Saturday, April 27, 2013

မကောင်းမှုကိုပြုခြင်းကြောင့် ရရှိသော အကျိုးများ

မကောင်းမှုကိုပြုခြင်းကြောင့် ရရှိသော အကျိုးများ” ……………………………………… ………………………


(၁) သူများအသက်ကို သတ်ခြင်း၊


(၂) သူများဥစ္စာကို ခိုးခြင်း၊


(၃) ကာမဂုဏ်တို့၌ မှားမှား ယွင်းယွင်းပြုကျင့်ခြင်း၊


ဤသုံးပါးကို ကာယကံ(ကိုယ်ဖြင့်ပြုလုပ်ခြင်း)သုံးပါးဟုခေါ်


သည်။


ကာယကံ(ကိုယ်ဖြင့်ပြုလုပ်ခြင်း)အပြစ်သုံးပါး ……………………………………………………….


(၁) သူတစ်ပါးအသက်ကိုသတ်ခြင်းကြောင့် ရရှိနိုင်သော


ဆိုးကျိုးများသည်ကား အသက်တိုခြင်း, ကျန်းမာရေး


မကောင်းဖြစ်ခြင်း, ချစ်ခင်သော


ပုဂ္ဂိုလ်တို့နှင့်ကွေကွင်းရခြင်း ပူဆွေးသောကဖြစ်ရခြင်း,


အမြဲတမ်းအကြောက်တရားနှင့်


အသက်ရှင်နေထိုင်ရခြင်းစသည်တို့ပင်ဖြစ်ပေသည်။


(၂) သူတစ်ပါး၏ဥစ္စာကို ခိုးခြင်းကြောင့်ရရှိနိုင်သော


ဆိုးကျိုးတရားများသည်ကားပစ္စည်းဥစ္စာမရှိခြင်း,


ဆင်းရဲခြင်း,စိတ်ပျက်ရခြင်း,လွတ်လွတ်လပ်လပ်


အသက်မွေးဝမ်းကြောင်းကို


မပြုနိုင်ခြင်းစသည်တို့ပင်ဖြစ်သည်။


(၃) ကာမဂုဏ်မှားမှားယွင်းယွင်းပြုခြင်းကြောင့် ရရှိနိုင်သော


ဆိုးကျိုးတရားများသည်ကား


ရန်သူပေါခြင်း, ဒေါသကြီးခြင်း,မိမိအလိုမရှိသော


ဇနီမယားများလင်ယောက်ကျားများနှင့်ပေါင်းသင်းရခြင်း


တို့ပင် ဖြစ်လေသည်။


(၄)မမှန်သော စကားကို ပြောဆိုခြင်း၊


(၅)သူတစ်ပါးကို သွေးကွဲအောင် ကုန်းတိုက်ခြင်း၊


(၆) ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊


(၇) မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းနှီးဖြစ်သော


စကားကိုပြောဆိုခြင်း၊ဤလေးပါးကို


ဝစီကံ(နှုတ်ဖြင့်ပြောဆိုခြင်း)လေးပါးဟုခေါ်သည်။


ဝစီကံ(နှုတ်ဖြင့်ပြောဆိုခြင်း)အပြစ်လေးပါး …………………………………………………….


(၄) လိမ်ညာပြောခြင်းကြောင့် ရရှိနိုင်သော


ဆိုးကျိုးတရားများသည်ကားအစွပ်အစွဲခံရတတ်ခြင်း,


သွားပုပ်လေလွင့်အပြောခံရခြင်း, တခြားသူတို့၏


ယုံကြည်မှုကို မခံရခြင်း, ခန္ဓာကိုယ်အနေအထားက


အချိုးမပြေဖြစ်ခြင်းတို့ပင်ဖြစ်လေသည်။


၅)သူများကို ကုန်းတိုက်ခြင်းကြောင့် ရရှိနိုင်သော


ဆိုးကျိုးသည်ကားမိတ်ဆွေများနှင့်


အကြောင်းမဲ့ ကွေကွင်းရခြင်းပင်ဖြစ်ပေသည်။


(၆) ကြမ်းတမ်းစွာပြောဆိုခြင်းကြောင့်ရရှိနိုင်သော


ဆိုးကျိုးများသည်ကား အခြားသူများ၏မုန်းတီးမှုကို


ခံရခြင်း ကြမ်းတမ်းသော စကားရှိခြင်းတို့သည်ပင်ဖြစ်သ ည်။


(၇) အကျိုးမရှိသော စကားကို ပြောဆိုခြင်းကြောင့်


ရရှိနိုင်သော ဆိုးကျိုးများသည်ကား သူများမနှစ်သက်စရာ


ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ရှိခြင်း မိမိပြောသော စကားကို


တခြားသူများကစိတ်မ၀င်စားခြင်းစသည်တို့ပင်ဖြစ်ပေ သည်။


(၈) သူတစ်ပါးကြီးပွားသည်ကို ငြူစူခြင်း၊မနာလိုဖြစ်ခြင်း၊


(၉) သူတစ်ပါးကို ပျက်စီးအောင်ပြုလုပ်ခြင်း


(၁၀)အယူမှားခြင်း။ဤသုံးပါးကိုတော့


မနောကံ(စိတ်ဖြင့်ကြံစည်ခြင်း) သုံးပါးဟုခေါ်သည်။


မနောကံ(စိတ်ဖြင့်ကြံစည်ခြင်း) အပြစ်သုံးပါး ……………………………………………………….


(၈) သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်းကြောင့်ရရှိနိုင်သော


ဆိုးကျိုးတရားသည်ကား မိမိ၏ လိုအင်ဆန္ဒတို့


မပြည့်ခြင်းပင်ဖြစ်သည်။


(၉) သူတစ်ပါးကို ပျက်စီစေရန် အားထုတ်ခြင်းကြောင့်


ရရှိနိုင်သော ဆိုးကျိုးများသည်ကား


ရုပ်ဆိုးခြင်းရောဂါများခြင်းမနှစ်သက်စရာ


အမူအရာများရှိခြင်းတို့ပင်ဖြစ်ပေသည်။


(၁၀)မှားယွင်း သော အယူကို ယူခြင်းကြောင့် ရရှိနိုင်သော


ဆိုးကျိုးများသည်ကာ ပြင်းပြသော လိုအင်ဆန္ဒရှိခြင်း


ပညာချို့တဲ့ခြင်းဥာဏ်ပညာနည်းခြင်း


နာတာရှည်ရော၈ါများစွဲကပ်ခြင်းမိမိ၏


အကြံအဥာဏ်များကိုသူတစ်ပါးလက်မခံခြင်းစသည်တို့ပင်


ဖြစ်ပေသည်။ ။


Creditto အရှင်ဇ၀န


(ဖတ်မှတ်ရလွယ်ကူစေရန်..ဆရာတော်၏


တရားတော်များအားအကျိုးနှင့်၊အပြစ်ကို တွဲပြီး


တည်းဖြတ်ထားပါသည်..။)


No comments:

Post a Comment