Friday, April 26, 2013

ငါးပါးသီလ(သို့) လူပီသသူ

ငါးပါးသီလ(သို့) လူပီသသူ .

...............


သူတော် ကောင်းတွေ အသက်တမျှ ချစ်မြတ်နိုးတဲ့ ကိုယ်ကျင့်ငါးပါး ရှိပါတယ်။


အဲဒါတွေကတော့ ငါးပါးသီလ ပါပဲ …..


သူတော်ကောင်း ပီသရင် ငါးပါးသီလကို ခါးဝတ်ပုဆိုးပမာ ခိုင်မြဲအောင် စောင့် ထိန်းကြပါတယ် …..။


အ၀တ်မပါသူဟာ လူပုံအလယ်မှာ ရှက်စရာ ဖြစ်သလို ငါးပါးသီလ မရှိသူ ဟာလည်း သူတော်ကောင်းတွေ အလယ်မှာ ရှက်စရာ ဖြစ်ပါတယ် …။


ငါးပါးသီလမဲ့သူဟာ လူအရိုင်းအစိုင်း ဖြစ်ပါတယ် ... လူမသူ တော် ဖြစ်ပါတယ် …


ငါးပါးသီလရှိသူကတော့ လူ့ယဉ်ကျေး ဖြစ်ပါတယ် … လူသူတော် ဖြစ်ပါတယ် …


ငါးပါးသီလမဲ့သူဟာ လူ မပီသသူ၊လူ့ အောက်တန်းစား ဖြစ်ပါတယ် …


ငါးပါးသီလရှိသူကတော့ လူ ပီသသူ၊လူ့အထက်တန်းစား ဖြစ်ပါတယ် …


လူ့ယဉ်ကျေး၊လူသူတော်၊လူပီသသူ၊လူအထက်တန်းစား ဖြစ်လိုသူတိုင်း သူတိုင်းဟာ ငါးပါးသီလ ရှိကြရပါမယ် …။


ဒီ ငါးပါးသီလ ဟာ ဗုဒ္ဓသာသနာဝင်တွေသာ လိုက်နာ ကျင့်သုံးရမယ့် သီလ မဟုတ်ပါ…..


ဘယ် ဘာသာဝင်မဆို လိုက်နာကျင့်သုံးရမယ့် သီလ ဖြစ်ပါတယ် … ဒီ ငါးပါးသီလကို ဘယ်လူမျိုးမဆို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ် …။ လူမျိုးမရွေး၊အရွယ်မရွေး၊ဆင်းရဲချမ်းသာမရွေး လိုက်နာကျင့်သုံး ရမှာ ဖြစ်ပါ တယ …။


ကိုယ်ချင်းစာတရား ထားတတ်သူတိုင်း ဒီငါးပါးသီလကို ထိန်းသိမ်းကြပါ တယ်…


ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေမှာ ငါးပါးသီလ ကင်းမဲ့ကြပါတယ် … ငါးပါးသီလ ကင်းမဲ့သူတွေမှာလည်း ကိုယ်ချင်းစာတရား ကင်းမဲ့ကြပါတယ် …။ ငါးပါးသီလ ကင်းမဲ့တဲ့ နေရာတွေမှာ ဆင်းရဲနေကြပါတယ် …


ငါးပါးသီလရှိတဲ့ နေရာတွေမှာ ချမ်းသာနေကြပါတယ် …


ရွာပဲဖြစ်ဖြစ်၊မြို့ပဲဖြစ်ဖြစ်၊နိုင်ငံပဲဖြစ်ဖြစ် ချမ်းသာရင် အဲဒီ့ ရွာသူ ရွာသား၊ မြို့သူမြို့သား၊နိုင်ငံသူ နိုင်ငံသားတွေမှာလည်း ငါးပါးသီလ ရှိကြဖို့လိုပါတယ် …


ငါးပါးသီလ ဆိတ်သုဉ်းတဲ့ရွာဟာ ချမ်းသာဆိတ်သုဉ်းတဲ့ ရွာပါပဲ … ငါးပါးသီလ ဆိတ်သုဉ်းတဲ့နိုင်ငံဟာ ချမ်းသာဆိတ်သုဉ်းတဲ့နိုင်ငံပါပဲ … ငါးပါးသီလ ဆိတ်သုဉ်းတဲ့ နေရာဟာ ချမ်းသာဆိတ်သုဉ်းတဲ့ နေရာပါပဲ …


ငါးပါးသီလဟာ လူသားတွေကိုလည်း ချမ်းသာစေပါတယ် … ကမ္ဘာလောကကြီးကိုလည်း သာယာလာစေပါတယ်၊လှပလာစေ ပါတယ် …။


ချမ်းသာတဲ့ လူသားတွေမှာ ငါးပါးသီလ ထွန်းကားနေပါတယ် …


သာယာလှတဲ့ ကမ္ဘာကြီးမှာ ငါးပါးသီလ စည်ပင်နေပါတယ် …


သူတော်ကောင်း ပီသလိုသူ၊လူယဉ်ကျေးဖြစ်လိုသူ၊လူပီသလိုသူ၊ လူအထက် တန်းစားဖြစ်လိုသူအတွက် ကျေးဇူ့တော်ရှင် အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားထားအပ်တဲ့ ရတနာဂုဏ်ရည် စာအုပ်ထဲက ငါးပါး သီလအကြောင်းအရာဟာ အလွန်မှ သင့်လျော် လှပါတယ်၊ကျေးဇူ့များလှ ပါတယ် …..


ဒါကြောင့် …..


အဲဒီ့ ငါးပါးသီလအကြောင်းကို ထုတ်နုတ်ကာ လူပီသလိုသူတို့ အတွက် "လူပီသသူ"ဆိုတဲ့ နာမည်နဲ့ ဖော်ပြလိုက်ပါတယ် …..။


(ဆရာတော် သာမဏေကျော် - မဟာဂန္ဓာရုံကျောင်းတိုက်)


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ


No comments:

Post a Comment