Tuesday, November 19, 2013

နိဗ္ဗာန်မြင် ဖို့ အဆင့် သုံးဆင့်

ိနိဗ္ဗာန်မြင် ဖို့ အဆင့် သုံးဆင့် *********************


၁။ ခန္ဓာသ ဘော =ဖြစ်ပျက်သိရင် မြင် ရင် ယထာဘူတဥာဏ် အနု သယကိလေသာ ရှိသေး တယ်။ ၂။ဖြစ်ပျက်မုန်း လာရင်=နိဗ္ဗိန္ဒဥာဏ် ကိလေသာဝေးကွာသွားပြီ ၃။ဖြစ်ပျက်ဆုံးရ င် =ကိလေသာစင်ကြယ်ပြီ ကတဥာဏ် မဂ်ဥာဏ် တဘက်မှာ - နိဗ္ဗာန်ကိုမြင် တယ် အာရုံ ပြုလိုက်တယ်။ ထို့ကြောင့် -" နိဗ္ဗာနံ မဂ္ဂဿ နိဗ္ဗာနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယာ လို့ ဟော ဖေါ် ညွှန်ကြားခဲ့ပါသည်။ နိဗ္ဗာန်ချမ်းသာဟာ ချမ်းသာ တကာတို့ထက် အမြတ်ဆုံးဖြစ်ပါ တယ်။ဘေးအ ပေါင်းမှလွန်မြောက် နိုင် တယ်။ဘယ်ဘေးအ ပေါင်းမှလည်း မသင့် နိုင်တော့ပါ။ဘေး အ ပေါင်းမှလွတ်ချင် ရင် နိဗ္ဗာန် ချမ်းသာကို ရ အောင်ကြိုးစားကြ ။ မိလိန္ဒမင်းကြီးက ရှင် နာဂသိန် ကိုမေးလျောက်တယ်။ " အရှင် ဘုရား နိဗ္ဗာန်ချမ်း သာဟာ ဘယ်ချမ်းသာနဲ့ တူပါသလဲ " အရှင် နာဂသိန်က " မင်းကြီး ဥပမာအားဖြင့် ပြောရရင် ပဋိသန္ဓေကထဲက မျက်စိကွယ်လာတဲံ သူဟာ အဖြူဆိုတာ ဘယ်လိုလဲ အနီဆိုတာ ဘယ် လိုလဲ နေဆိုတာ ဘာနဲ့တူလဲ "လို့ မေးဒါနဲ့တူတယ်။ မွေးကထဲက မျက်စိ ကွယ်လာသူဆိုတော့ လော ကမှာရှိတဲ့ အရာဝတ္ထု တွေကို ဘယ်နည်းနဲ့ ခွဲခြား ပြီးသိနိုင် မှာလဲ။ ဒီဥပမာလိုပါဘဲ လောကထဲမှာရှိနြေ ကတဲ့ လောကသားတွေအဖို့ လောကနဲ့တန်တဲ့ မျက်စိ သာ ပါကြဒါဘဲ။လောကထက်လွန်တဲ လောကမှာ ရှိတဲ့ချမ်းသာမျိုးတွေနဲ့ နှိုင်းယှဉ်မရနှိုင် တဲ့ လော ကုတ္တရာ ချမ်းသာဟာ လောကချမ်းသာထဲမှာ ဘယ်ချမ်းသာနဲ့မှ တူတယ်လို့မဆိုနှိုင် ဘူး။ နိဗ္ဗာန် နဲ့တူတဲ့ ချမ်းသာဟာ လောကမှာမရှိဘူးလို့ မှတ်ပါလို့ ဖြေကြားတော်မူခဲ့ပါတယ်။ ဖြစ်ပြီးပျက်နေတဲ့ လောကထဲမှာ ချမ်းသာစစ် ဆိုတာ ဘယ်မှာရနှိုင် ပါ့မလဲ။ ဖြစ်ပျက်လောက ထဲမှာ ချမ်းသာစစ်မရနို င် ဘူး။ မီးဝိုင်းခံနေ ရတဲ့ လူတဟောက်ဟာ မီးလောင် မဲ့ဆဲဆဲမှ လွတ်မြောက် သွားတဲ့အခါ ဘယ် လောက်များစိတ်ချမ်းသာသွားမလဲဆိုတာ စဉ်းစား ကြည့်ကြ။အတိုင်းအဆ မမြင် နိုင် ပါ။ မင်းကြီး ဒီဥပမာကဲ့သို့ဘဲ။ နိဗ္ဗာန် ချမ်းသာဆို ဒါ နိုင်း ယှဉ်စရာ မရှိပေဘူး။ မီးဘေးက လွတ်မြောက် ရတဲ့ စိတ်ချမ်းသာမှုမျိုးထက် အဆ အရာ -ထောင် မက ငြိမ်းအေးချမ်းသာတဲ့သဘော ရှိတယ် လို့ ဖြေကြား တော်မူခဲ့ပါ တယ်။ " ခန္ဓာငါးပါး "ဆိုတာ မီးလောင် စာနဲ့ မီးတွေ လိုဘဲ လို့ သိထားရမယ်။ခန္ဓာဟာ လောင် စာနဲ့မီး မီးနဲ့ လောင် စာ တွဲရက်ကြီးအမြဲေ နတာဘဲ။ ဥာဏ် နဲ့ရှာရင် မီးနဲ့ လောင် စာမှတပါး တခြားဘာမှမ တွေ့ ရပါဘူး။ ဒါ့ကြောင့် ဝိပဿနာ ရှု့ကြပါလို့ တိုက်တွန်း ရပါတယ်။ ခန္ဓာဖြစ်ပျက် ရှု့ရင် ခန္ဓာ၏ ဖြစ်ခြင်း ပျက်ခြင်း မြင် ရမယ်။ယထာဘူတဥာဏ်ပေါ့။ ဖြစ်ခြင်းပျက်ခြ င်းမြင် ရင် မီးဝိုင်းမှန်းသိပြီ။ မီးဝိုင်းမှန်းသိလို့ မီးကိုမုန်းရင် နိဗ္ဗိန္ဒဥာဏ်ရဒါဘဲ။ မီးမုန်းတော့ ထွက်လမ်းရှာ ရှာတော့ထွက်လမ်း ဟာ မဂ်ဘဲ။မဂ်လမ်းစဥ်နဲ့ ထွက်တော့ မီးဘေးက လွတ်မြောက်တဲ့ ဥပမာဟာ နိဗ္ဗာန် ပါဘဲ။


(နိဗ္ဗာန် ရောက်ကြောင်း တရားတော် အနှစ်ချုပ်မှ မိုးကုတ်ဆရာတော်ဟောကြားသော တရားတော်များ)


No comments:

Post a Comment