Tuesday, April 30, 2013

အင်းဝတံတား သို့မဟုတ် စစ်ကိုင်းတံတား

အင်းဝတံတား သို့မဟုတ် စစ်ကိုင်းတံတား


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးကို ဆက်သွယ် ထားသည့် ဧရာဝတီ မြစ်ကူး''အင်းဝ တံတားခေါ် စစ်ကိုင်းကြီး ''ကို မြန်မာသက္ကရာဇ် ၈ဝ၄ ခုနှစ်တွင်မြန်မာ ဘုရင် (ထူပါရုံ ဒါယကာ)ပြည်သီဟ သူနရ ပတိမှ စတင် ဆောက်လုပ် ခဲ့သည်။၁၇နှစ် ကြာပြီးနောက် မြန်မာ သက္ကရာဇ် ၈၂၁ခုနှစ်တွင် သာလွန် မင်းသား၏ သားတော် မင်းရဲ နန္ဒမိတ်မှ ကျွန်းသစ် တို့ဖြင့် ဒုတိယ အကြိမ် တည်ဆောက်ခဲ့သည်။ ထပ်မံ၍စစ်ကိုင်း ဘက်ရှိ ထူပါရုံ စေတီတော် ထီးတော် တင်ပွဲသို့ စစ်အင်္ဂါ လေးပါးဖြင့် ချီတက် နိုင်ရန် တတိယ အကြိမ် (ရတနာ ပူရရွှေဝ) ကျွန်းသစ် ဖြင့်ပင် ထပ်မံ ဆောက်လုပ် ခဲ့ကြောင်း ခရစ်နှစ် ၁၄၈၅ခုနှစ် နရပတိ ကျောက်စာတွင် ရေးထိုး ထားသည်။ မြန်မာ သက္ကရာဇ် ၁၂၉၅ခုနှစ်ပြာသို လပြည့်ကျော် ၃ ရက် အင်္ဂါနေ့ (ခရစ်နှစ် ၁၉၃၄ခုနှစ်ဇန်နဝါရီ ၂ ရက်)တွင် မီးရထားတစ်စီးသာ သွားလာ နိုင်သော အဆင့်ဖြင့် နယ်ချဲ့ အင်္ဂလိပ် အစိုးရမှ စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။


No comments:

Post a Comment