Monday, November 18, 2013

ဘယ်သွားကြမလဲတရားတော် ( ဝေဘူ ဆရာတော်ဘုရားကြီး )

ဘယ်သွားကြမလဲတရားတော် ( ဝေဘူ ဆရာတော်ဘုရားကြီး ) ---------------------------------------------------------------သီလဆောက်တည်လို့ပြီးကြပြီ။သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ။ ဖြည့်လို့ ပြည့်စုံပြီဆိုမှဖြင့် မိမိစိတ်နှလုံး အလို တောင့်တတဲ့ အတိုင်း ပြီးမယ်။ ယခုလဲချမ်းသာမယ်။ နောင်လဲချမ်းသာမ ယ်။ ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာ ဟာ ဘုရားရှင် အဆုံးအမတော်ကလွဲလို တခြားမရှိဘူး။ ဘုရားရှင်အဆုံးအမ ဆိုတာ ပိဋကတ် သုံးပုံပဲ။ ပိဋကတ် သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋကတ် သုံးပုံကိုအဆီထုတ်ပါ ဆို လျှင် ဗောဓိပက္ခိယ တရားသုံးဆယ့်ခုနှစ်ပါး ရတယ်။ဗောဓိပက္ခယတရား သုံးဆယ့်ခုနှစ်ပါး ကိုအဆီထုတ်လျှင်မဂ်ဂင်ရှစ်ပါးရတ ယ်။ မဂ်ဂင်ရှစ်ပါးအဆီထုတ်လျှင် သိက္ခာ၃ ပါးရတယ်၊


သိက္ခာ ၃ ပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ ၊ အဓိပညာပါပဲ။သိက္ခာ၃ ပါး ကိုအဆီထုတ်လျှင် ဧကောဓမ္မော တရားတခုရတယ်။ ရုပ်ပေါ်နာမ်ပေါ်မှာ နေပြီး ယခုလိုဆောင်ထားေ တာ့ (ရှုမှတ်နေတော့) ကာယကံသောင်းကျန်းမှု။ ၀စီကံသောင်းကျန်းမှုမရှိဘူး။ အဲဒါအဓိသီလ လိုခေါ်တယ်။


အဓိသီလအားကောင်းလျှင် စိတ်တွေသောင်းကျန်းမှုမရှိဘဲ၊ ငြိမ်ဝပ်ပိပြာြး ပီးတည် နေတော့တယ်။အဲဒါ အဓိစိတ္တ လို့ ခေါ်တယ်။ အဓိစိတ္တ အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ၊ဘယ်နတ်၊ဘယ်ဗြဟ္မာမှ ဖန်တီးလို.မဖြစ်ဘူး၊လျှပ်တပြက်အ တွင်း ကုဋေတသိန်း ဖြစ်ပြီးပျက် နေတယ်။ ရုပ်နာမ်ကိုသိလျှင် ဖြစ်ပျက်ကို သိတော့တာပဲ။ ဖြစ်ပျက်ကိုသိတာ အဓိပညာလို.ခေါ် တယ်။ အများနားလည်အောင်ပြောရ မယ် ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ နှာဖျား နှာဝမှာ ထွက်လေ၊၀င်လေ နှစ်ရပ်ဟာ အမြဲတိုက်ဝင်၊ တိုက်ထွက်နေတယ်။နှာဖျား နှာဝမှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ၀င်လေဖြစ်သော ဖြစ်တဲ့ လေနှစ်ရပ်ဟာ ၀ါယော ဖောဋ္ဌဗ္ဗကထိတယ်။ ထိုအထိခံနဲ့ ထိတာကရုပ်၊ သိတာကနာမ် ဆိုတော့ ဒကာကြီးဒကာမကြီးတို. သူများမေးမနေနဲ့ ၊ ကိုယ့်နှာဝကိုဥာဏ်နဲ့ စောင့်ကြည့်။ ၀င်တော့ ထိဝင်မယ်၊ထွက်တော့လည်းထိထွက်မယ်၊ထိတာကိုသိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊မောဟ ဖြစ်ခွင်မရလို့  လောဘမီး၊ ဒေါသမီး၊မောဟမီး ၊ ငြိမ်းတယ် ၊ ငြိမ်းတော့ အေးတယ်။ မထိခင်ကလဲသိလိုမဖြစ်ဘူး၊ ထိပြီးပြန်တော့ လဲသိလို့မဖြစ်ဘူး။ထိတုန်းကိုသာလို့ ဖြစ်တယ်။ အဲံဒါကိုပစ္စုပ္ပန် တည့်တည့် လိုဆိုတယ်။ ထိတာကိုသိနေလျှင် ရုပ်နှင့်နာမ်သာ ရှိပါသလား လို့ သိလိမ့်မယ်။ ရုပ်နာမ်မှတပါး ငါ-သူတစ်ပါး ယောက်ျား၊မိန်းမ မရှိဘူး ဆိုတာ ဘုရားရှင်၏တရားတော် အမှန်ပါကလား လို့ ကိုယ်ဟာကိုယ်သိလိမ့်မယ်။သူများကိုမေးနေဖို့ မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာအတ္တ ဆိုတဲ့ ကိုယ် မရှိဘူး။ ထိုသိနေတဲ့ အချိန်မှာ ဥာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ကမ္မဋ္ဌာန်းထိုင်ရတာ များ ဘာမှလဲ မတွေ့ပေါင်၊ ဘာမှလည်းမရပေါင် လို့ များမမှတ်လိုက်ကြနဲ.၊ မြင့်မြတ်တဲ့ဘ၀ ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့ အခါမှာ ဒီလိုအကျိုးထူးများရနိုင်တယ်၊ စာဖို့ သောက်ဖို.အသာထားပြီးအထူးကြိုးစားကြ။


ကြိုက်တာရွေးဘယ်သွားကြမလဲ


မေး။ ဘုရားရှင်ရဲ. အဆုံးအမနဲ.နေရင် ခန္ဓာကိုယ်မှာ ဘယ်နတ်ဘယ်ဗြဟ္မာမှ ပြုပြင်စီရင် ဖန် တီး မှုမပြုရဘဲ ဖြစ်ပျက်နေတဲ. အဲဒီ ရုပ်နာမ် ပေါ်မှာ စိတ်ကလေးထားပြီး ခန္ဓာကိုယ်ရဲ ဖြစ်တာ ပျက်တာ ကိုသိနေတဲ. စိတ်ကလေးနဲ့ သေရင် နောက်ဆုံး နိဗ္ဗာန် မရောက်သေးတောင် လူ၊ နတ်၊ဗြဟ္မာတော့ ဖြစ်မှာပဲ။အဲဒီေ တာ.ဘယ္သြားႀကမွာလဲ။ (နိဗ္ဗာန် သွားမှာပါဘုရား။ )


မေး။ အေး..ကိုယ်သွားချင်တဲ.ဆီကို သွားဖို.သူများ မေးဖို့ကို လိုသေးသလားဗျာ။ (မလိုပါဘူးဘုရား)


မေး။ အေး..ကိုယ်ဟာကို ငါဝိဇ္ဇာ နဲ့ နေတာပါဗျာ လို့ကောပြောဖို့ လိုသေးသလား။ (မလိုပါဘုရား)။


မေး။ သူများကိုကောငါဘာနဲ့ နေ တာလဲ။ဝိဇ္ဇာနဲ့ လား။ အ၀ိဇ္ဇာနဲ့ လားလို့ မေးရဦးမှာလား။ (မမေးရပါဘုရား)


အေးဟုတ်တယ်။ကိုယ့်ဟာကိုသိတယ်ဗျာ။ ဒါကြောင့်သံသရာတလျှောက်လုံး ဖြည့်ကျင့် လာတဲ့ ပါရမီတွေက ပြည့်စုံလုံလောက်ကြပါတယ်ဗျာ။ ၀ီရိယ နဲ့ သာထူထောင်ကြ။ ဘုရားရှင် ရွှေလက်ထက်တော်က ရှေးအရှင်ကောင်း အရှင်မြတ်များ အလိုရှိရာ ဗောဓိ နဲ. အသီးသီး နိဗ္ဗာန် စံဝင်ကြွသွားကြဘိသကဲ့သို့ အချိန်အခါ ဘ၀မြင့်မြတ်တာ သိလို့ ထပ်တူ ညီမျှ ဆောင်ကြပါလျှင် သမာပတ် ရှစ်ဖြာအထိ မပြီးစီးနိုင်တာမရှိ၊ ၀ီရိယ သန်သန်နှင်.့ မှန် မှန်ကြီး အချိန်အနည်းငယ်မျှအချည်းအနှီး မဖြစ်ရအောင် စိစစ်ကာ မိမိလဲဆောင်၊ တပါးသူ များကိုလဲ တိုက်တွန်းနှိုးဆော်ပြီး ပျော်ပျော် ကြီးဆောင်ကြတာ အောင်ကြပြီ၊၀မ်း မြောက်ကြ။


No comments:

Post a Comment