ

သ်ာလည်း သွေးဆေးကန်၊ သိမ်ဖြူခံတပ်တို့သည် ဒုတိယ

အင်္ဂလိပ်မြန်မာစစ်ပွဲတွင် မြန်မာတို့၏ ဇာတိမာန်ကို ပြ

သခဲ့သည့် တိုက်ပွဲဖြစ်သည်။ ထိုသို့ မြန်မာတို့၏ သတ္တိ၊ြ

မန်မာတို့ရဲ့ သွေးကို အကောင်းဆုံးပြသ ခဲ့သည့် သူရဲေ

ကာင်းများ၏ ၀ိဥာဏ်များ နာခိုရာ သွေးဆေးကန်၊ အာဇ

ာနည်ကုန်း တို့ကို နှစ်စဉ် အာဇာနည်နေ့တိုင်း သွားရော

က်ဂါရ၀ပြုခဲ့ကြခြင်းဖြစ်သည်။

ကိုယ်ကမကျူး၊ သူကျူးလာက၊

သူ့နိုင်ငံသား၊ သံမှုန်စားလည်း၊

သေမှာမကြောက်၊ ရဲရဲဝံ့ဝံ့၊

ရင်ကိုကော့လျှက်၊ ဓါးငှက်ကြီးတောင်၊

လက်ဝယ်ဆောင်ကာ၊ အသက်စွန့်ပြီ၊

တိုက်ခိုက်တတ်တာ၊ တို့မြန်မာ ........။


credit to***မြန်မာဆိုသည်မှာ


No comments:

Post a Comment