Sunday, April 28, 2013

ဖြောင့် ဖြောင့်ပဲလျှောက်တော့မည်

ဖြောင့် ဖြောင့်ပဲလျှောက်တော့မည် ••••••••••••••••••••••••••••• လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော်ခန့်ကဖြစ် လိမ့်မည်ထင်ပါသည်။ဂျာနယ်ကျော်မမလေးက ဂျာနယ်ကျော် ဦးချစ်မောင်ကိုအကဲစမ်းသည့်အနေ ဖြင့်မေးခွန်းတစ်ခုမေးသည်။ "ဦးချစ်မောင်လူတစ်ယောက်မှာအလိုအပ်ဆုံးဂုဏ် ကဘာဂုဏ်ပါလဲ" ဟုမေး၏ ။ ဦးချစ်မောင်က"ရိုးသားဖြောင့်မတ်မှုဂုဏ်ပါပဲ"ဟု မဆိုင်းမတွပြန်ဖြေခဲ့၏။


အနောက်တိုင်းစကားပုံက "ရိုးသားဖြောင့်မတ်ခြင်း သည် အကောင်းဆုံးပေါ်လစီဖြစ်တယ်ဆိုတာ သင် ဘယ်တော့မှမမေ့ပါနှင့်"ဟုဆို၏။


မြန်မာစကားပုံက"ကောက်သော်စားမလောက် ဖြောင့်သော်စားမကုန်" ဟုဆို၏။ရိုးသားဖြောင့် မတ်ခြင်းကို ပညာရှိပညာရှင်တို့ကတန်ဖိုးထား၏။


ဘုရားရှင်က "စိတ်၏သဘောသည် တုန်လှုပ်နေ၏ လျှပ်ပေါ်လော်လီတတ်၏ ။စောင့်ရှောက်ဖို့ခက်ပါ၏ တားဆီးဖို့ခက်ပါ၏။လေးသမားသည်မြားကိုဖြောင့် အောင်လုပ်ပြီးမှပစ်သကဲ့သို့ပညာရှင်ပုဂ္ဂိုလ်သည် မိမိစိတ်ကိုဖြောင့်အောင်လုပ်ပြီးသုံးရမည်"ဟုမိန့် တော်မူသည်။ ကျေးဇူးတော်ရှင်တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကလည်း"ဖြောင့်ဖြောင့်သွားလျှင် ခရီးတွင်မည် ကွေ့ကောက်သွားက ခရီးကြန့်ကြာမည်"ဟုမိန့်ကြား ခဲ့ပါသည်။


မြတ်စွာဘုရားနှင့်ဆရာတော်ကြီးများနှင့်ပညာရှိပညာ ရှင်များအားပူဇော်ပါ၏ ။ —


No comments:

Post a Comment