Friday, April 19, 2013

သင့်လက်များဖြင့်-(မင်းယုဝေ)

သင့်လက်များဖြင့်-(မင်းယုဝေ)


သင့်လက်များဖြင့် စွမ်းအားကုန်ကာ ၊ရေငတ်လာသော မောရှာသူများ၊ခရီးသွားကို ကြီးမားမေတ္တာ ၊စေတနာဖြင့် လှမ်းကာ ကမ်းကာ ၊ရေတိုက်ပါသော် အဟော်တ၀ ကောင်းလေစွ။ သင့်လက်များဖြင့် အစားအစာ ၊မွတ်သိပ်ရှာသော ခမျာနွမ်းပါး၊ဆင်းရဲသားကို သနားကြင်နာ ၊ကျွေးမွေးပါသော် အဟော်တ၀ ကောင်းလေစွ။ သင့်လက်များဖြင့် သနားဖွယ်ရာ ၊ကံဆိုးရှာသော ရောဂါခံစား၊သူနာများကို ထောက်ထားစာနာ ၊ပြုစုပါသော် အဟော်တ၀ ကောင်းလေစွ။ ။ (မင်းယုဝေ)


No comments:

Post a Comment