Sunday, April 28, 2013

မှတ်သားဖွယ်ရာ အချက်အလက်များ

-------------------------------လူသားတို့မကျင့်အပ်သောအရာ( ၅) ပါး


၁. ခြင်္သေ့လိုလဲ မဟောက်နဲ့ ၂. ဖားငယ်လိုလဲ မကြောက်နဲ့ ၃. တောင်လိုလဲ မမောက်နဲ့ ၄. မြစ်လိုလဲ မကောက်နဲ့ ၅. တွင်းလိုလဲ မစောင့်နဲ့


ခေါင်းဆောင်ကောင်းတို့၏အင်္ဂါ( ၄) ပါး ၁.သစ္စာ - ကတိ သစ္စာတည် ၂.ဓမ္မော -တရားဥပဒေလမ်းကြောင်းအတိုင်း ကျင့်သုံးရမည် ၃.ဒိတိ- တုန်လှုပ်ခြောက် ခြားခြင်း မရှိရ ၄.စာဂေါ- အသက်စွန့်ရန် အသင့်ရှိရမည်


အသင်းအဖွဲ့ပျက်စီးခြင်း အကြောင်း( ၆) ပါး ၁. အမျက်ထွက်လွယ်ခြင်း ၂. ကျေးဇူးမဲ့ကိုသာဆိုခြင်း ၃. ရန်ငြိုးဖွဲ့ခြင်း ၄. ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း ၅. ငြူဆူခြင်း ၆. ဝန်တိုခြင်း


စည်းရုံးရေးလမ်းစဉ် သင်္ဂဟ တရား( ၄ )ပါး ၁. ဒါန - ပေးကမ်းထောက်ပံ့ခြင်းငွေကြေးပစ္စည်း အကူအညီပေးခြင်း ၂. ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သောစကား ကို ပြောဆိုခြင်း ၃. အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင် ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း ၄. သမာနတ္တတာ- ကိုယ်နှင့်ထပ်တူပြုခြင်းနှင့် တန်းတူထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်တူဒုက္ခခံခြင်း


မတိုင်ပင်အပ်သော သူ ( ၅) ယောက် ၁. မိန်းမကျူးသောသူ တစ်ယောက် ၂. သေရည်သောက်စားသူတစ်ယောက် ၃. အလိုရမ္မက်ကြီးသောသူ တစ်ယောက် ၄. အမျက်ဒေါသကြီးသူ တစ်ယောက် ၅. မလိမ္မာသောသူ တစ်ယောက်


ပညာရှိများ၏ပျက်စီးရခြင်းအကြေား( ၃ )ပါး ၁. ယုတ်မာသောသူကို ပညာသင်မိသောကြောင့် ပျက်စီးရခြင်း ၂. မကောင်းသောမိန်းမမယားပြုမိသောကြောင့် ပျက်စီးရခြင်း ၃. မသူတော်နှင့်ပေါင်းမိသောကြောင့်ပျက်စီးရခြင်း


မတင့်တယ်သော အရာ ( ၈) ပါး ၁. မင်းမရှိသည့် တိုင်းပြည် ၂. ရေမရှိသည့် မြစ် ၃. သစ်မရှိသည့် တောခြောက် ၄. အတောက်မရှိသည့် မီး ၅. စည်းမရှိသည့် ရွာ ၆. ကြာမရှိသည့် ကန် ၇. အောင်လံမတည်သည့် ရထား ၈. လင်မရှိသည့် မိန်းမ


ပစ္စည်းယိုပေါက် ( ၆) ခု ၁. ပျင်းရှိခြင်း ၂. မေ့လျော့ပေါ့ဆခြင်း ၃. အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း ၄. အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း ၅. စည်းကမ်းမရှိခြင်း ၆. အလုပ်ကိုအချိန်မှီ မပြီးစီးခြင်း


စီးပွားယုတ်စေသောအကျင့် (၆ ) ပါး ၁. နေမြင့်အောင် အိပ်ခြင်း ၂. ပျင်းရိခြင်း ၃. နုတ်လက်ကြမ်းတမ်းခြင်း ၄. နိုး၍ထပ်ခဲခြင်း ၅. တစ်ယောက်တည်းခရီးသွားခြင်း ၆. ပဒါနကံပြုခြင်း


No comments:

Post a Comment