Sunday, June 2, 2013

နယုန်လ (June)

နယုန်လ (June)..


နယုန်လသည် မြန်မာပြက္ခဒိန်တွင်တတိယမြောက်လဖြစ်ကာ မေနှင့်ဇွန်လတို့တွင်ကျရောက်သည်။ ဤလတွင်စာတော်ပြန်ပွဲများကိုကျင်းပလေ့ရှိသည်။ ပထမပြန်စာမေးပွဲ ၊ ဓမ္မာစရိယစာမေးပွဲ၊အဘိဓမ္မာ နှင့် ၀ိသုဒ္ဓ်မဂ်စာမေးပွဲများ၊တိပိဋကဓရ ရွေးချယ်ပွဲတို့ ကိုကျင်းပလေ့ရှိသည်။ပရိယတ္တိသာသနာပြန့်ပွားရန် ရည်ရွယ်လျက်ကျင်းပခြင်းဖြစ်သည်။


နယုန်လသည် မိုးကျသောကာလ မိုးရွာသောလဖြစ်သည်။ ဤလတွင် မိုးချုန်းသံများကိုကြားရပြီး မိုးအသင့်အတင့်ရွာကာ မြက်ပင်နှင့် သစ်ပင်ငယ်များစိမ်းစိုလာသည်။ နယုန်မိုးသေးမြက်သားမွေးဟု ဆိုကြသည်။


နယုန်လမှာ မေထုန်ရာသီဖြစ်သည်။စံပါယ်ပန်း၊ြ မတ်လေးပန်းတို့လည်းပွင့်ကြသည်...။ —


No comments:

Post a Comment