Friday, April 19, 2013

ပညာရေးစနစ် နှစ်ခုမှာ ဘာကွာသလဲဆိုတော့

ီပညာရေးစနစ် နှစ်ခုမှာ ဘာကွာသလဲဆိုတော့ ...

၁။မြန်မာပြည် ပညာရေးကTeachingMethod ကိုသုံးတယ် ။ အမေရိကန်ပညာရေးက Learning Method ကိုသုံးတယ်။

၂။မြန်မာပြည် ပညာရေးကTheory ကိုသင်တယ်။ အမေရိကန်ပညာရေးက Practical ကို သင်တယ်။

၃။မြန်မာပြည် ပညာရေးကသင်တဲ့ဆရာကို ပြန်မေးရင် မကြိုက်ဘူး ..အမေရိကန် ပညာရေးက သင်တဲ့ ဆရာကို မမေးရင် မကြိုက်ဘူး။

၎။မြန်မာပြည် ပညာရေးက" intolerant" ဖြစ်တယ်။ အမေရိကန်ပညာရေးက " liberal" ဆန်တယ်။

၅။မြန်မာပြည် ပညာရေးမှာ ကျောင်းသားကဆရာကို အားကိုးတာ ကြိုက်တယ်။အမေရိကန်ပညာရေးမှာ ကျောင်းသား ကိုယ့်အား ကိုယ်ကိုးတာကို ကြိုက်တယ်။

၆။မြန်မာပြည် ပညာရေးမှာ GroupTeam Work ဆိုတာ မသိအောင် လုပ်ထားတယ်။အမေရိကန် ပညာရေးမှာ Group TeamWork ဆိုတာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ သိနေအောင် ရိုက်ထည့်ပေးထားတယ်။

၇။မြန်မာပြည် ပညာရေးမှာ စာကြည့်တိုက်ထဲက စာအုပ်တို့ .. ကွန်ပြူတာ လက်တွေ့ခန်းထဲကကွန်ပြူတာတွေဟာ သော့ခတ် သိမ်းခံထားရတယ်။အမေရိကန် ပညာရေးမှာ ကျောင်းသား တစ်ယောက်ချင်းစီအတွက် အချိန်မရွေးနေရာမရွေး ဖတ်ချင်သလောက် သုံးချင်သလောက် သုံးနိုင်အောင် စီစဉ်ပေးထားတယ်။

၈။မြန်မာပြည် ပညာရေးမှာ ဆရာ၊ဆရာမဆိုတာ မျက်နှာထားတည်ရ မယ်၊ပုပ်ထားရမယ်၊ဒါမှ ကျောင်းသားက မခန့်လေးစား မလုပ်မှာ .. အရိုအသေ မတန်မှာလို့ ယူဆထားတယ်။ အမေရိကန် ပညာရေးမှာ ဆရာနဲ့ကျောင်းသားမျက်နှာချင်းဆိုင် တွေ့တာနဲ့ ပြုံးပြတယ်။လက်လှမ်းပြတယ်။အတူတူလမ်းလျှောက် စကားတွေပြောတယ်။ရုံးခန်းကိုအချိန်မရွေး စာသွားမေးခွင့် ရှိထားတယ်။

၉။မြန်မာပြည် ပညာရေးမှာ အသက်ကြီးလာရင် ပညာရေးကို သင်ယူဖို့ အချိန်မပေးချင်တော့ဘူး ... ရှက်ဖို့ကောင်းတယ်လို့ အများစုခံယူထားတယ်။အမေရိကန် ပညာရေးမှာ အသက်အရွယ် လူတန်းစားမခွဲ ကြိုက်တဲ့အ ချိန် ကျောင်းပြန်လာတက်လို့ ရအောင် စီစဉ်ပေးထားတယ်။

၁၀။မြန်မာပြည် ပညာရေးမှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ နိုင်ငံရေးကို စိတ်ဝင်စားဖို့ ...လူငယ်တွေကိုPolitical Science မသင် ပေးဘူး။။အမေရိကန် ပညာရေးမှာ .. General RequirementSubjectအနေနဲ့မယူမနေရ .. မသင်မနေရ.. ပြဌာန်းထားတယ်။

သိပ်အများကြီးမကွာပါဘူး.. ဒီအချက်တွေကြောင့်ပဲ မြန်မာပြည် ပညာရေးအဆင့်ဟာ ကမ္ဘာမှာ မျက်နှာမွဲ မျက်နှာပြာအဖြစ်နဲ့ ရပ်တည်နေရတာ။။။

No comments:

Post a Comment