Friday, April 26, 2013

(၃၈)ဖြာမင်္ဂလာ

(၃၈)ဖြာမင်္ဂလာ

================


၁။ပေါင်းသင်းဆက်ဆံရေးမင်္ဂလာတရား၃-ပါး


၁။အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း ၂။ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာက မှီဝဲပေါင်းသင်းရခြင်း ၃။ပူဇာစ ပူဇနေယျာနံ=ပူဇော်ထိုက်သော သူတို့ကိုပူဇော် ရခြင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။


၂။နေရေးထိုင်ရေးမင်္ဂလာတရား၃-ပါး


၎။ပတိရူပ ဒေသ၀ါသော စ=သင့်လျော်သောအ ရပ်၌နေရခြင်း ၅။ပုဗ္ဗေစ တကပုညဘာ =ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း ၆။အတ္တသမ္မာပဏိဓိ စ =မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။


၃။သင်ကြားရေးမင်္ဂလာတရား ၄-ပါး


၇။ဗာဟုသစ္စဉ္စ =လောကီလောကုတ် အကြားအမြင်မျာြး ခင်း ၈။သိပ္ပဉ္စ =စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း ၉။ဝိနယောစသူသိက္ခိတော=လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာ သင်ကြားနားလည်ခြင်း ၁၀။သုဘာသိတာစ ယာဝါစ=အပြောအဆို ချိုသာယဉ်ကျေးခြင်းဧတံမင်္ဂလမုတ္တမံ=ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။


၎။ပြုစုရေးမင်္ဂလာတရား၃-ပါး


၁၁။မာတာပီတု ဥပဋ္ဌာနံ =မိဘ၂ပါးကို လုပ်ကျွေးပြုစုခြင်း ၁၂။ပုတ္တဒါရဿ သင်္ဂဟော =သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း ၁၃။အနာကုလာစ ကမ္မန္တာ =အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။


၅။လိုက်နာကျင့်သုံးရေးမင်္ဂလာတရား ၄-ပါး


၁၄။ဒါနဉ္စ =စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း ၁၅။ဓမ္မစရိယာ =သုစရိုက်တရားကိုကျင့်ခြင်း ၁၆။ဥာတကာနဉ္စသင်္ဂဟော =ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း ၁၇။အန၀ဇ္ဇာနိကမ္မာနိ =အပြစ်ကင်းသော အမှုတို့ကိုပြုရြ ခင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါသည် မြတ်သောမင်္ဂလာမည်၏။


၆။ရှောင်ကြဉ်ရေးမင်္ဂလာတရား ၄-ပါး


၁၈။အာရတီ =မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း ၁၉။ဝိရတီပါပါ =မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း ၂၀။မဇ္ဇပါနာစ သံယမော =မှုးယစ်သေစာ မသောက်စားခြင်း ၂၁။အပ၌မာဒေါစဓမ္မေသု=ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။


ရ။စိတ်ထားရေးမင်္ဂလာတရား ၅-ပါး


၂၂။ဂါရဝေါစ = ရိုသေထိုက်သောသူ တို့ကို ရိုသေရခြင်း ၂၃။နိဝါတောစ =မိမိကိုယ်ကို နှိမ်ချရခြင်း ၂၄။သန္တုဋ္ဌိစ =ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း) ၂၅။ကတညုတာ =သူတစ်ပါးကျေးဇူးကိုသိခြင်း၂၆။ ကာလေနဓမ္မဿဝနံ =သင့်လျော်သောအခါ တရားနာခြင်းဧတံမင်္ဂလမုတ္တမံ =ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။


၈။သည်ခံရေးမင်္ဂလာတရား၎-ပါး


၁၇။ခန္တီစ =သည်းခံရခြင်း ၂၈။သောဝစ္စဿတာ =ဆုံးမလွယ်ရခြင်း ၂၉။သမဏာနဉ္စဒဿနံ =ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း ၃၀။ကာလေနဓမ္မသာကစ္ဆာ =သင့်လျော်သောအခါ တရားဆွေးနွေးခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။


၉။ခြိုးခြံချွေတာရေးမင်္ဂလာတရား၎-ပါး


၃၁။တပေါစ =ခြိုးခြံချွေတာခြင်း ၃၂။ဗြဟ္မရိယဉ္စ =မြတ်သောအကျင့်ကိုကျင့်ခြင်း(မေထု န်မှရှောင်ခြင်း) ၃၃။အရိယာသစ္စာနဒဿနံ =သစ္စာလေးပါးကိုသိခြင်း ၃၄။နိဗ္ဗာန သစ္ဆိကိရိယာစ =နိဗ္ဗာန်ကို မျက်မှောက်ပြုခြ င်းဧတံမင်္ဂလမုတ္တမံ=ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။


၁၀။စိတ်ထားခိုင်ခံ့ရေးမင်္ဂလာတရား၎-ပါး


၃၅။ဖုဋ္ဌဿနကမ္ပတိ =လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊ ၃၆။အသောကံ =မစိုးရိမ် ခြင်း၃၇။ဝိ၇ဇံ =ကိလေသာမြူကင်းခြင်း ၃၈။ခေမံ =ဘေးကင်းခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။


No comments:

Post a Comment