Saturday, April 27, 2013

၁။စာကြိုးစား၊ ၂။မိဘ ဆရာ့စကားနားထောင်၊ ၃။ကောင်းကောင်းနေ

၁။စာကြိုးစား၊ ၂။မိဘ ဆရာ့စကားနားထောင်၊ ၃။ကောင်းကောင်းနေ၊


စာကြိုးစားဆိုတာ မရသေးတဲ့ စာရအောင်ကျက်၊ရပြီးသားစာ မမေ့စေနဲ့၊ အာဂုမ်ရပြီဆိုရင်အဓိပ္ပာယ်သိ အောင်ကြိုးစား ဒါဆို စာကြိုးစားဆိုတဲ့သြ၀ါဒလုံလောက် ပြီ။


မိဘ ဆရာ့ စကားနားထောင်..ဆိုတာက ရွာက အမေအဖေနဲ့ ဆရာသမားတွေက မြို့ကို လွှတ်လိုက်တာ တော်စေချင်လို့၊ တတ်စေချင်လို့၊သူတို့ထက်ပိုမိုပြီးတတ်သိကျွမ်း ကျင်အောင်လို့..၊ ဒီတော့ ရွာကမိဘ ဆရာသမားတွေမှာလိုက်တဲ့ စကားကို မမေ့လိုက်နဲ့..၊နားထောင်လိုက်နာပါ။


ကောင်းကောင်းနေ...ဆိုတာက ရှင်ဆိုရင် ရှင်လိုနေ၊ ရဟန်းဆိုရင် ရဟန်းလိုနေ၊ စာသင်သားဆို စာသင်သားလိုနေ၊ ဘုန်းကြီးကဘုန်းကြီးလိုနေ၊စာချဘုန်းကြီးက စာချဘုန်းကြီးလိုနေ၊ ဒါဆိုရင် စာလည်းတတ်တယ်။အကျင့်လည်းမြတ်တယ်၊ ငါ့တပည့်တို့..။


အထက်ပါ သီတင်းကျွတ်ကာလ အာစရိယပူဇော်ပွဲတွင် သုံးနှစ်ဆက်တိုက်နားကြားခွင့်ရသော သြ၀ါဒမြတ်သည် ချမ်းသာကြီးတောင်တိုက်၊ ရတနာ့ဗိမာန်ကျောင်း ဆရာတော်၊ ဦးဇောတိကာဘိ ၀ံသ၏လက်သုံးသြ၀ါဒမြတ်တစ်ခုဖြစ်ပါသည်။


No comments:

Post a Comment